နွားသေးကိုရွက်ဖြန်းမြေသြာဇာအဖြစ်သုံးလို့၇နိုင်ပါသလားခင်ဗျ။အချို့တောင်သူများမှာနွားသေး၊၁၅ပတ်လည်၊ဘားပလပ်၊ပုလဲ၊၄မျိုးစပ်ပြီးပတ်ဖြန်းကြပါတယ်။ဘာတွေဆိုးလဲ၊ဘာတွေကောင်းလဲ၊နွားသေးမှာဘယ်လိုအာဟာ၇တွေပါသလဲသိချင်ပါတယ်ခင်ဗျ။
" နွားချေး နွားသေး အသုံးပြုခြင်း " တစ်ဧကစာအတွက် (1) နွားချေး (5) တင်း (2) နွားသေး (5) လီတာ (3) ထန်းလျက် (15)ကျပ်သား (4) ရေ (25)ဂါလံ အထက်ပါပစ္စည်းများရောစပ်ပြီး (3)ရက်ကြာ ထားပါ။ ထို(3)ရက်အတွင်း တစ်နေ့လျှင် အထက်အောက် (6)ကြိမ်ဖြင့် စုစုပေါင်း (18)ကြိမ် လှန်ပေးရမည်။ (4) ရက်မြောက်နေ့တွင် မိမိစိုက်ခင်း လယ်မြေများအတွင်း ထည့်သွင်းနိုင်ပါပြီ။ ၎င်းမြေသြဇာကို မိမိစိုက်ခင်း လယ်ယာမြေ အတွင်းသုံးစွဲရန်မှာ - (1) ပထမနှစ်တွင် တစ်ပါတ် တစ်ကြိမ် (2) ဒုတိယနှစ်တွင် တစ်လ နှစ်ကြိမ် (3) တတိယနှစ်တွင် တစ်လ တစ်ကြိမ် (4) စတုတ္တနှစ်မှစ၍ သုံးလ တစ်ကြိမ် မှတ်ချက်။ ဤနည်းကိုဆောင်ရွက်ရာတွင် သုံးရက်နှပ်ပြီး လေးရက်မြောက်နေ့တွင် စတင်သုံးစွဲရမည် ဖြစ်ပါသည်။ (လေးရက်မြောက်နေ့တွင် နွားချေးအတွင်းရှိ အနုဇီဝပိုးများ စွမ်းဆောင်ရေအမြင့်မားဆုံး အချိန်ရောက်ရှိပြီး စိုက်ခင်းလယ်ယာ အတွက် အာဟာရဓာတ်များ ပေးစွမ်းနိုင်သော ကာလဖြစ်) နွားချေးတွင် (N,P,K,Ca,Mg,S,Carbon) များပါဝင်ကြပြီး ကာဗွန် နှင့် နိုက်ထရိုဂျင် အချိုးမှာ 24:1 ရှိပါမည်။ နွားသေးတွင် (N,S) အမိုနီယမ်၊ အမိုးနီးယား၊ မဂ္ဂနစ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ကယ်စီယမ်၊ ရေ၊ ဖော့စဖိတ်၊ ကာဗွန်နစ်အက်စစ်၊ ကလိုရိုဒ်၊ ဆာလဖိတ်၊ အော်ဂဲနစ်အက်စစ်များ၊ ဗိုက်တာမင်(A,B,C,E)တို့ ပါဝင်ပါမည်။ နွားချေး နှင့် နွားသေးတို့မှ ပါဝင်သော ဓာတ်များနှင့် ထန်းလျှက်အချိုဓာတ်တို့ ပေါင်းစပ်ကာ အဏုဇီဝပိုးများ ပေါက်ဖွားစေပြီး အပင်အာဟာရဓာတ်နှင့် အပွင့်အသီးတို့ ကောင်းမွန်စေပါမည်။ ********* မြေသြဇာအရည် ပြုလုပ်နည်း (1) နွားချေး (1)ပြည် (2) နွားသေး (1) လီတာ (3) ထန်းလျက် (3) ကျပ်သား (4) ရေ (10)လီတာ အထက်ပါပစ္စည်းများကို ရောစပ်ပြီး တစ်ရက်လျှင် ၂ ၃ ကြိမ်မွှေပေးပါ (3) ရက်အထိ (4) ရက်မြောက်နေ့တွင် စတင်သုံးစွဲပါ။ ဘိုကာရှီပြုလုပ်ခြင်းတွင် ဆွေးမြေ့မှု မြန်ဆန်စေရန်အတွက် အထောက်အကူ ပြုသော ဆေးရည်ဖြစ်ပါသည်။ Credit.. Lu Gyan Gyi
ဆက်စပ်မေးခွန်းများ
၂၄. ၁ . ၂၀၂၀ နေ့ အောင်လံစျေး ၁။နှမ်းစမှုံနက် (၄၅ပိသာ) ၂၁၀၀၀၀ မိုး ၁၉၀၀၀၀ ဆောင်း ၂။နှမ်းပြာသန့် (၄၅ပိသာ) ၁၇၀၀၀၀...
ဖြေကြားချက် 0 ခု
ကုလားပဲပင်တွေသေနေတာ။မြစ်ပိုးစွဲတယ်လို့လဲပြောကြတယ်။ကုသကာကွယ်တဲ့ဆေးလည်းခုထိမတွေ့ကြ၇သေးပါ။ထိရောက်အောင်ကာကွယ်ကုသ...
ဖြေကြားချက် 6 ခု
၂၃. ၁ . ၂၀၂၀ နေ့ အောင်လံစျေး ၁။နှမ်းစမှုံနက် (၄၅ပိသာ) ၂၁၀၀၀၀ မိုး ၁၉၀၀၀၀ ဆောင်း ၂။နှမ်းပြာသန့် (၄၅ပိသာ) ၁၇၀၀၀၀...
ဖြေကြားချက် 0 ခု
ကုလားပဲ အပင်တွေက အခြေတွေ နီပြီး အပင်မတက်ဖဲ ဖြစ်နေတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲဗျ။
ဖြေကြားချက် 2 ခု
EMမှာ EM1 EM2 EM3 EM4 EM5ရယ်လို့သိရပါသူ့အမျိုးအစားလိုက်ပြုလုပ်ပုံလေးတွေကိုအလင်းပြပေးကြပါဦး
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။