အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
987
လွန်ခဲ့သော ၆ နှစ် က · ကလေး

သရက်ကို စောစောသီးစေခြင်ရင်အခေါက်ခွာထားဆိုလို့ အခေါင်တွေခွာထားလိုက်တာ ပြီးတော့ အရွက်တွေရင့်နေတဲ့အချိန် သရက်ရာသီ...

သရက်ကို စောစောသီးစေခြင်ရင်အခေါက်ခွာထားဆိုလို့ အခေါင်တွေခွာထားလိုက်တာ ပြီးတော့ အရွက်တွေရင့်နေတဲ့အချိန် သရက်ရာသီမရောက်ခင်ကတည်းကလုပ်ရမယ်ဆိုလို့ဒီလကုန်ရင်လုပ်မလို့အတင်ပြေမလားဗျ

စိုက်ပျိုး ဗဟုသုတ သရက်
7

ဖြေကြားချက် ၇ ခု

813 လွန်ခဲ့သော ၆ နှစ် က

အခေါက်ခွာတာ များလာရင် နှစ်ကြာလာတဲ့အခါ ပိုး၀င်ပီး အပင်သေသွားရောပဲ။ သီးတာတော့ သီးပါရဲ့။ ရှိသမျှ အပင်လိုက်ခွာနေရင်တော့ ခွာမယ့်အတူတူ ဖဲ၀ိုင်းထဲ ၀င်ပီး ဖဲသွားရိုက်တာမှ စီးပွားဖြစ် ဖြစ်သွားပါအုံးမယ်။

987 လွန်ခဲ့သော ၆ နှစ် က

ဟုတ်အမကျေးဇူးပြင်ပြီးပါပြီဗျ

79,224 လွန်ခဲ့သော ၆ နှစ် က

ဝါသနာပါလို့ လေ့လာတာကို အားပေးပါတယ်အစ်ကိုရေ။ခုဆို ဖုန်းတစ်လုံးရှိရုံနဲ့ ဒီမှာ လေ့လာ ဆွေးနွေးလို့ရနေပြီဆိုတော့ အဆင်ပြေတာပေါ့။အစ်ကို့ နာမည်လေးတွေ နေရပ်လိပ်စာလေးတွေဖြည့်လိုက်ပါလားရှင့်။အဲတာဆို သတင်းအချက်အလက်တွေကို ပိုပြီးတိတိကျကျသိနိုင်တယ်ရှင့်

987 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်က လေ့လာနေတာပါ အမျိုးတွေကလည်းစိုက်ပျိုးမလုပ်ကြပါဘူး ကျွန်တော်ကဝါသနာပါတာပါ အခုသရက်စောစောသီးအောင်အခေါက်ခွာရမယ်ဆိုတဲ့စာပိုဒ်ကို ကျွန်တော်facebook စိုက်ပျိုးရေးpage မှာတွေ့တာပါ အဲ့တာကြောင့်ဟုတ်မဟုတ်လပ်တွေ့စမ်းသပ်မလို့ပါ ဟုတ်ကဲ့ပါ ဖတ်ရှု ဖြေကြားပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ

79,224 လွန်ခဲ့သော ၆ နှစ် က

အပင်ကကောင်းကောင်းမွန်မွန်ရှင်သန်နေမယ်ဆို လုပ်လို့ရပါတယ်။သတိပြုစရာလေးတွေတော့ရှိတယ်နော်။ဒီလိုလုပ်ရတယ်ဆိုတာကို ဘယ်ကသိခဲ့တာလဲရှင့်။ အခေါက်ခွာပြီးရင် ရေလုံလုံလောက်လောက်ပေးဖို့တော့လိုမယ်နော်။အခေါက်ခွာပြီးရင်လည်း ရောဂါပိုးဝင်မဝင်အောင် ပိုးသတ်ဆေးသုတ်ခဲ့ပေးတာမျိုးတွေလုပ်သင့်ပါတယ်။အခေါက်ကိုလည်း အဝိုင်းပြတ်ဖြစ်သွားအောင်မခွါဘဲ တေ့လွဲလေးထားဖို့လိုပါမယ်ရှင့်။

987 လွန်ခဲ့သော ၆ နှစ် က

ဟုတ် အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးပါ

4,234 လွန်ခဲ့သော ၆ နှစ် က

မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့အောက်ပိုင်း ဒေသမှာ ပုံမှန်သရက် ပန်းပွင့်ချိန်က အစောဆုံး နိုဝင်ဘာလဖြစ်ပြီးတော့ ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန်တွဖြစ်ပါတယ်။ သရက်ပင်အခေါက်ခွာမယ်ဆိုရင်တော့ ပန်းမပွင့်ခင် ၄ လလောက်အလိုလောက်မှာ အကျယ်တစ်လက်မခန့် အခေါက်ခွာရင် ပိုကောင်းပါတယ်။ အခေါက်ခွာတာရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအား ရပ်တန့်ပစ်ရန်နှင့် အခေါက်ခွာထားသော ကိုင်း၏ အထက်ပိုင်းတွင် ကာဘိုဟိုက်ဒရိုတ် ပမာဏ များလာရန် ဖြစ်တယ်။ တစ်ခုသတိထားရမှာ အခေါက်ခွာတဲ့အချိန်မှာ သရက်ပင်ဟာ အရွက်ရင့်နေတာမျိုး ကြီးထွားမှု ရပ်တန့်နေတာမျိုး ဖြစ်သင့်ပါတယ်။ သရက်ပင် အခေါက်ခွာတာက စောစောသီးတယ်ဆိုပေမဲ့ ရာသီဥတုနဲ့လဲ ဆိုင်ပါသေးတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။