စိုက်ပျိုးရေး EM အပြင်း ဖေါ်စပ်နည်း သိချင်ပါတယ် ခင်ဗျား။
အကျိုးပြုအဏုဇီဝအီးအမ် (EM) အကြောင်းသိကောင်းစရာ ======================================== စိုက်ပျိုးသူတွေ စျေး၊မြို့နယ်စိုက်ပျိုးရေးဌာနတွေမှာ ဝယ်ယူအသုံးပြုနေတာက အသင့်သုံးအီးအမ်ဖျော်ရည် ဖြစ်ပါတယ်။ မူလဇစ်မြစ်တွေကတော့ - • မူရင်းအီးအမ် (Original EM (or) OEM) ဝါညိုရောင်ရှိပြီး တစ်နှစ်ကြာ အထားခံနိုင်တဲ့ အာနိသင် ရှိပါတယ်။ • အီးအမ်အပြင်း (Concentrate EM (or) CEM) အာနိသင်(၆)လရှိပါတယ်။ စီးပွားဖြစ်ရောင်းချပြီး ကိုယ်တိုင်ဝယ်ယူဖော်စပ်နိုင်ပါတယ်။ • အသင့်သုံး အီးအမ် (Instant EM) (၃-၁၅)ရက်ပဲ အာနိသင်ရှိပါတယ်။ • အီးအမ် - ၅ ( EM-5) • အီးအမ်အက်ဖ်ပီအီး (Fermented Plant Extract – EM – FPE) တွေဖြစ်ပါတယ်။ ဖျော်စပ်တဲ့အခါ ပထမမူရင်း အီးအမ် (၁)ဆကနေ အီးအမ်အပြင်း အဆ(၂၀)ပွားယူရပါတယ်။ ဒုတိယ အီးအမ်အပြင်း ပထမအဆင့်အီးအမ်အပြင်းဖျော်စပ်နည်း -------------------------------------------- မူရင်းအီးအမ် (၅)ဆ တင်လဲရည် (၅)ဆ (မရှိရင် ထန်းလျက်ကို ကြွက်မြှီးတန်းအနေအထားရအောင်ကျိုပါ။) ရေ (၉၀)ဆ ဒီအချိုးအတိုင်းရောစပ်ပြီး သန့်ရှင်းတဲ့ ပလပ်စတစ်ပုံးမှာ အပြည့်ထည့်ပြီး လေလုံအောင်ပိတ်ထားပါ။ နေရောင်မထိတဲ့ အရိပ်အောက် အေးတဲ့နေရာမှာ ထားပါ။ တစ်ရက်တစ်ကြိမ်သမအောင်ရောမွှေပေးပါ။ (၁)လကြာရင် EM အပြင်းရရှိပါတယ်။ (၆)လအတွင်း ကုန်အောင် အသုံးပြုပါ။ (၆)လကျော်ရင် အာနိသင်မ ရှိတော့ပါ။ ဒုတိယအဆင့် အသင့်သုံး EM ဖျော်စပ်နည်း ------------------------------------------------ အီးအမ်ဖျော်ရည်အပြင်း (၁) ဆ တင်လဲရည် (၄)ဆ (မရှိရင် ထန်းလျက်ရည်ကျိုချက်ပါ။) ရေ (၉၅)ဆ ဒီအချိုးအစားအတိုင်းရောစပ်ပြီးရင် သန့်ရှင်းတဲ့ ပလပ်စတစ်ပုံးထဲအပြည့်ထည့်ပြီး လေလုံအောင် ပိတ်၊အရိပ်အောက်အေးတဲ့နေရာမှာ ထားပါ။ တရက်တစ်ကြိမ်သမလှုပ်ပေးပါ။(၃-၄)ရက်ကြာရင် ဝါညို ရောင်ကိုပြောင်းသွားပြီး သုံးစွဲဖို့ အသင့်ဖြစ်ပါတယ်။ (၇)ရက်အာနိသင်ရှိတဲ့အတွက် ဖျော်စပ်ပြီးကုန်အောင် သုံးရပါတယ်။ များသောအားဖြင့် အသုံးပြုခါနီးမှသာ ဖျော်စပ်ပြီး ကုန်အောင် သုံးရတာဖြစ်ပါတယ်။ အသင့်သုံး EM