ဖြေကြားချက် ၁ ခု
မြေပဲ လှောင် တာက ... မြေပဲတောင့်လှောင်တာနဲ့ မြေပဲဆံ လှောင်တာ ရယ်လို့နှစ်မျိုးရှိမှာပါ။ အချိန်ကာလပေါ် မူတည်ပြီး ပဲတောင့်လှောင်တာက အလျှော့နည်းပြီး ပဲဆံလှောင် တာက အလျှော့များတတ်ပါ တယ်....,,, ကိုယ်ဖြန့်ဖြူးမဲ့ ဈေးကွက်က... မျိုး အတွက်လား ? ပဲဆံ ကိုဘဲ ကုန်ချောထုတ်မဲ့ ဈေးကွက်လား .? ဆီကြိတ် ဆီထုတ်မဲ့အတွက်လား ..,? ခွဲခြားဖို့တော့ လိုမယ်ထင်ပါတယ်..,. သုံးလ ပဲလား ဇကပဲလား ခြောက်လ ပဲလား ဈေးကွက် တောင်းဆိုမှု(မိမိဖြန့်ဖြူးလိုမှု) အရ လှောင်တဲ့ပဲအမျိုးအစား လည်းကွဲပြားသွားမှာပါ..., မျိုးပြန်ဖြန့်မဲ့ ဈေးကွက်အတွက်>>> မိုးပဲ သုံးလပဲ ဇကပဲ ချင်းပဲ စွန်တာနီ / ကုန်ချောထုတ ်စားသုံးဈေး ကွက်အတွက်>>> မိုးပဲ စွန်တာနီ ဇက မကွေး -၁၂- မကွေး -၁၅-/ ဆီကြိတ်ဈေးကွက်အတွက်>> မိုးပဲ သုံးလပဲ (ဆီဆံ) ခြောက်လပဲ (ထွန်ပဲ တူးပဲ) / အမျိုးမျိုး ကွဲပြားသွားမှာပါ။ အချုပ်ဆိုရရင် ကိုယ်ဖြန့်ဖြူးချင်တဲ့ ဈေးကွက်ပေါ်မူတည်ပြီးမှ ပဲကို ရွေးချယ်လှောင်ပါမှ အဆင်ပြေမယ်လို့ ကျနော် နားလည်သလောက် ပြောပြ တာပါခင်ဗျာ...။
ဆက်စပ်မေးခွန်းများ
မတ်ပဲစျေးနှုန်းကို တန်နဲ့ဖော်ပြတဲ့အစား တစ်တင်းစျေးနှုန်းနဲ့ဖော်ပြ ပေးလို့ရပါလား
ဖြေကြားချက် 1 ခု
ကုလားပဲစျေး တစ်ပတ်အတွင်း စျေး တတ်နိုင်လား ကျနိုင်လား
ဖြေကြားချက် 1 ခု
ကယ်ဆီယမ်ဘိုရွန် ဆိုတာကဘာအတွက်အသုံးပြုရတာလဲခင်ဗျ ဝတ်မှုံကူးခြင်းကိုအားပေးတယ်ဆိုတာရောဟုတ်ပါသလားခင်...
ဖြေကြားချက် 1 ခု
ဒါဘာရောဂါလဲ အပင်ငယ်တော့ဖြန်းရလား ၁၇ရက်သား ရေးရောပေးလို့ရပြီလား
ဖြေကြားချက် 1 ခု
ဒါဘာရောဂါလဲ၊ဘာဆေးဖျန်းရမလဲဗျ
ဖြေကြားချက် 1 ခု