အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
အမည်မသိ
လွန်ခဲ့သော ၆ နှစ် က

စပါး နီးတိုဆွဲလျှင်ဘာဆေးသုံးရမလည်

ပိုးမွှားရောဂါ စပါး စပါးနီတို
2

ဖြေကြားချက် ၂ ခု

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က

နီတို (၂) မျိုးရှိပါသည်။ သံဆိပ်သင့်ခြင်း(Irontoxicity) နှင့် သမန်းပူမိခြင်း (Organic)ကြောင့် ဖြစ်ပေါ်ကြောင်း သိစေအပ်ပါသည်။ သံအဆိပ်သင့်ခြင်းကို လယ်သမားများက “စပါးပင်များ” နီပြီးအပင်ပုတိုနေသောကြောင့် နီတုဟုသတ်မှတ်ပါသည်။ ယနေ့ မြန်မာ့ဆန်စပါး ထုတ်လုပ်မှု များတွင် မျိုးစေ့ကပ်လောက်အောင် ကောင်းကောင်း၊ စိုက်ပျိုးမြေတွင် သံဓါတ်များလွန်ကဲစွာ ဖြစ်ပေါ်နေပါက ဤကဲ့သို့လက္ခဏာဖြစ်ပေါ်စေပါသည်။ အချို့ကမှားယွင်းစွာဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သုံးစွဲကြပြီး အနာတခြားဆေးတခြား ဖြစ်နေကြပါသည်။ အဓိကဖြစ်ရပ်မှာ ပိုတက်စီယမ်ဓါတ် ချို့တဲ့မှုကြောင့်ပြသော ဤလက္ခဏာအပေါ် စွတ်ရွတ်ထင်ရာစိုင်းပါက၊ ပေါ့စေလို၍ကြောင်ရုပ်ထိုး ဆေးအတွက်လေးဖြစ်စေပါသည်။ ထို့ကြောင့်စာရေးသူ၏ဆန္ဓနှင့် အတွေ့အကြုံအရ၊ အာဟာရဓါတ်ချို့တဲ့မှုကို မလေ့လာဘဲ မသင့်တော်သော အတွေးအခေါ်၊ အယူအဆ လမ်းမှားမရောက်စေလိုသောကြောင့် ဖော်ပြလိုက်ရပါသည်။ ဒုတိယနီတိုလက္ခဏာမှာ စပါးပြီးစပါး (မိုးစပါးပြီးနွေစပါးစိုက်ခင်း) ခင်းများတွင်လက်အပုပ် (decomposition) မဖြစ် တော့ဘဲ ၎င်းစပါးစိုက်ရိုးပြတ်မှ ထွက်ပေါ်လာသော အော်ဂဲနစ်အက်ဆစ်များကြောင့် နွေစပါးပင် များ နီတိုဖြစ်ပေါ်စေပါသည်။ ၎င်းပြဿနာကို C/N ratio ခေါ် ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး လျော့နည်းစေရန်အတွက် ပုလဲဓါတ်မြေသြဇာဖြင့် ပျောက်ကင်းနိုင်ပါသည်။

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က

“နီတို၊ ဝါတို၊ စိမ်းတို”တွေရဲ့ပြဿနာမြေများ လင့်ကို နှိပ်ပီး လေ့လာနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။