အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
697
လွန်ခဲ့သော ၆ နှစ် က · ညောင်ရွှေ

ဘယ်ရာသီမှာစိုက်ပျိုး၇င်‌ကောင်လဲဘယ်လိုမျိုး‌မြေကိုကြိုက်‌လဲမျိုး‌စေ့ဘာအ‌ကောင်ဆုံလဲသိပါ၇‌စေ

2

ဖြေကြားချက် ၂ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

အပြည့်အစုံ လေ့လာနိုင်ပါတယ် ခရမ်းချဉ် စိုက်ပျိုးနည်း

80,504 လွန်ခဲ့သော ၆ နှစ် က

နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ ပူပြင်းပြီး အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျလျှင် လည်းကောင်း၊ ခရမ်းချဉ် အပွင့်များ မျိုးမအောင် အသီး မတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့် လွန်ကဲသော ရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျှမ်းမျှ အပူချိန် ၁၈-၁၅ ဒီဂရီ စင်တီဂရိတ် ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။ အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်း ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။