ဖြေကြားချက် ၁၄ ခု
ဒီဆေးကြောင့် အပင်ထိခိုက်မှုရှိနေကြောင်း မနေ့ကမေး မြန်းထားတာရှိပါတယ်။သတိထားအသုံးပြုရမယ်ထင်တယ်။ပင်ကောင်းပေါင်းသေဆေးဆိုပြီးမနှစ်ကကြော်ငြာအားကောင်းကောင်းနဲ့ရောင်းသေးတယ်။ဒါပေမဲ့စိုက်ခင်းတချို့ထိခိုက်မှုရှိခဲ့လို့ အပိတ်ခံလိုက်ရတယ်။ဆာလ်ဖာက အပင်အအတွက်အသင့်တင့်ဘဲလိုတာပါ။အကောင်းဆုံးကမြေကြီးကဘဲကျွေးသင့်ပါတယ်။မြေကြီးထဲထည့်ကျွေးတာတောင် မြေပြီးထဲထည့်ပြီးရင်ရေလွှမ်းပေးရသေးတယ်။ မြေကြီးထဲပျော်ဝင်လောက်တဲ့အချိန်ကျမှရေပြန်ထုတ်ရတယ်။မြန်မာပြည်အထက်ပ်ိုင်းဒေသတွေမှာချို့တဲ့နိုင်တာကြောင့်ဆာလ်ဖာကိုထည့်သင့်ပါတယ်။မြန်မာပြည်အောက်ပိုင်းမှာဆာလ်ဖာအဆိပ်သင့်မှုတောင်ရှိတာကြောင့်သတိထားသင့်ပါတယ်။စက်ရုံနဲ့နီးတဲ့နေရာတွေမှာအက်စစ်မိုးရွာတတ်တာမို့ ဆာလ်ဖာအဆိပ်သင့်နိုင်ပါတယ်။အကြံပြုချင်တာက ကိုယ့်မြေရဲ့အခြေအနေကိုသိရအောင် စိုက်ပျိုးရေးဌာနကိုမြေနမူနာပို့ပြီးစမ်းစေချက်တယ်။ဒါမှလိုအပ်တဲ့အာဟာရကိုဖြည့်ဆွက်ကျွေးပြီးပြည့်ဝနေတဲ့အာဟာရကိုမကျွေးနဲ့တော့ပေါ့။တိုက်တွန်းချင်တာက သူများတွေပြောတိုင်း,ကြော်ငြာတွေမြင်တိုင်းလိုက်မလုပ်ပါနဲ့။
ဆက်စပ်မေးခွန်းများ
နိုက်ထရိုဂျင်၊ဆာဖာ စသည်တို့ချို့တဲ့လျှင်ဘယ်လိုပုံစံလဲဗျ၊တချို့ပဲရွက်တွေကစိမ်းစိုပြီး၊တချို့အရွက်တွေကစိမ်းနု...
ဖြေကြားချက် 1 ခု
ဆာလဖာရဲ့အသုံးဝင်နဲ့အသုံးပြုနည်းလေးရှင်းပြပေးကြပါဆရာတို့
ဖြေကြားချက် 3 ခု
စပါးပင်အတွက် ပိုတက် နဲ့ ဆာလဖာတို့ကဘယ်နေရာတွေမှာသုံးရပါသလဲ ဘယ်အချိန်တွေမှာသုံးသင့်ပါသလည်းခဗျာ
ဖြေကြားချက် 2 ခု
စပါးရက် 60 သား ဘာဖြစ်တာလဲ ဗျာ
ဖြေကြားချက် 1 ခု
သက်တမ်းစပါး /စုိက်ခင်းစပါးတေမှာ ပုလဲမြေဩဇာကို ဘယ်နှစ်ကြိမ် ဘယ်အချိန်တေမှာ ဘယ်လိုမျိုးနှုန်းထားနဲ့ ကျွေးရပါမလဲ...
ဖြေကြားချက် 0 ခု