အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,179
လွန်ခဲ့သော ၆ နှစ် က · ပုဗ္ဗသီရိ

EMဘိုကာရှီပြုလုပ်နည်းသိလိုပါတယ်ခင်ဗျာ

အပင်အာဟာရ သရက်
8

ဖြေကြားချက် ၈ ခု

147 လွန်ခဲ့သော ၃ နှစ် က

Lab ရပါပြီ Refrigerator ထဲထည့်သိမ်းထားချင်လို့ပါ Labထဲ တင်လဲရည်ထည့်ပေးဖို့လိုသေးပါသလား ခင်ဗျာ

147 လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များလေ့လာချင်ပါတယ်ခင်ဗျာ

80,046 လွန်ခဲ့သော ၆ နှစ် က

လယ်/ယာ၊ဟင်းသီးဟင်းရွက်နဲ့ သစ်သီးခြံများတွင် အသုံးပြုခြင်း ---------------------------------------------------------------------- • မြေပြင်ချိန်မှာ တစ်ဧကကို (၅)ဂါလံနှုန်း • သီးနှံတွေ စိုက်ပျိုးပြီးချိန် (၂)ပတ်သား တစ်ဧကအတွက် (၅)ဂါလံနှုန်း • သီးနှံတွေ (၁)လခွဲကြာရင် (၅)ဂါလံနှုန်း မြေတွင်းအဏုဇီဝပိုးတွေပွားများလာပြီး မြေဆီသြဇာ ထက်သန်ပြီး သီးနှံရှင်သန်ကြီးထွားပြီး အထွက်တိုးစေပါတယ်။

3,705 လွန်ခဲ့သော ၆ နှစ် က

ဖြန်းပတ်၇မ ည့်နှုန်းထားလေးတွေသိချင်ပါတယ်ခင်ဗျ

80,046 လွန်ခဲ့သော ၆ နှစ် က

ရပါတယ်ရှင့်?

