အစေ့ထုတ်ပြောင်းအတွက် အကောင်းဆုံး မြေခံ မြေသြဇာ အချိုး သုံးစွဲနည်းလေး သိပါရစေဗျာ
ပြောင်းပင်တွေက စိုက်ပျိုးပုံနည်းစနစ်ကိုလိုက်ပြီး မြေဩဇာထည်သွင်းပုံလည်းမတူညီပါဘူး။ အပင်အကွာဝေးနှင့်စိုက်ပျိုးပုံတွေက ပြောင်းခင်းကြာူလေဝင်လေထွက်နှင့် လေတိုက်ပုံတွေကိုအခြေပြုပြီး မြေဩဇာထည့်သွင်းပုံနှင့် မြေယာစနစ်ချပုံကွဲပြာပါတယ်။အများအားဖြင့်တော့ ပြောင်းကို မြေဩဇာမခံပဲစိုက်ကြပါတယ်။အပင်တစ်ဆယ်ငါးရက်သားအရွယ်မရောက်ခင်ကြားမှာ ပုလဲမြေဩဇာနည်းနည်းပစ်ကြွေးပြီး တစ်ဆယ့်ငါးရက်ခန့်မှစပြီး နွားချေးစသောမြေဩဇာတို့ကို ပထမအကြိမ်ထည့်သွင်းပြီ မြေအုပ်ပါတယ်။ထည်ထိုးပြီးစိုက်သူတွေကတော့ ထည်နှင့်အတူ နွားချေးစသောမြေဩဇာတို့ကို ထည်သွင်းအသုံးပြုကြပါတယ်။ ထိုထက်ပိုမှိုကောင်းမွန်သော မြေယာစနစ်ချစိုက်ပျိုးပုံတွေက အစေ့ထုတ်ပြောင်းကို ပိုပြီးအောင်မြင်ဖြစ်ထွန်းစေနိုင်ပါတယ်။ပိုပြီးလွယ်ကူသော စိုက်ပျိုးနည်းစနစ်၊ပို၍အပင်ရေဝင်ဆန့်ပြီး ပို၍လေဝင်လေထွက်ကောင်းမွန်သော ပို၍ေလးဒဏ်ခံနိုင်သော မိုးလေသည်းထန်မှုကို ကြံ့ခံနိုင်သောစိုက်ပျိုးနည်းစနစ်တွေရှိပါတယ်။ထိုစနစ်တွေက ထွက်နုန်းပိုပြီး မြေဩဇာထည်သွင်းခြင်း ရေသွင်းရေထုပ်လွယ်ကူခြင်း၊တို့ပါဝင်ပါတယ်။
ပုံမှာမြင်ရတဲ့မြေဆိုရင်သစ်ဆွေးဓာတ်နည်းတော့ သဘာဝမြေဆွေးနည်းနည်း ခံရင်ပိုသင့်တော်၂း၁း၁အချိုးလောက်ကသင့်တော်ပါတယ်
ကျေးဇူးပါ ခင်ဗျာ
အစေ့ထုတ်ပြောင်း အထွက်တိုးစေဖို့ နည်းပညာ -------------------------------------------------------- အစေ့ထုတ်ပြောင်းသီးနှံဟာ ပြည်တွင်း စားသုံးမှုရော၊ မွေးမြူရေးအစားအစာအတွက် ပါ အဓိကသီးနှံတစ်ခု ဖြစ်ပါတယ်။ပြီးတော့ ပြည်ပပို့ကုန်သီးနှံအဖြစ်လည်း အားကိုး ရတဲ့ သီးနှံ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဇီဝလောင်စာဆီ ထုတ်လုပ်ဖို့ ကုန်ကြမ်း သီးနှံအတွက် အသုံးပြုနေကြတဲ့ သီးနှံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစေ့ထုတ်ပြောင်းသီးနှံကို ဧကငါးသိန်းကျော် စိုက်ပျိုးနေပါတယ်။ ဒီအထဲမှာ မိုးရာသီမှာ ၈၅ ရာခိုင်နှုန်းစိုက်ပျိုးပြီး ဆောင်းရာသီမှာ ၁၅ ရာခိုင်နှုန်း စိုက်ပျိုးတာ တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်း တစ်ဧက တင်း ၈၀-၁၀ဝ ထွက်ဖို့ဆိုရင် အဓိက မျိုး၊ မြေ၊ စိုက်ပျိုးတဲ့ စနစ် အဓိကဖြစ်ပါတယ်။ အပင်ပေါက် ၉၀ ရာခိုင်နှုန်းကျော်ပေါက်တဲ့ မျိုးကို ရွေးချယ်ဖို့ လိုပါတယ်။ တောင်ပေါ်ဒေသတွေမှာ ဧကရီ၊ ရေဆင်းစပ်မျိုး-၃၊ ရေဆင်း စပ်မျိုး-၅၊ မြေပြန့် ဒေသတွေမှာ ရွှေဝါ ၁၊ ၃၊ ရေဆင်းစပ်မျိုး ၄၊ ရေဆင်းစပ်မျိုး ၁၀၊ ရေဆင်းစပ်မျိုး ၁၁ မျိုးတွေကို ရွေးချယ်သင့်ပါတယ်။ မြေအနေနဲ့ကတော့ အစေ့ထုတ်ပြောင်းသီးနှံဟာ မြေဆီဩဇာစုပ်ယူမှု အားသန်တဲ့ မျိုး ဖြစ်တဲ့အတွက် မြေဆီဩဇာထက်သန်တဲ့ နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့ ကို ရွေးချယ်သင့်ပါတယ်။ မြေချဉ်ငန်ဓာတ် ၆-၇ အတွင်း ကြိုက်နှစ်သက်ပါတယ်။ မိုးရေချိန် ၃၅-၄၅ လက်မရှိပြီး ညီညာမျှတစွာ ရွာသွန်းတာကို ကြိုက်ပါတယ်။ အထူး သဖြင့် ရေမဝပ်စေဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးချိန်ကို သတိပြုဖို့ လိုအပ်ပါတယ်။ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လတွေမှာ အပင်သက်တမ်းရနေမှသာ မိုးဒဏ်ခံနိုင်မှာပါ။ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်၊ပဲခူးဒေသတွေမှာ မိုးစိုက်အစေ့ထုတ်ပြောင်း ကို ဧပြီလလယ်မှ မေလကုန်အပြီး စိုက်သင့်ပါတယ်။ ဆောင်းရာသီစိုက်ပျိုးမယ်ဆိုပါ က အောက်တိုဘာလ၊ နိုဝင်ဘာလ အပြီးစိုက်သင့်ပါတယ်။ အစေ့ထုတ်ပြောင်း အထွက်တိုးဖို့ အဓိကလိုက်နာရမယ့် အချက်တွေကတော့ (၁) အထွက်ကောင်းမျိုး အသုံးပြုခြင်း၊ (၂) ဓာတ်မြေဩဇာအချိုးကျနဲ့ စနစ်တကျ ထည့်ပေးခြင်း၊ (၃) သတ်မှတ်အပင်ရေပြည့်ဝအောင် စိုက်ပျိုးခြင်း၊ (၄) အချိန်မီ သား ခွဲခြင်း၊ (၅) အချိန်မီ ပေါင်းမြက်ရှင်းလင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ ထယ်ရေးနက်နက်၊ ညက်ညက် ရရှိအောင် မြေယာပြုပြင်ဖို့ လိုပါတယ်။ မိုးစိုက်ကြောင်း အတွက် မိုးကြိုထယ်ရေးပြုပြင်ပြီး နွားချေး၊ သဘာဝမြေဆွေး နွားလှည်း ၁၀ စီး ချပေးဖို့ လိုပါတယ်။ မြေပြန့်ဒေသမှာ တစ်ဧကကို ယူရီးယားနှစ်အိတ်၊ တီစူပါ တစ် အိတ်၊ ပိုတက်ရှ် အိတ်ဝက် အသုံးပြုသင့်ပါတယ်။ တောင်ပေါ်ဒေသမှာ ယူရီးယားနှစ် အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်ရ်ှအိတ်ဝက်အသုံးပြုဖို့ လိုအပ်ပါတယ်။ တီစူပါနဲ့ ပိုတက်ရ်ှကို မြေပြင်ချိန်မှာ တစ်ခါတည်းထည့်ပေးပြီး ယူရီးယားကိုမူ မြေခံတစ်ကြိမ်၊ အပင်ကြီးထွားချိန် တစ်လသားမှာတစ်ကြိမ်၊ ပန်းမပွင့်မီတစ်ကြိမ်၊ ပြောင်းစေ့အစာ ဖြည့်တင်ချိန်မှာ တစ်ကြိမ်၊ ခွဲထည့်ပေးဖို့ လိုအပ်ပါတယ်။ တစ်ဧကအစေ့ထုတ်ပြောင်း အထွက်တိုးဖို့ တစ်ဧကရှိရမယ့် သတ်မှတ်အရေ အတွက် ပြည့်မီရေးဟာ အလွန်အရေးကြီးပါတယ်။ တစ်ဧကသတ်မှတ်အပင်ရေ မပြည့်ပါက၄၀-၆၀ ရာခိုင်နှုန်းထိ အထွက်လျှော့ကျနိုင်ပါတယ်။ အပင်ပေါက်စုံပြီး ၁၄-၂၀ ရက်သားအရွယ်မှာ တစ်ဧကသတ်မှတ်အရေအတွက် သာချန်ပြီး သားခွဲပစ်ဖို့ လိုအပ်ပါတယ်။ စိုက်ပျိုးပြီး ပေါင်းတစ်ချိန် ၃၅-၄၀ ရက်သား အထိ ပေါင်းမြက်ကင်းစင်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ပြောင်းဖူးဟာ ပြောင်းဖူးဖက်အဝါရောင်သန်းပြီး ရိုးညှာမှာ အညိုရောင်ကွင်းဖြစ်ပါက ရိတ်သိမ်းသင့်ပါတယ်။ ပြောင်းဖူးခူးခါစမှာ အစိုဓာတ် ၂၅-၃၅ ရာခိုင်နှုန်းဝန်းကျင် ပါဝင်လေ့ရှိသဖြင့် ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာကာ ခပ်ပါးပါးနေလှန်းပေးဖို့ လို အပ်ပါတယ်။ အဲ့ဒီလိုမလုပ်ရင် အဖူးမှိုတက်ပြီး ပုပ်သွားနိုင်ပါတယ်။ အဖူးတွေကို ၅-၇ ရက်ခန့် နေပူပူမှာလှန်းပြီး အစေ့ခြွေရမှာ ဖြစ်ပါတယ်။ ပြောင်းစေ့တွေကို သန့်စင်ပြီး မျိုး စေ့တစ်ကီလိုကို မှိုသတ်ဆေး တစ်ဂရမ်နဲ့ရောနယ်ပြီး အိတ်သွတ်သိုလှောင်ရမှာ ဖြစ် ပါတယ်။ -အောင်ဆန်း (စိုက်ပျိုးရေး) - မြန်မာတောင်သူကြီးများဂျာနယ်
နွားချေး (သို့) သစ်ဆွေး မြေသြဇာ တစ်ဧကလျှင် (၃) တန်နှုန်းကို မြေမပြုပြင်မီ ကတည်းက ညီညာစွာ ထည့်သွင်းရန်လိုအပ်ပါတယ်
မြေခံ မြေသြဇာ အချိုးကို သိချင်တာပါ အကို
အစေ့ထုတ်ပြောင်း တစ်ဧက တင်း (၈၀) ပန်းတိုင် အထွက်နှုန်း ရရှိရန် နည်းပညာ လင့်ကိုနှိပ်ပီးလေ့လာနိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ပြောင်းဖူးပင် အဖူးကပ်နေပါပြီဗျ အုန်းစိမ်းရည်ဖြန်းလို့ရပါသလားဗျာ
ဖြေကြားချက် 0 ခု
မင်္ဂလာပါ ဗျ ပြောင်းအတွက် ဘယ်လိုဓာတ်မြေသြဇာသုံးရမလဲဗျ
ဖြေကြားချက် 1 ခု
cpပြောင်း စိုက်ချင်ပါသဖြင့် ၁ဧက မြေသြဇာအချိုးအစား ထည့်ပုံနဲ့ အကြိမ်ဘလောက်ထည့်ရမည်သိချင်ပါတယ် မြေသြဇာ အမျိုးစား...
ဖြေကြားချက် 4 ခု
ဖူးပြောင်း 16 ရက်သားမှာ အစာတိုက်ပီ ရေအမြုပ်တင်လိုက်ပါတယ် အခု ပုံမှာပါတဲ့အတိုင် အပင်တိုင် အောက်အရွက်လေးတွေဝါနေ...
ဖြေကြားချက် 7 ခု
မြေနီကိုဘယ်ပြောင်းအမျို့ နှင့်မြေဆီသုံးသင့်သလဲ အပင်က ဖူးကာစဆို အပင်တေ ဝါကုန်တယ် အဖူးမအောင်ဘူးဖြစ်နေတယ် ဘယ်လို့...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။