အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၆ နှစ် က · လက်ပံတန်း

မတ်ပဲစိုက်ပျိုးထားပါသည် ရွက်ဖျန်း အားဆေးဘယ်ဆေးသုံးသင့်ပါသလဲ။ အားဆေးနဲ့တွဲ၍ ပိုးသက်ဆေး မှိုသက် ဆေးရောစပ်အသုံး...

မတ်ပဲစိုက်ပျိုးထားပါသည် ရွက်ဖျန်း အားဆေးဘယ်ဆေးသုံးသင့်ပါသလဲ။ အားဆေးနဲ့တွဲ၍ ပိုးသက်ဆေး မှိုသက် ဆေးရောစပ်အသုံးပြုလို့ရပါသလား ဘယ်လိုအသုံးပြု ပက်ဖျန်းနိုင်သလဲ အကြံပြုပြောကြားပေးပါခမျာ။

မြေဆီလွှာ မတ်ပဲ မတ်ပဲပင်အာဟာရ
7

ဖြေကြားချက် ၇ ခု

3,951 လွန်ခဲ့သော ၅ နှစ် က

ဆရာ ငါးအမိုင်နိကို လက်ပံတန်းမြို ဘယ်ဆိုင်မှာဝယ်လို့ရလဲဗျ ဖြေပေးပါအုံး

116 လွန်ခဲ့သော ၆ နှစ် က

ပုလဲ+လက်ချားအသုံးပြုပုံအချိုးအစားလေးပြောပေးပါ

348 လွန်ခဲ့သော ၆ နှစ် က

အပင်ကြီးနံှုးနှေးတယ် ဘာဆေးဖြန်းရမလဲ ၁လသားဖြစ်နေပြီ ဆေးကတထပ်ဖြန်းပြီးသားပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အပင်အားဆေး နဲ့ ပိုးသတ်ဆေး,မှိုသတ်ဆေး(ရောဂါသတ်ဆေး) ရောသုံးလို့ရပါသလားဆိုတဲ့မေးခွန်းက တောင်သူတွေနဲ့တွေ့ဆုံတိုင်းအမေးခံရတဲ့မေးခွန်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆေးဖြန်းခလည်းသက်သာ /အလုပ်လည်းပိုမိုပြီးချင်တဲ့ဆန္ဒကြောင့်ပေါ့။အသုံးပြုမှုပိုမိုထိရောက်ချင်တယ်ဆိုရင်တော့ ရောမဖျန်းပါနဲ့။ သီးခြားစီ ဖျန်းတာကအလုပ်သမားခ ပိုကုန်တယ်ဆိုပေမဲ့ ထိရောက်မှုက ရောဖျန်းတာထက် များစွာသာလွန်ပါတယ်။ရောဖျန်းရင် အားဆေးမှာပါတဲ့ဓါတ်တွေနဲ့ပိုးသတ်ဆေးမှာပါတဲ့ဓါတ်တွေ ရောနှောကုန်ပြီး ဓာတ်ပြုမှုတွေဖြစ်,အာနိသင်တွေ ပြောင်းလဲ/ လျော့နည်းမှုတွေ ဖြစ်နိုင်ပါတယ်။

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၆ နှစ် က

အကြံပေးပါရစေ မှိုသတ်ဆေးနဲ့ ပိုးသတ်ဆေးရောဖြန်းရင် မှိုဆေးရဲ့ အာနိသင် မရနိုင်တော့ပါ သပ်သပ်ဆီဖျန်းပေးခြင်းသည် အကောင်းဆုံး treatment. ဖြစ်ပါတယ် မှိုကျအခင်းကို ပိုးသတ်ဆေးဖျန်းတာလဲ မထိရောက်နိုင်ပါ မှိုကို လဲ control မရနိုင်ပါ ပိုးသတ်ဆေးက ပိုးကျမ ဖျန်းတာ ပိုထိရောက်ပါတယ် ပိုးမကျဘဲ ပိုးသတ်ဆေး ဖျန်းလိုက်ရင် ကိုယ့်အခင်းထဲက. beneficial insect( မိတ်ဆွေပိုး) တေ လစ်သွားနိုင်လို့ pest လို့ခေါ်တဲ့ ရန်သူပိုးတွေ ပိုများလာနိုင်တယ် Integrated Pest Management မာကြည့်ရှုနိုင်ပါတယ်။ (မမြတ်မြတ်ဝင်းဖြေဆိုမှုကို ပြန်လည်ကူးယူဖြေကြားခြင်းဖြစ်ပါသည်။)

928 လွန်ခဲ့သော ၆ နှစ် က

အဖြေ မပြည့်စုံသေးပါဘူး ဆက်လက်ဖတ်ရှုဖို့ မျော်လင့်ပါတယ်ခင်ဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပဲမျိုးစုံသီးနှံတွေမှာ ကုန်ကျစရိတ်သက်သာပြီး အပင်သန်စွမ်းပြီးအထွက်တိုးစေတဲ့ဆေးတွေကတော့ အပင် ၂၁ရက်ရက်သားမှပန်းစပွင့်သည့်အချိန်ထိ(အပင်ကြီးထွားမှုကာလ)..ငါးအမိုင်နိုအက်စစ်ကို ၇ရက်တစ်ခါဖျန်းပေးပါ။ပန်းစပွင့်ချိန်,ပန်းဖြိုင်ဖြိုင်ပွင့်ချိန် နဲ့ သီးကင်းဝင်ချိန် (မျိုးပွားချိန်)တွေမှာ ပုလဲ+လက်ချားဆေးဖျန်ပေးပါ။ အထွက်ကောင်းလာမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲ စိုက်ပျိုးရာတွင်မြေခံအဖြစ်ထည့်သွင်းသော ယူရီးယား တီဆူပါ ပိုတက် ဓာတ်မြေသြဇာကိုရောပြီးထညိ့ရမှာလား သီခြားစီ...

ဖြေကြားချက် 1 ခု

ကြက်ဥဟော်မုန်းဆေးကိုဘယ်လိုဖော်စပ်ရမလဲခင်ဗျာ မတ်ပဲမှာဖျန်းရင်သူ့ရဲ့ကောင်းကျိုးက ဘာတွေဖြစ်နိုင်သလဲ ဆရာများဖြေ...

ဖြေကြားချက် 3 ခု

၄၅ရက်ခန့် မတ်ပဲခင်းကို FAA+နွားသေး+လက်ချား+ဆားခါးရောပက်ဖျန်းလို့ ရနိုင်ပါလားခင်ဗျာ အကြံဉာဏ်လေး ဆရာများ အလင်းပြ...

ဖြေကြားချက် 0 ခု

မတ်ပဲကိုအားဆေးအနေနဲ့ကိုတိုင်ဖေါ ်စပ်ဖြန်းနည်း လေးသိလိုပါတယ်

ဖြေကြားချက် 3 ခု

မတ်ပဲအတွက် N p kနဲ့ လက်ချား ယမ်းစိန်းတတွေကို ဖြန်းဆေးအနေနဲ့ဘယ်အချ ိုုးသုံးမလဲ‌ပြော ပြပါ

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။