အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,153
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

ရွှေဘိုပေါ်ဆန်းမွှေး ဆစ်ပိုးကျနေပါတယ် ဘာဆေးသုံးသင့်လဲဗျာ

ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး
Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပေါ်ဆန်းစပါးစိုက်တဲ့ ရွှေဘို/ ကျောက်ဆည်ဘက်မှာကျတတ်ပါတယ်။ပင်လုံးပြန်.ဆေးသုံးရပါမယ်။အပင်ကိုနှုတ်ပြီးမီးရှို့ပစ်ပါ။ဆစ်ပိုရဲ့ဘဝစက်ဝန်းက တစ်ရာသီမှာ ၂ ခါလောက်လည်ပတ်တာမို့အထူးသတိထားရပါမယ်။ပိုတက်မြေသြဇာပိုကျွေးပေးပါ။ပိုးလောက်​ ကောင်ထက် ဖလံအမကိုနှိမ်နင်းမှပိုထိရောက်ပါတယ်။ကော်သုတ်ထားသောအဝါရောင်ပိုးထောင်ခြောက်ကဒ်ပြားများထောင်ပေးပါ။အဝါရောင်ဟာဖလံအမကိုဆွဲဆောင်စေပါတယ်။ဖလံအမတစ်ကောင်မှာ ပိုးလောက်​ကောင်ဖြစ်စေမဲ့ ဥ ၁၀၀ မှ ၂၀၀ ထိပါတာ​ကြောင့် ဖလံအမတစ်​​ကောင် ဖမ်းမိရင် ပိုးလောက်ကောင် ၁၀၀/၂၀၀ နှိုမ်နင်းလိုက်တဲ့သဘောပေါ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။