အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ထီးလင်း

မုန်လာဥမာဘလိုပိုးတေက ဖျက်ဆီးတွပါသလဲ? ဘလိုရောဂါတေကျရောက်တတ်ပါသလဲ? အဲဒါတေကိုဘလိုဖြေရှင်းရမလဲ့?

ပိုးမွှားရောဂါ မုန်လာဥနီ
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

မုန်လာဥနီတွင် အဖျက်ပိုးများ များများ စားစား ကျရောက် ဖျက်ဆီးခြင်း မရှိသော်လည်း အောက်ပါ ပိုးများရောဂါများကို သိရှိထားသင့်သည်။ နီမတုတ်ခေါ် အပ်ချည်မျှင်သဏ္ဍာန် အပင်ရည် စုပ်စား၍ အမြစ်တွင်းတွင် ရှင်သန်နေထိုင်ပြီး အမြစ်ထုံးစေတတ်သော ကပ်ပါးပိုးတစ်မျိုးဖြစ်သည့် နီမတုတ်၏ ရန်မှ ကာကွယ်ရန် ရေတစ်လီတာတွင် မန်ကိုဇက် နှစ်ဂရမ် ဖျော်၍ သုံးနိုင်သည်။ ဘတ်တီးရီးယား လောင်မီးကျရောဂါ အရွက်ကိုအညိုရောင် ဖြစ်ပြီးပျက်စီးစေသည်။ ပန်းပွင့်များကို ညိုး၍ ပျက်စီးစေသည်။ အရွက်ပေါ်ရှိ အနာကွက်များကြီးလာပြီး နောက်ဆုံး ပျက်စီးဆုံးရှုံးစေသည်။ ကော့ပအောက်ဆီကလိုရိုက် ၀.၂၅ ရာခိုင်နှုန်းကို အသုံးပြုပြီး ကာကွယ်နိုင်သည်။ ဘတ်တီးရီးယား ပုပ်ပျော့ရောဂါ ရေစိုနာကွက်များ ဖြစ်ပေါ်လာပြီး အရွက်လယ်ခွက်တွင် ပျော့ပြဲ၍ ပျက်စီးကာ ရေစိုပုပ်များ ဖြစ်ပေါ်သည်။ ခဲရောင်မှ အမဲရောင်သို့ အနာကွက်များဖြစ်ပြီး အလွန်ဆိုးရွားသော အနံ့များ ထုတ်ပေးသည်။ အမြစ်တွင် ဖြစ်ပေါ်ပါက အလွန်မြန်သောကူးစက်မှု့ကို ဖြစ်စေသည်။ ဤရောဂါကို ကာကွယ်ရန် မသိုလှောင်မီတွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် တစ်ဆ ရေ အဆ ငါးရာနှင့်ဖျော်၍ စိမ်ပြီးမှ သိမ်းဆည်းပါ။ ရွက်ပြောက်ရောဂါ ဖြစ်စတွင် အရွက်နားတလျောက်အလိုက် အနာကွက်များစဖြစ်လာသည်။ အနား မရှိသော အနာကွက်များ၊ အစိမ်းရောင်မရှိတော့သော အနာကွက်များ အလယ်၌ ရှိသော အနာကွက်များ အစက်အပြောက်များပေါ်လာသည်။ အစေ့များကို ကပ်တန် လေးဂရမ်ကို ရေဖျော်၍ အသုံးပြုခြင်းကို စိုက်ပြီးသော်လည်း ကော့ပါးအောက်ဆီကလိုရိုဒ် သို့မဟုတ် မန်ကိုဇက် ကို ဆယ်ရက်ခြား တစ်ကြိမ် ဖျန်းခြင်းဖြင့် တွဲသုံးသင့်သည်။ ဖြူရောင်ကြပ်ခိုးမှို အတွက်လည်း ထိုနည်းအတိုင်းပင် ပြုလုပ်နိုင် သည်။ သိုလှောင်ရာတွင် ကျရောက်မှု့များသဖြင့် အပူချိန်နိမ့်ပြီး လေဝင်လေထွက်ကောင်း၍ မကြာခဏဆိုသလို စစ်ဆေးရန် လိုအပ်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။