5,179 လွန်ခဲ့သော ၆ နှစ် က

အာလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

80,046 လွန်ခဲ့သော ၆ နှစ် က
80,046 လွန်ခဲ့သော ၆ နှစ် က

အီးအမ် ဘိုကာရှိမြေဆွေးပြုလုပ်နည်း ဘိုကာရှီ(BOKASHI) ဆိုသည်မှာ အီးအမ် (EM) ကို လယ်ယာထွက် စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်⁠ချေးများ⁠နှင့် စနစ်တကျ⁠ရော⁠ေ⁠နှာ်⁠ပြီး ⁠မွေး⁠မြူ⁠ခြင်း⁠ဖြင့် ရရှိလာ⁠သော ⁠ေ⁠မြ⁠ဆွေး⁠ဖြစ်သည်။ လယ်ယာထွက်ပစ္စည်းများ⁠ဖြစ်သည့် ⁠ကောက်ရိုး၊ ပဲ⁠မှော်၊ ပဲရိုး၊ ⁠ေ⁠ပြာင်းရိုး၊ ⁠မြက်စို၊ ⁠မြက်⁠ေ⁠ခြာက်၊ ⁠ဗေဒါ၊ သစ်ရွက်⁠ဆေး၊ အမှိုက်⁠ဆွေး စသည်တို့⁠နှင့် တိရစ္ဆာန်⁠ချေး၊ တင်လဲရည်၊ ⁠ရေ ⁠နှင့် အီးအမ်(EM) ⁠ဖျော်ရည်တို့ကို ⁠ရော⁠မွှေ ⁠ပြု⁠ခြင်း⁠ဖြင့် တစ်ပတ်၊ ⁠နှစ်ပတ်ခန့်အတွင်း ဘိုကာရှီ ⁠ေ⁠မြး⁠ဆွေးရရှိပါသည်။ ဘိုကာရှီ⁠ေ⁠မြ⁠ဆွေး ⁠နှင့် ရိုးရိုး⁠ေ⁠မြ⁠ဆွေး ကွာ⁠ခြားချက်မှာ ဘိုကာရှီ⁠ေ⁠မြ⁠ဆွေးတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည်များကို အ⁠မြန်⁠ဆွေး ⁠ေ⁠မြ့⁠စေ⁠ပြီး ⁠ေ⁠မြဆီ⁠သြဇာ ထက်သန်⁠စေ⁠သော အကျိုး⁠ပြု အဏုဇီဝများ အီးအမ် (EM) ပိုမိုပါဝင်⁠ခြင်း⁠ဖြစ်သည်။ ရိုးရိုးအီးအမ္ဘိုကာရွီ⁠ေ⁠ျမ⁠ဆွေး⁠ပြုလုပ်နည်း (၁) အရိပ်⁠အောက်တွင် အီးအမ်ဘိုကာရှီ⁠ေ⁠မြး⁠ဆွေးပုံ⁠ပြုလုပ်နည်း – စည်းပိုင်း⁠ပြတ်ထဲသို့ ⁠ရေဂါလံ (၂၀) ထည့်ပါ။ – အသင့်သုံး အီးအမ် (EM) ⁠ဖျော်ရည် ⁠နို့ဆီခွက် (၃) ခွက်⁠နှင့် တင်လဲရည် (၃) ခွက် ⁠လောင်းထည့်၍ တုတ်⁠ဖြင့်⁠မွှေပါ။ ( ⁠နို့ဆီခွက် (၃) ခွက်= ၁ လီတာ) – အရိပ်⁠အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို အလျား ( ၆ ⁠ပေ) အနံ ( ၃ ⁠ပေ)၊ ထု ( ၆ လက်မ) ရှိ⁠အောင် တစ်လွှာပုံပါ။ – လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်း⁠ပေါ်တွင် ⁠ရေ⁠ရောစပ်⁠ပြီး အီးအမ် (EM) ⁠ဖျော်ရည် ( ၃) ဂါလံကို ဖျန်း⁠ပေးရပါမည်။ – ⁠နွား⁠ချေး⁠နှင့်ဖွဲ⁠နု⁠ရော⁠ပြီး ( ၈) ⁠ပြီ ထပ်၍ ⁠ဖြူးပါ။ – ယင်းကဲ့သို့ အလွှာ⁠ေ⁠ခြာက်လွှာထိ ထပ်၍ ပုံပါ။ – အ⁠ပေါ်မှ ပလပ်စတစ်⁠ဖြင့် လုံ⁠အောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခု⁠ဖြင့် လုံ⁠အောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခု⁠ဖြင့် လံု⁠ေအာင္ထူထူဖံုးပါ။ – ( ၄-၅) ရက်⁠ကြာလျှင် ⁠ေ⁠မြ⁠ဆွေးပုံးအတွင်း လက်⁠ဖြင့် စမ်း⁠ကြည့်၍ တအားပူလျှင် အထပ်⁠အောက်လှန်⁠ပေးပါ။ ⁠ေ⁠ခြာက်⁠နေလျှင် ⁠ရေဖျန်း⁠ပေး ပါ။ – အ⁠ဖြူ⁠ရောင်မမှုမျှင်များ⁠တေွ့လျှင် ⁠ဆွေး⁠ေ⁠မြ့⁠နေ⁠ေ⁠ကြာင်း သိရှိ⁠နိုင်ပါသည်။ – (၇- ၁၀) ၇က်အ⁠ကြာ တစ်ဝက်တစ်ပျက် ⁠ဆွေး⁠ေ⁠မြ့⁠နေသည့် အ⁠ေ⁠ခြအ⁠နေတွင်ပင် စတင်အသုံး⁠ပြု⁠နိုင်သည်။ – တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။ – စိုက်ထယ်⁠ရေး⁠ပြင်ချိန်တွင် ⁠ဖြန့်ထည့်၍ အသုံး⁠ပြု⁠နိုင်ပါသည်။ – ⁠နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်⁠နှင့် ဥယျဉ်⁠ခြံသီး⁠နှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်⁠ေ⁠ခြတွင်ထည့်၍ ⁠ေ⁠မြဖုံး⁠ပြီး သုံးပါ။ (၂) ⁠ကျေးရွာစွန့်ပစ်အမှိုက် လယ်ယာ⁠ေ⁠မြ အဘိုးတန် ရတနာသိုက်⁠ပြုလုပ်နည်း – သင့်⁠တော်ရာ⁠ဒေသတွင် အလျား ( ၆ ⁠ပေ)၊ အနံ ( ၃ ⁠ပေ)၊ အနက် ( ၆ ⁠ပေ) ကျင်းတူးပါ။ – ကျင်းထဲသို့ စွန့်ပါအမှိုက်များကို ( ၁) ⁠ပေထု ⁠ဖြန့်ခင်းပါ။ – အီးအမ် (EM) ⁠ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ⁠နှုန်း⁠ဖြင့် ⁠ဖြန်းပါ။ – ⁠နွား⁠ချေး ( ၄) ⁠ပြီ ညီညာစွာ ⁠ဖြန့်⁠ဖြူး⁠ပေးပါ။ – ယင်းသို့ အလွှာလိုက် ကျင်း⁠ပြည့်သည်အထိ ⁠ပြုလုပ်ပါ။ – ⁠ဆွေး⁠ေ⁠မြ့လာသည်⁠နှင့်အမျှ မျက်⁠နှာ⁠ပြင် နိမ့်ဆင်းသွားပါသည်။ – နိမ့်သွားပါက ကျင်း⁠ပြည့်⁠အောင် ⁠ပြန်⁠ဖြည့်ပါ။ – သီး⁠နှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲ⁠နိုင်ပါသည်။ – မိုးကျလျှင် ⁠ရေမဝင်⁠စေရန် အမိုးမိုး⁠ပေးပါ။ – တစ်ဧကအတွက် ကျင်း ( ၅) ကျင်း လိုပါသည်။ (၃) ⁠နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်⁠နှင့် ဥယျာဉ်⁠ခြံသီး⁠နှံများတွင် အီအမ်ဘိုကာရှီ သုံးစွဲနည်း – စိုက်ခင်းအတွင်းမှ ⁠ပေါင်းများကို ရှင်းပါ။ ရရှိသည့် ⁠ပေါင်းများကို အပင်⁠ေ⁠ခြတွင်ပုံပါ။ အပုံ⁠ပေါ်တွက် အီးအမ် ( EM) ⁠ဖျော်ရည်ဖျန်းပါ။ ⁠ေ⁠မြဖုံးပါ။ ( ⁠ဖျော်ရည်ဖျန်း⁠ပြီး ⁠နွား⁠ချေးမှုန့် ⁠ဖြူး⁠ပေးလျှင် ပို⁠ကောင်းပါသည်။ ) – ⁠ပေါင်းရှင်းသည့်အခါတိုင်း