အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်မျိုးသက်
လွန်ခဲ့သော ၆ နှစ် က · ရွှေပြည်သာ

သံပုရာသီးလိုက်ကြွေလိုက်ဖြစ်နေတာ၂နှစ်ရှိပြီ ပုရွတ်ကလွဲလို့အခြားပိူးမတွေ့ဘူး အသီတင်အောင် ဘာလုပ်သင့်ပါသလဲ

ပိုးမွှားရောဂါ သံပုရာ
10

ဖြေကြားချက် ၁၀ ခု

‌Than Than
‌Than Than 84 လွန်ခဲ့သော ၉ လ က

ကျေးဇူးပါရှင့်

Myoe Minn Latt
Myoe Minn Latt 407 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါခင်ဗျာ။

Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က

ရပါတယ်ရှင့်?

ကျော်မျိုးသက်
ကျော်မျိုးသက် 524 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က

သံပရာပိုးမွှားရောဂါစနစ်တကျကာကွယ်ရေး ============================== သံပုရာစိုက်ပျိုးရေးတွင် မစိုက်ပျိုးမီ စိုက်ကျင်းများကို မီးရှီု့ပေးခြင်း၊ စိုက်ကျင်း တွင်မြေအောင်းပိုးများမရှိအောင်အော်ဒရင်းဆေးမုန့်ထည့်ပေးခြင်းပြုလုပ်ရန်လိုအပ်ပါသည်။ သံပုရာပင်များကိုရွက်ဆေးပိုး၊ ပင်စည်ထိုးပိုးများ ကျတတ်၍ ကာကွယ်ရန် ပိုးသတ်ဆေးများဆောင်ထားရန်လိုအပ်ပါသည်။သာမန်ရွက်စားပိုးများကိုမူ Malathion: Sumrthion Sumicidim, Decis ပိုးသတ်ဆေးနှင့် ကာကွယ်နိုင်ပါသည်။ ရောဂါအနေဖြင့် ထူးထူးခြားခြားမတွေ့ရပါ။ အချို့နေရာများတွင် Scab:Sooty mold စသည့်ရောဂါများ တွေ့ရှိရသည်။ ၎င်းမှိုရောဂါများကို Bordauk Mixture’ Perenox : Topsein စသည့်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။ #Pissaya_Info

htay  htay  lwin
htay htay lwin 117 လွန်ခဲ့သော ၆ နှစ် က

ပိုးဆေးအကြောင်း

Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က
Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က
Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က

ဒုတိယနည်းလမ်း(၂)ကတော့ သံပုရာပင်ကို အခေါက်ခွာတဲ့နည်းလမ်းဘဲဖြစ်ပါတယ်။ ဒီလိုအခေါက်ခွာတဲ့နေရာမှာ ဓါးဒဏ်ရာများမွှစာကျဲပြီး နှစ်ချက်သုံးချက်ဖြစ်မနေဖို့လိုအပ်ပါတယ်။ ဓါးဒဏ်ရာတွေမွှစာကျဲပြီး သုံးလေးနေရာဖြစ်နေခဲ့ရင်တော့ အပင်ကသေသွားမှာဖြစ်ပါတယ်။ ကိုင်းကူးတဲ့နည်းစနစ်များအတိုင်း အပင်ရင်း မြေပေါ်ကနေခြောက်လက်မလောက်ကနေ အပင်ပါတ်လည်ကို နှစ်လက်မလောက် ပါတ်လည်ကို အခေါက်ခွာပေးရမှာဖြစ်ပါတယ်။ ဓါးထက်ထက်ဖြင့် ဒဏ်ရာတစ်ခုတည်းဖြစ်အောင် စနစ်တကျခွာပေးရပါမယ်။ ဒီလို အခေါက်ခွာပြီးသည်နှင့် အစာနှင့်ရေ အသီးအပွင့်ဟော်မုန်းဆေး ပုံမှန်အတိုင်း တိုက်ကျွေးသွားမယ်ဆိုရင် နွေရာသီမှာ သံပုရာသီး အသီးများပြွတ်သိပ်နေအောင် ရရှိပြီး စျေးကောင်းရနေပါလိမ့်မယ်ခင်ဗျ။ Original Writer - ရဲနိုင်ဝင်း [09767975835] Shwe Thee Nhan Farming App

Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က

နွေရာသီစျေးကောင်းရတဲ့သံပရာသီး အသီးများများတင်အောင်ပြုလုပ်နည်း နည်းလမ်း( ၁ သံပရာပင်အားရေဖြတ်တောက်သည့်နည်းစနစ် နည်းလမ်း( ၂ အခေါက်ခွာနည်း ပထမနည်းဖြစ်တဲ့နည်းလမ်း(၁) ကတော့ သံပုရာပင်ကိုပန်းအိုး( သို့မဟုတ်) ကျောက်ခွေနဲ့ စိုက်ပျိုးထားတဲ့ သံပုရာပင်ကို ရေအဝလောင်းပြီး တပါတ်ကျော်နှစ်ပါတ်လောက်ထိအောင် ရေမလောင်းဘဲနဲ့ ရေဖြတ်ထားရပါ့မယ် ။ ၎င်းနောက် ရေဖြတ်ထားသောအပင်ကို နေရောင်ခြည်မပေါက်သော ကျွတ်ကျွတ်အိတ်အမဲဖြင့် သံပုရာအိုး သို့မဟုတ် ကျောက်ခွေအိုးကို အလုံအုပ်ပေးထားရပါမယ်။ ကိုင်းဖျားတွေဆခြာက်သွေ့ပြီး အရွက်များလိပ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်သွားပြီဆိုမှ အုပ်ထားသာပလပ်စတစ် အနက်စကိုပြန်လည်ဖွင့်ပေးပြီး ခြောက်သွေ့နေသော အကိုင်းဖျားများကို နှစ်လက်မ ကနေ ရှစ်လက်မလောက်ထိ ဖြတ်တောက်ပေးရပါ့မယ်။ ထိုသို့ပြုလုပ်ပြီးသည့်အချိန်မှစတင်၍ ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာကို ထည့်သွင်းပြီးသကာလ ရေအဝတိုက်ပါ့မယ်။ အသီးအပွင့်တင်စေသော ဟော်မုန်းပါသည့်ဆေးရည်များဖြန်းပေးရပါ့မယ်။ ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာဝယ်ယူလို့မရရှိပါက နွားချေး တပြည်သားခန့်နှင့ အရွက်ခြောက်( သစ်ရွက်ဆွေး) သုံးပြည်သားခန့်ကို ရောမွှေပြီးအပင်ခြေတွင်အုပ်ပေးကာ ရေတိုက် ဟော်မုန်းဆေး( အသီး/အပွင့်အတွက်) ဖြန်းပေးရပါ့မယ်။ ဒီပထနည်းကတော့ နွေရာသီမှာ သံပုရာသီးအသီးများပြွတ်သိပ်သီးပြီး စျေးကောင်းရတဲ့အချိန်မှာ အသီးသီးစေနိုင်ဖို့ ဆောင်ရွက်တဲ့ပထမနည်းလမ်းပါခင်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။