ဖြေကြားချက် ၁ ခု
"အစ"ကောင်းမှ "အနှောင်း"သေချာတဲ့ ရှေးစကားပုံတွေက "သရက်သမားများ"ကို စောင်းပြီးပြောနေသလားဘဲ ထင်ရတယ် - အခုတလော ပို့စ်တွေမှာ "သီးကင်းတွေ မကြွေအောင် ဘာလုပ်ရမလည်းတဲ့ " - အခုထလုပ် အခုရသော လုပ်ငန်းစဉ်တခုမဟုတ်ပါ။ "သီးကင်းအကြွေးနည်းအောင် အခုထလုပ်လို့မရနိုင်ပါ" သရက်ပင်တွင်ပြုစုမှု့လုပ်ငန်းများကို - လိုအပ်သောအချိန် - လိုအပ်သောအချိုးအစားအတိုင်း - လိုအပ်သည့်ပမာဏ ကို "အချိန်ကိုက်""အချိုးကျ " "အစဉ်တစိုက်""ဂရုပြုဆောင်ရွက်နိုင်မှ"ရနိုင်မှပါ။ * သရက်ပြုစုမှု့တွင် အကြမ်းအချက်များစွာထဲမှ - ၁/ အရွက်အချိန်တွင်ပြုစုခြင်း။ (အသီးကုန်ပြီးချိန်အပင်များပြုပြင်ပုံသွင်းခြင်း၊ အပင်အဟာရများကြွေးခြင်း;အရွက်များ ပိုမွှားရောဂါမကျအောင်ဆောင်ရွက်ခြင်း;ရေပေးခြင်းနှင့်အခြားလုပ်ငန်းများ) ၂/အဖူးစချိန် နှင့်ပန်းပွင့်ချိန်တွင် ပြုစုခြင်း။(ရေသွင်း;မြေဆီကြွေး; ပိုး;မှိုဆေးဖျန်း; အားဆေးဖျန်ခြင်း ;အပင်များသန့်ရှင်းအောင်ဆောင်ရွက်ခြင်း;ဝတ်မှုံကူးမှု့များအောင်ဆောင်ရွက်ခြင်းနှင့်အခြားလုပ်ငန်းများ) ၃/သီးကငျးဖွစျခြိနျတှငျပွုစုခွငျး။(အနညျးလိုအားဆေးဖနြျး; စုပျစားပိုး; သီးထျိုးယငျကာကှယျခွငျးနှငျ့အခွားလုပျငနျးမြား) ၄/အသီးကြီးထွားချိန်တွင်ပြစုခြင်း။(အသီးကြီးထွားရန် ရောဂါမှို ;ပိုးကင်းအောင်ဆောင်ရွက်ရန်များ; အစားပြည့်စုံအောင်ဆောင်ရွက်ရန်များ) ဆိုပြီး အဆင့်တိုင်းလိုအပ်ချက်ပြည့်စုံအောင် ဆောင်ရွက်နိုင်လျှင် အသီးတင် များပါမယ် - (ချွင်းချက်- ရာသီဥတုမပါ) *၎င်း လုပ်ငန်းမဆောင်ရွက်ပါဘဲအသီးအတင်များချင်လို့မရပါ ။ "နကိုရှိမှ" "နကိုင်းထွက်" "အပေးရှိမှ" "အရရှိနိုင်ပါတယ်" ကျွန်တော်ရှင်းပြခြင်း သည် မည့်သူ့ကိုမျှ အထင်သေးစိတ် အမြင်သေးစိတ်နှင့်ပြောဆိုခြင်းမဟုတ်ပါ သရက်စိုက်တောင်သူများအား စေတနာအပြည့်ဖြင့်အရည်အသွေး စံချိန်မှီ သရက်သီးများ ထုတ်လုပ်နိုင်စေချင်သော"စေတနာ ဂရုဏာ""ဒေါသော"တခုဟုမှတ်ယူစေလိုပါသည် သိသမျှ မျှဝေခြင်းဖြစ်ပါသည်။ ဦးအောင် (ညောင်ပင်ဝန်းရွာ)
ဆက်စပ်မေးခွန်းများ
ပူတဲ့ဒေသမှာအရိပ်ကောင်းကောင်းစိုက်ပျိုးလို့သင့်တော်မယ့်အပင်ဆိုဘာအပင်စိုက်သင့်လဲဗျ
ဖြေကြားချက် 2 ခု
သရက်တွေအဖူးတွေထွက်လာပါပီ တချို့အပင်တွေပွင့်နေပါပီ ဒီအချိန်မှာ ပုလဲနဲ့လက်ချားပေါင်းပီး သရက်ပင်ကိုဖျန်းလို့ရပါသ...
ဖြေကြားချက် 2 ခု
သရက်ပင် ပင်စည်မှာပိုးထိုးနေလို့ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
သရက်ပင်ခြောက်လသားမှာအဲဒိလိုပန်းပွင့်နေပါတယ်။အဲတာကြောင့်အဲဒိကွန်ပေါင်းမြေသြဇာထမင်းစားဇွန်းတစ်ပင်ကိုသုံးဇွန်းစီ...
ဖြေကြားချက် 1 ခု
EMဘိုကာရှီပြုလုပ်နည်းသိလိုပါတယ်ခင်ဗျာ
ဖြေကြားချက် 8 ခု