ဖြေကြားချက် ၃ ခု
တောင်သူဦးကြီးများအတွတ် စျေးနှုန်းသင့်မြေချဉ်ငံတိုင်းစက် ၀ယ်ယူပါက အင်တာနက်မှ ရောင်းနေသော နေရာလေးပါ ညွန်ပေးပါရစေ။ ( စိုက်ပျိုးရေး သမားများအကျိုးအတွက် အခမဲ့ ကြေငြာပေးခြင်း ဖြစ်ပါသည်။ ) ၁၅၀၀၀ကျပ် ✨မြေချဉ်/ငံတိုင်းစက်လေး မှာယူလိုပါက ဖုန်း 09975244300 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ စျေးနှုန်းမေးမြန်းလိုပါက လိုအပ်တဲ့စက်ပုံလေးကိုပြသပြီးမေးမြန်းနိုငိပါတယ် လို့ ဆိုပါတယ်။ ({October/25/2019}တုန်းက တင်ထားတာကို ပြန်လည် မျှဝေရခြင်း ဖြစ်ပါတယ်)
မြေချဉ်ငံဓါတ်(pH)တိုင်း ကရိယာ ******************************* သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းတိုးတက်ရေးအတွက် မြေချဉ်ငံဓါတ် (Soil pH) သည် အရေးပါသော အခန်းမှ ပါဝင်နေပါတယ်။ စိုက်ပျိုးသော သီးနှံနှင့် သင့်တော်သော pH ဖြစ်ရန် အဓိက လိုအပ်ပါတယ်။ သင့်တော်သော pH ကိုသိရှိနိုင်ရန် မြေချဉ်ငံဓါတ်(pH)တိုင်း ကရိယာကို အသုံးပြုနိုင်ပါတယ်။ လူတိုင်းအလွယ်တကူ အသုံးပြုနိုင်ပြီး အိတ်ဆောင်သယ်ယူနိုင်ပါတယ်။ အသုံးပြုပုံ ********* (1)pH တိုင်းတာမည့် မြေမျက်နှာပြင်မှာရှိတဲ့ ကျောက်ခဲ မြက်နှင့် အမှိုတ်များကို ဦးစွာဖယ်ရှားရပါမည်။ အပေါ်ယံမြေသား အနည်းငယ်ကိုလဲ ဖယ်ရှားပေးရမည်။ မြေခြောက်လွန်းနေပါက ရေအနည်းငယ် လောင်းပေးရပါမည်။ ရေလောင့်းပြီး 25-30 မိနစ်ခန်မှာ စတင်တိုင်းတာနိုင်ပါတယ်။ (2)မတိုင်းတာခင်တွင် အဝတ်နုနုနှင့် pH မီတာရှိ သတ္ထုချောင်းများကို ပွတ်တိုက်သန့်စင်ပေးပါ။ pH မီတာကို ပထမဆုံး အသုံးပြုမည်ဆိုပါက အကြိမ်ကြိမ်တိုင်းတာဖို့ လိုအပ်ပါမယ်။ သတ္ထုချောင်းများကို ရေရှည်သုံးနိုင်အောင် သုတ်ထားတဲ့ Protective Oil ကြောင့် pH တန်ဖိုးတွေပြောင်းလဲနိုင်တာကြောင့်ပါပဲ။ (3)pH တိုင်းဖို့အတွက် သတ္ထုချောင်းကို မြေကြီးထဲသို့ ၂လက်မခွဲခန့် (6 cm)ထိုးသွင်းပြီး 3 မိနစ်အကြာတွင် မြေချဉ်ငံဓါတ် တန်ဖိုးကို ဖတ်နိုင်ပါပြီ။ စိုက်ခင်းတစ်ခုထဲမှာပဲ pH တန်ဖိုးက တစ်နေရာနဲ့ တစ်နေရာ မတူညီနိုင်ပါ။့ ဒါကြောင့် အကြိမ်များများ နေရာများများတိုင်းပြီး ပျမ်းမျှတန်ဖိုးကို ယူရပါမယ်။ (4) pH တိုင်းသလို မြေအစိုဓါတ်(Soil Moisture) နှင့် အလင်းရောင်(Light Intensity)ကိုလဲ ရှေ့မျက်နှာပြင်ရှိခလုတ်ကို ရွှေ့ပြောင်းပြီး တိုင်းတာနိုင်ပါတယ်။ (5) pH Meter ကို အသုံးပြုပြီးပါက သတ္ထုချောင်းများကို ကောင်းစွာသန့်စင်ပေးရပါမယ်။ အထူးသတိပြုရန် **************** (1) စမ်းသပ်မည့်မြေသည် မာကြောလွန်းပါက သတ္ထုချောင်းကို ထိခိုက်စေနိုင်ပါသည်။ (2) ေ့မြကြီးအတွင်း အချိန်အကြာကြီးထားပြီး မစမ်းသပ်ရ။ ၁ နာရီထက် ပိုထားပါက သတ္ထုချောင်းမျက်နှာပြင်များကို ထိခိုက်စေနိုင်ပါတယ်။ (3) သံလိုက်ပစ္စည်းများနှင့် ဝေးရာတွင်ထားပါ။ အခြားသတ္ထုပစ္စည်းများဖြင့်လဲ ရောမထားရပါ။ (4) အရည်များထဲသို့ ထည့်သွင်းမစမ်းသပ်ရ။ ကရိယာအတွင်းရှိ ဆားကစ်ပြားကို ပျက်စီးစေနိုင်သည်။ (5) သတ္ထုချောင်းများကို လက်ဖြင့်တိုက်ရိုက်မထိ မကိုင်ရ။ လက်ချောင်းများတွင် ရှိသော အဆီကြောင့် သတ္ထုချောင်းများ၏ လျှပ်စီးကူးနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ Source;internet crd;အခြေခံစီးပွားရေးအလင်းအိမ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဝဥ ရွက်သီးကို သင်္ဘောသီးပင်နဲ့တွဲစိုက်လို့ရလားသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဝဥ မျိုးစေ့ ဘယ်မှာဝယ်ရမလဲ့ ပြီးတော့ဘယ်လိုမျိုးပြုစုရမလဲ ခဗျ / ဘယ်သူမဆို အကြောင်းသိရင် ရှေ့လျှောက်လမ်း ပြပေးပါခ...
ဖြေကြားချက် 0 ခု
ဝဥကိုမြေအိတ်(သို့)ချင်းတောင်းနဲ့ဂျင်းစိုက်သလိုစိုက်လို့ရပါသလားခင်ဗျား စိုက်လို့ရရင်ဘိလပ်မြေအိတ်ခွံထဲမြေထည့်...
ဖြေကြားချက် 0 ခု
ဝဥ ဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ စိုက်ပျိုးပုံ စိုက်ပျိုးနည်းနှင့် အထွက်နှူန်း၊ သက်တမ်း၊ မျိုးရရှိနိုင်...
ဖြေကြားချက် 2 ခု
ဝဥ ရွက်သီးစိုက်ပြီး ဘယ်ချိန်မှာ တူးဖော်ရမလဲဗျ
ဖြေကြားချက် 3 ခု