အပင်⁠ေ⁠ခြတွင် ထပ်မံ၍ ပုံ⁠ပေးပါ။ စူပါအီးအမ္ဘိုကာရွီ⁠ေ⁠ျမး⁠ေဆွး⁠ပြုလုပ်နည်း – စပါးခွံ၊ ဖွဲ⁠နု၊ ⁠နှင့်⁠နွား⁠ချေးတို့ကို ဆတူ⁠ရောစပ်၍ ပုံပါ။ – အပုံ⁠ပေါ်သို့ အီးအမ်⁠ဖျော်ရည်ကို သမ⁠အောင်ဖျန်း၍ ⁠မွှေပါ။ – လက်⁠ဖြင့် ဆုပ်⁠ကြည့်ပါက လက်⁠ကြားမှ ⁠ရေမထွက်⁠စေရပါ။ – လက်⁠ဖြင့် ဆုပ်၍ လက်⁠ဖြန့်လိုက်ပါက အလုံး မပျက်⁠စေရပါ။ – ယင်းအ⁠ေ⁠ခြအ⁠နေတွင် ⁠ရောစပ်⁠ပြီး၊ ပစ္စည်းများကို ⁠လေလုံအိတ်တွင် ထည့်၍ ချည်⁠ေ⁠နှာင်⁠ပြီး အရိပ်ထဲတွင်ထားပါ။ – ⁠ေ⁠နွရာသီတွင် ( ၃) ရက်၊ ⁠ဆောင်းရာသီတွင် (၁၀) ရက် ⁠ကြာလျှင် ⁠ေ⁠မြ⁠ဆွေးအ⁠ဖြစ် စတင်အသုံး⁠ပြု⁠နိုင်သည်။ – ⁠ကြာရှည် သို⁠လှောင်လိုပါက ⁠နေရိပ်တွင် အ⁠ေ⁠ခြာက်ခံ⁠ပြီး အိတ်ထဲသို့ ⁠ပြန်ထည့်၍ သို⁠လှောင် အသုံး⁠ပြု⁠နိုင်ပါသည်။ ( ၆) လခန့်အထိ သုံး⁠နိုင်ပါသည်။ – တစ်ဧက အနည်းဆုံးပိသာ (၅၀၀) အသုံး⁠ပြုရမည်။ ⁠ေ⁠မြ⁠ပြင်ချိန်⁠ကြဲပက်၍ တစ်⁠ကြိမ်၊ သမန်း⁠နိုးထချိန် တန်း⁠ကြားအတွင်း ⁠ဖြူး၍ အနည်း ဆုံး ⁠နှစ်⁠ကြိမ် ခွဲသုံးပါ။ အ⁠မြန်သုံးစူပါအီးအမ် ဘိုကာရှီ⁠ေ⁠မြ⁠ဆွေး⁠ပြုလုပ်နည်း – ဖွဲ⁠နု ( သို့မဟုတ်) ဆန်ကွဲ အနည်းဆုံး တစ်⁠ပြည်ကို ⁠ရေ⁠ဖြင့်ခပ်ပျစ်ပျစ် ကျို၍ အ⁠အေးခံပါ။ – အသင့်သုံးအီးအမ် (EM) ⁠ဖျော်ရည် ငှက်⁠ပျော်ဖူး ပုလင်းတစ်ပုလင်း ⁠ရောစပ်၍ ( ၂) နာရီ⁠ကြာ ထား⁠ပြီး သုံးပါ။ – ထယ်⁠ရေး⁠ပြင်ချိန်တွင် တစ်⁠ကြိမ်၊ အပင်⁠ကြီးထွားချိန် တစ်⁠ကြိမ်၊ ပန်းပွင့်ချိန် တစ်⁠ကြိမ် ⁠ကြဲပက်ထည့်ပါ။ အီးအမ်ဘိုကာရှီ အသုံး⁠ပြု⁠ခြင်း၏ အကျိုး⁠ကျေးဇူးများ အီးအမ္ဘိုကာရွီ⁠ေ⁠ျမ⁠ေဆြးကုိ ⁠နေရာ⁠ဒေသအ⁠နှံတွင် စပါး၊ ⁠ကြံ၊ ⁠ေ⁠ပြာင်း၊ ဟင်းသီးဟင်းရွက်⁠နှင့် သစ်သီးဝလံပင်များ စိုက်ပျိုးရာတွင် အသုံး⁠ပြု မှုများကို စစ်တမ်းရယူခဲ့ရာတွင် ⁠ေ⁠မြ⁠ဆွေး အမျိုးအစား အမျိုးမျိုးရှိသည့် အနက် အီးအမ် ဘိုကာရှီ⁠ေ⁠မြ⁠ဆွေးသည် သီး⁠နှံအထွက်ကို သိသိ သာသာ ထွက်ရှိ⁠အောင် စွမ်း⁠ဆောင်⁠နိုင်⁠ေ⁠ကြာင်း သု⁠သေတန⁠ပြု ⁠တွေ့ရှိရပါသည်။ Way of the orgaic farming Myanmar By OISCA International (Bamar) Phyo Chit Thu......... Credit

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။