ဖြေကြားချက် ၁ ခု
ဓာတ်ဆားဆိုတာ ဖော့စ်ဖိတ်ကိုပြောတာလား..ကွန်ပေါင်းကိုပြောတာလား..တစ်နေရာနဲ့တစ်နေရာခေါ်ဝေါ်ပုံမတူကြလို့ပါ။ကျွန်တော်ကတော့အားလုံးကိုချုံပြီးပြောပါ့မယ်။သက်တမ်း ၁၀၅ရက်(သက်တမ်းဆိုတာမြေကြီးထဲစပါးစေ့ စချတဲ့တဲ့ရက်က စတွက်ပါတယ်) စပါးမျိုးအတွက် ပုလဲ(ယူရီးယား) ၂အိတ်လိုပါမယ်။အပင်သက်တမ်းတလျှောက် ၃ကြိမ်ကျွေးသင့်ပါတယ်။သုံးပုံတစ်ပုံစီကို..ကောက်စိုက်ပြီး ၁၄ရက်မှရက်၂၀အတွင်း တစ်ကြိမ်။သက်တမ်း ၅၇ရက်မှ၆၂ရက်အတွင်း(အလံရွက်ထွက်စ) တစ်ကြိမ်။သက်တမ်း ရက်၇၀ မှ ၇၅ရက်အတွင်း(အနှံမထွက်မီ၅ရက်အလို) တစ်ကြိမ် ကျွေးရပါမယ်။ဖော့စ်ဖိတ်ကိုနောက်ဆုံး စိုက်သမန်းပြင်ချိန် (ကောက်စိုက်ခါနီး)မှာအိတ်ဝက်သုံးရပါမယ်။ပိုတက်ကအိတ်ဝက်လိုပါတယ် သူ့ကို၂ကြိမ် ခွဲကျွေးရပါမယ်။အိတ်ရဲ့လေးပုံတစ်ပုံစီကို နောက်ဆုံးသမန်းပြင်ချိန်မှာ တစ်ကြိမ် နဲ့ ၄၅ရက်မှ ရက် ၅၀ အတွင်း တစ်ကြိမ် ကျွေးပေးပါ။...... (နွေ စပါးအတွက်ပါ)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးက၁လသားရှိတော့ပလဲကြွေးလိုက်တာထိုင်သွားလို့ဗျ
ဖြေကြားချက် 4 ခု
စပါး၂၅ရက်သားဘာမြေသြဇာသုံးရမလဲ
ဖြေကြားချက် 3 ခု
နွေစပါး မျိုးကျဲဖို့ မြေဆီကို ဘယ်လိုအမျိူစားသုံးရင် အကောင်းဆုံးလဲ??? အရင်က သံကွင်း GT46% သုံးပါတယ်
ဖြေကြားချက် 0 ခု
မှိုဆေးဖြန်ပြီးအစာကြွေးခြင်လို့ဘယ်နှစ်ရက်ခွါရမလဲ
ဖြေကြားချက် 1 ခု
နွေစပါး105ရက်သက်တမ်းကိုထွက်နူန်းကောင်းအောင်NPKကိုဘယ်လိုကျွေးရမလဲ။အကြံလေးပေးကြပါအုံး။
ဖြေကြားချက် 2 ခု