ဖြေကြားချက် ၇ ခု
သီးနှံစိုက်ပျိုးရေးမှာ မြေ.မျိုး.ပိုးကိုအဓိကစဥ်းစားရပါတယ်။ပဲမျိုးရင်းဝင်အပင်အများစုက မြေချဥ်ငန်ကိန်း ၅.၅ မှ ၇.၀ဆိုရင်အဆင်ပြေပါတယ်။နုံးစနယ်မြေ,သဲနုံးမြေ မှာဖြစ်ထွန်းပါတယ်။မျိုးအနေနဲ့က ရေဆင်း(၉),(၁၁),(၁၄)မျိုးတွေကောင်းပါတယ်။မြေပြင်ချိန်မှာ ဂျစ်ပဆမ်ကျောက်မှုန့် တစ်ဧက ကို ၁အိတ်နှုန်းထည့်ပေးပါ။မြေအောင်းပိုးအတွက် ဖျူရာဒန်3G ၃ထုပ်မှ၅ထုပ်အထိထည့်ပေးပါ။မြေသြဇာအနေနဲ့ ပုလဲ..၈ပြီ ,ဖော့စဖိတ်..ပြီ..၂၀, ပိုတက်..၁၂ပြီ ထည့်သင့်ပါတယ်။ပုလဲနည်းနည်းဘဲထည့်ရတာက ပဲမြစ်ဖုတွေကလေထဲကပုလဲဓါတ်(နိုက်တြိုဂျင်)ကိုအပင်အတွက်ဖမ်းယူပေးပါတယ်။အပင်၁၅ရက်သားမှပန်းမပွင့်ခင်အထိ ငါးအမိုင်နိုအက်စစ်ဖျန်းပေးပါ။ပန်း စပွင့်သည်မှ သီးကင်းဝင်ချိန်အထိ ပုလဲ+လက်ချားကို ဖျန်းပေးပါ။အပင် တစ်လသားအတွင်းပေါင်းမြက်ရှင်းနေရပါမယ်။တန်းကြားက ၁၅လက္မ မှ ၁၈လက္မ ထားသင့်ပါတယ်။တန်းကြားကျယ်သွားရင် တစ်ဧကဝင်ဆန့်တဲ့အပင်အရေအတွက်နည်းသွားတာကြောင့် အထွက်နည်းနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲတီစီမ်းအပင်တလသား ဆေးဖျန်းပြီးအဲ့ဒီလိုဖြစ်သွားတယ် ဘယ်လိုလုပ်ရမလဲသိသူများ ဖြေပေးပါဦး
ဖြေကြားချက် 3 ခု
ကျွန်တော်ကပဲတီစိမ်းကိုဒီနှစ်မှစစိုက်တာပါခင်ဗျ အပင်လေးတွေတော့ပေါက်နေပါတယ်အသီးရအောင်ဘယ်လိုဓာတ်မြေဩဇာကျွှးရမလည်း...
ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျကျနော်သိချင်တာလေးမေးချင်လို့ပါကျနော်တို့ပဲစိုက်တဲ့အချိန်မှာမြေခြောက်နေပါပြီထယ်ရေးနက်နက်မောင်းပေ...
ဖြေကြားချက် 2 ခု
ကျွန်တော် စိုက်ခင်း အပင်သေတာ မရက်ဘူး ဖြစ်နေတယ် ဘာရောဂါ လဲမသိဘူး ဒီဆေးတွေဖြန်းတာလဲ သေတာ မရက်ဘူး
ဖြေကြားချက် 5 ခု
ပဲတီစိမ်းစိုက် တောင်သူအများစုမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေများလဲ။တတ်နိုင်တဲ့ ဘက်က ပြသနာတွေ ဖြေရှင်းပေး...
ဖြေကြားချက် 3 ခု