၁။ နိုက်ဒရိုဂျင် ၂။ ဖော့စဖရပ် ၃။ ပိုတက်စီယမ် ၄။ ကယ်စီယမ် ၅။ မဂ္ဂနီဆီယမ် ၆။ ဆာလ်ဖာ ၇။ ဘိုရွန် ၈။ သံဓါတ် တို့ရဲ့ အဓိပ္ပါယ် ကို သိလိုပါတယ် ခမျာ ။ ။ ကျေးဇူးပြု၍ ဖြေကြားပေးပါအုံး ခမျာ ။ ။
တချို့သောအင်္ဂလိပ်ဝေါဟာရစကားလုံးတွေက မြန်မာလိုတိုက်ရိုက်အဓိပ္ပါယ်ပြောင်းဖို့မလွယ်ကူတာကြောင့် မွေးစားစကားလုံးအနေနဲ့ ရေးသားပြောဆိုနေရပါတယ်။အထူးသဖြင့်ပညာရပ်ဆိုင်ရာ စကားလုံး တွေ (ရေဒီယို,ကား,ဆိုင်ကယ်,ကင်ဆာတယ်လီဖုန်း...စသည်ဖြင့်)။အခုမေးထားတဲ့အပင်အတွက်လ်ိုအပ်တဲ့အဟာရဓာတ်တွေထဲမှာမြန်မာလိုတိုက်ရိုက်ပြောလို့သိနိုင်တဲ့ဓာတ်တွေကနည်းပါတယ်။သူတို့ရဲ့အာနိသင်ကိုပြောပြမှဖြစ်မဲ့ဓာတ်တွေများပါတယ် (ယူရီးယား,ဖောစ်ဖိတ်,ပိုတက်,မဂ္ဂနီဆီယမ်...)။တချို့ကတော့အကြမ်းဖျင်းပြောပြလို့ရပါတယ်(ကယ်လ်ဆီယမ်/ထုံးဓာတ်,ပိုတက်/ပြာဓာတ်,ဘိုရွန်/လက်ချား,ဆာလ်ဖာ/ကန့်ဓာတ်)။ပိုမိုသိချင်ရင် အထက်က ကိုဇင်ထူးနိုင်ညွှန်ပေးတဲ့စာ အညွှန်း (လင့်)မှာဝင်လေ့လာကြည့်နိုင်ပါတယ်။
အပင်အတွက် မရှိမဖြစ်လိုအပ်သော အဟာရများ လင့်ကို နှိပ်ပီး အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးခြင်းဆီကို လေ့လာနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရေ အစက်ချစနစ်ဖြင့် ငရုပ်စိုက်ရန်သင့်တော်သလားဗျ အစက်ချ စနစ်ကို ဘယ်လိုအသုံးပြုရလဲဆိုတာ တစ်ချက်လောက် ပုံလေးနဲ့...
ဖြေကြားချက် 4 ခု
ငရုတ်ကိုင်းဆက်မျိုးပွားနည်းလေး သိရင် ပြောပြပေးပါလား
ဖြေကြားချက် 1 ခု
မှိုသတ်ဆေးနဲ့ အပင်အားဆေး တွဲသုံးလို့ရလား ဖြေပေးပါနော်
ဖြေကြားချက် 4 ခု
အညွှန်းဖျားလေးတွေ ချောက်ပီ ပျတ်ကြနေပါတယ် ဘာရောဂါလဲ ဘာဆေးသုံးရမလဲဗျ ကူညီပါအုံး
ဖြေကြားချက် 2 ခု
တလပြည့်တော့မယ် ကျွေးလို့ အဆင်ပြေလားအကိုတို့
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။