ဖြေကြားချက် ၄ ခု
ခူးနေသော ကွမ်း ပိုတက်ကျွေလို့ ရနိုင်လား အကျိုးသက်ရောက်မူလေးကိုပါ သိချင်မိပါတယ်
အခုလို ဆွေးနွေးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာလည်း အားလုံး ဝိုင်းဝန်းဆွေးနွေးပြီး အဖြေရှာကြဖို့ပါပဲ။ တစ်ဦးတစ်ယောက်တည်းဆီက အဖြေထက် အားလုံး ဝိုင်းဝန်းဆွေးနွေးကြတာ ပိုကောင်းပြီး ပြီးပြည့်စုံတဲ့ အဖြေကိုလည်း ရရှိစေပါတယ်။
ပိုတက်မြေသြဇာသည် ရှောက်သံပရာမျိုးနွယ်များတွင် ၎င်းချို့တဲ့လျင် သိသိသာသာ အထွက်နှုန်းထိခိုက်ကြောင်း တွေ့ရှိရသည်။ ဥပမာအနေဖြင့် အသီးများသည် ကြီးရမည့် အရွယ်အစားလောက်မကြီးခြင်း၊ အသီးနုနုဖြင့် ဝါလာခြင်း ကြွေခြင်း၊ အပင်၏ ထိပ်ပိုးရှိ ရွက်နုများတွင် ဝါနေတာကို တွေ့ရနိုင်ပါတယ်။နောက်ပြီး အသီးများသည် ကျစ်နေပြီး အရည်ပါဝင်မှု နည်းတာကို တွေ့ရနိုင်ပါတယ်။ ၎င်းဓါတ်ပြည့်ဝလျင်တော့သစ်သီးများမှာ ဥပမာ ပျားလိမ္မော်လို အသီးများတွင်လည်း အချိုဓါတ်ပါဝင်မှုကို များစေပြီး အရသာပိုရှိစေပါတယ်။ ထို့အပြင် ဥစားသီးနှံများမှာ လည်း ၎င်း၏ လိုအပ်ချက်များတာကို တွေ့ရပါတယ်။ ကန်စွန်းဥ၊ မုံလာဥ စသဖြင့်ပေါ့။ လူများနှင့် နှိုင်းယှဉ်ကြည့်လျင် အစာအုပ်စု(၃)အုပ်စုကဲ့သို့ အပင်အာဟာရ မျျှတဖို့ဆိုလျင်လည်း ပိုတက်ကလည်း မရှိမဖြစ်ပါဘဲ။
ပိုတက်ကို အလွယ်ပြောမယ်ဆိုရင် အမြစ်ပိုင်းကို အားပေးတယ်လို့ ပြောကြတယ်။ ပိုတက်ကျွေးလိုက်လို့ အပင်က သိသိသာ ပြောင်းလဲလာတာမျိုးတော့ မရှိပါဘူး။ ဥပမာ ပုလဲကျွေးလိုက်ရင် အပင်တွေ ချက်ချင်း စိမ်းလာတယ်။ အပင်ကြီးမြန်လာတယ်။ ပိုတက်က အဲဒီလိုတော့ မဟုတ်ပါဘူး။ သူ့ရဲ့ တာဝန်က တစ်ခါတစ်ရံ ကားတစ်စီးလိုပါပဲ။ လူတွေကို တစ်နေရာကနေ တစ်နေရာ ရောက်အောင် ပို့ပေးတယ်။ မြေကြီးထဲမှာ ရှိတဲ့ အဟာရတွေကို အရွက်တွေဆီ၊ အသီးတွေဆီ ရောက်အောင် ပို့ပေးတယ်။ နောက်ပြီး သီးနှံရဲ့ အရည်အသွေးကို ကောင်းလာအောင် လုပ်ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ စပါးတွေ အရည်အသွေးမမှီလို့ ပြည်ပတင်ပို့ခွင့် ပိတ်ခံရတယ်ဆိုတဲ့ တရားခံက ပိုတက်လည်း ပါမယ်လို့ ယုံကြည်ပါတယ်။ စိုက်ပျိုးသူတွေက ကျန်တဲ့ မြေသြဇာတွေ ထည့်ပေမယ့် ပိုတက်ကိုတော့ ထည့်ဖို့ မေ့ကျန်နေခဲ့ကြတယ်။ နောက် သိသာတဲ့ တစ်နေရာကတော့ သစ်သီးခြံတွေပါ။ ပိုတက်မထည့်ခဲ့ရင် အရသာကျလို့ ဈေးကောင်းမရကြပါဘူး။ ဒီတော့ ပိုတက်က ပုလဲတို့လို ဇာတ်လိုက်မဟုတ်ဘဲ ဇာတ်ပို့နေရာကလို သရုပ်ဆောင်နေရပေမယ့် သူမပါလို့တော့ မဖြစ်ပါဘူး။ ကျွန်တော် စပါးစမ်းသပ်ခင်းမှာ ပုလဲကျွေးတိုင်း ပိုတက်ရောထည့်တဲ့အတွက်ကြောင့် ပိုးရောဂါ မတွေ့သလောက်ပါပဲ။ ပုလဲကြီးပဲ ကျွေးမယ်ဆိုရင်တော့ ပိုးတွေ အကြိုက်ပေါ့။ ဒါကြောင့် ပုလဲထည့်မယ်ဆိုတိုင်း ပိုတက်ရောပြီးသုံးတတ်ကြပါစေ။
ဆက်စပ်မေးခွန်းများ
(1) နွားချေးကို မီးရှို့လိုက်လျှင် အပင်အတွက် အကျိုးရှိတဲ့အဟာရဓာတ်တွေ ',အဏုဇီဝပိုးလေးတွေ ',ပဋိပစွီး တွေ မဆုံး...
ဖြေကြားချက် 2 ခု
ထော်ပတ်သီးကို ဘယ်လိုဒေသမျိုး မှာစိုက်လို့ရပါသလဲ ပဲခူဒတိုင်း ရွေကျင်ဘက်မှာ စိုက်လို့ရပါသလား
ဖြေကြားချက် 3 ခု
ဘယ်ဒေသမှာ Organic Mango Farm တွေရှိသလဲ?
ဖြေကြားချက် 5 ခု
သရက်ပင်က အသီးမလိုက်ဖူးဖြစ်နေတယ် ဘယ်လို့လုပ်ဆောင်ရင် အဆင်ပြေနိုင်မလဲ
ဖြေကြားချက် 1 ခု
သရက်ပင် အတွက် လိုအပ်သည့် ဓာတ်မြေသြဇာအား မည့်သည် အချိန်တွင် ကျွေးရသည် ဘယ်လို့ ပုံစံ နှင့် ကျွေးသည့် တိုကို သိ...
ဖြေကြားချက် 1 ခု