ကို ဝယ်ယူသုံးစွဲကြတာပိုများပါတယ်။ ဘယ်လိုအသုံးပြုမလဲ --------------------------- တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေမှာ တိုက်ရိုက်ဖျန်းခြင်း၊မြေဆွေးပုံပြုလုပ်ခြင်း၊စိုက်ခင်းမြေပေါ်မှာ ပန်းခရားနဲ့ ဖျန်းပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါ သီးနှံပင်ငယ်စဉ်မှာ ဆေး(၁)ဆ၊ရေ (၁၀၀၀)ဆ ၊ အပင်ကြီးရင် ဆေး (၁)ဆ၊ရေ (၅၀၀)ဆနဲ့ရောဖျန်းပါ။ စပါးခင်းလို စိုက်ခင်းမှာရေရှိနေတဲ့အတွက် အီးအမ်ကို ရေ (၂၀-၅၀)နဲ့ ရောစပ်ပြီး ဖျန်းရပါတယ်။ ရေသွင်းမြောင်းထိပ်မှာလည်း ရေသန့်ဘူးဖင် အပေါက်ဖောက်ပြီး အသုံးပြုနိုင်ပါတယ်။ မျိုးစေ့စိမ်ခြင်း ------------------ မျိုးစေ့တွေကို မစိုက်ပျိုးခင်အသင့်သုံး EMဖျော်ရည်မှာ (၁)ဆနဲ့ ရေ အဆ(၁၀၀)ဖျော်ပြီး (၂၄)နာရီတစ်ည အိပ်စိမ်ပြီးစိုက်ရင် အပင်ပေါက်ရာခိုင်နှုန်းကောင်းပြီး ပိုးမွှားရောဂါခ့နိုင်ရည်ရှိပြီး ပျိုးပင်သန်စွမ်း အကြီး မြန်ပါတယ်။ လယ်/ယာ၊ဟင်းသီးဟင်းရွက်နဲ့ သစ်သီးခြံများတွင် အသုံးပြုခြင်း ---------------------------------------------------------------------- • မြေပြင်ချိန်မှာ တစ်ဧကကို (၅)ဂါလံနှုန်း • သီးနှံတွေ စိုက်ပျိုးပြီးချိန် (၂)ပတ်သား တစ်ဧကအတွက် (၅)ဂါလံနှုန်း • သီးနှံတွေ (၁)လခွဲကြာရင် (၅)ဂါလံနှုန်း မြေတွင်းအဏုဇီဝပိုးတွေပွားများလာပြီး မြေဆီသြဇာ ထက်သန်ပြီး သီးနှံရှင်သန်ကြီးထွားပြီး အထွက်တိုးစေပါတယ်။ /////Source; စိုက်ပျိုးရေးဦးစီးဌာန
ဆက်စပ်မေးခွန်းများ
EMလုပ်ချင်လို့လုပ်နည်းကြာချိန်နဲ့ပါဝင်ပစ္စည်းလေးသိပါရစေဆရာ
ဖြေကြားချက် 5 ခု
ဆန်ဆေးရေအချဉ်ဖောက်ဆေးသုံးကျိချင်ပါတယ်ပြုလုပ်ပုံအလင်းပြပါဘယ်သီနှံမှာဘယ်လိုသုံးပြီးဘယ်လိုအာနိသင်ရှိပါသလဲ EMပြု...
ဖြေကြားချက် 0 ခု
EMဆေးရေကိုဘယ်လိုပြုလှပ်ရပါသလဲကျေးဇူးပြုု၍ဖြေကြားပါ
ဖြေကြားချက် 2 ခု
အပင်ညွန့်ဖျားေးတေကွေးကောက်နေပါတယ်အီးအမ်၅ဖျန်းလိုအြဆင်ပြေနိုင်ပါ့မလားဗျ
ဖြေကြားချက် 0 ခု
EM. အပြင်း ကို ကြာရှည်စွာ ထားသိုနည်းလေးမသိလို့ဘာခင်ဗျာ တင်လည်းရည်အနည်းငယ်ရောထည့်လို့အဆင်ပြေမလား
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။