ဖြေကြားချက် ၅ ခု
ငါးအမိုင်နိုအက်စစ်အသုံးများသောဒေသတွေမှာတော့ ဆေးဆိုင်တွေ၊စိုက်ပျိုးရေးရုံးတွေမှာဝယ်ယူရရှိနိုင်ပါတယ်။များသောအားဖြင့်လုပ်နည်းသိတဲ့တောင်သူတွေက အကျိုးရှိမှန်းသိတာကြောင့်ကိုယ်တိုင်လုပ်ထားကြပါတယ်။လုပ်ပြီး ၁လခွဲ..၂လလောက်မှအသုံးပြုလို့ရတာမို့ကြိုလုပ်ထားကြပါတယ်။(ငါးအမိုင်နိုအက်စစ်အကြောင်းကို အစိမ်းရောင်လမ်း...စိုက်ပျိုးနည်း...အပင်အာဟာရထဲတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်)
ငါးအမှိုင်နှိအက်စစ်ကကောစိုက်ပျိုးရေးဆေးဆိုင်တိုင်းမှာရနိုင်လားဆရာ မသိလို့ပါဆရာ
လက်ချားကိုပရဆေးဆိုင်(ဘယဆေးဆိုင်)မှာဝယ်ယူရရှိနိုင်ပြီး မြေအိုး/ဒယ်အိုး/သွတ်ပြား..သံပြားတွေအသုံးပြုပြီးမီးအပူပေးလှော်ရပါတယ်။အပူပေးတဲ့အခါ ပေါက်ပေါက်ဖောက်သလိုပွရွလာပါတယ်။တုတ်တစ်ချောင်းနဲ့မပြတ်မွှေပေးနေတဲ့အခါဖြူညစ်ညစ်အရောင်မှဖြူဆွတ်ဆွတ်အရောင်ပြောင်းသွားပါလိမ့်မယ်။ပွလာတဲ့အတွက်ပွားများလာတာကိုတွေ့ရပါလိမ့်မယ်။အဲဒီနောက်အအေးခံ၍ မှုန့်ညက်သွားအောင် ပုလင်းတခုခုဖြင့်ကြိတ်ပြီး ဖန်ပုလင်းနဲ့သိမ်းဆည်းပြီးအချိန်မရွေးအသုံးပြုနိုင်ပါပြီ။
လှော်ပြီးသားလက်ချာ(ဘိုရွန်)ကိုဘယ်မှာဝယ်လို့ရနိုင်လဲဆရာ
အပင်ကြီးထွားနှုန်ကောင်းအောင် ငါးအမိုင်နိုအက်စစ်က်ိုပန်းစပွင့်တဲ့အချိန်ထိဖျန်ပေးပါ။၅ရက်ကိုတစ်ကြိမ်နှုန်းပေါ့။ အသီးများများသီးအောင် ပုလဲ+လက်ချား ရွက်ဖျန်းမြေသြဇာဖျန်းပေးပါ။ဆေးဖျန်းပုံး တစ်ပုံး ကို ပုလဲ၁၆ဇွန်း နဲ့ လှော်ပြီးသားလက်ချား(ဘိုရွန်) ၄ဇွန်းနှုန်းနဲ့ ၁ဧက..၅ပုံးဖျန်းပေးမယ်ဆိုရင် အားဆေးဖိုးလည်းသက်သာ,အသီးအထွက်နှုန်းလည်း ကောင်းပါလိမ့်မယ်။ပန်းစပွင့်ချိန်,ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တို့မှာဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
လက်ချား မြေဆီ ယမ်းစိမ်း ဆားခါး အားလုံးကို ပဲတီစိမ်းမှာရောဖျန်းလို့ရလားဗျ
ဖြေကြားချက် 1 ခု
ပဲတီစိမ်းမှာဘိုရွန်ရယ် ယမ်းစိမ်းရယ် မြေဆီအဖြူနဲ့ရောဖျန်းရင်ကောင်းလာဗျ
ဖြေကြားချက် 1 ခု
ပေါင်းသက်ဆေးဖြန်းပြီး ဘယ်နှစ်ရက်ကြာမှ အပင်အားဆေးလိုက်ရမလဲဆိုတာ ကျေးဇူးပြုပြီးပြောပြပေးပါအုံး
ဖြေကြားချက် 0 ခု
ပဲတီစိမ်းအပင်တွေဟုန်နေရင်ဘဖျန်းပေရမလည်ဗျာ
ဖြေကြားချက် 5 ခု
ပဲတီစိမ်းအားဆေးအဖြစ်အချိုမှုန့်m150ရယ်ရောစပ်ဖျန်းလို့ရတယ်ဆိုတာဟုတ်ပါသလား
ဖြေကြားချက် 1 ခု