အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ဝမ်းတွင်း

ဘယ်အပင်အမျိုးအစားတွေက ဘယ်လိုအဟာရဓာတ်တွေလိုအပ်လဲဆိုတာလေးသိချင်လို့ပါ သိတဲ့လူများပြောပြပေးပါအုံး

အပင်အာဟာရ ငရုတ်သီး ငရုတ်ပင်အာဟာရ
1

ဖြေကြားချက် ၁ ခု

79,224 လွန်ခဲ့သော ၆ နှစ် က

အဓိက အာဟာရလိုအပ်ချက်တွေက အပင်အားလုံးအတူတူပါပဲ။ ဒါပေမယ့် အရွက်စားပင် အသီးစားပင် ဥစားပင်ရယ်ဆိုပြီးအကြမ်းဖျင်းအား ဖြင့် ခွဲထားပြီး အမျိုးအစားအလိုက် အာရုံပိုစိုက်သင့်တဲ့ မြေသြဇာလေးတွေတော့ရှိပါတယ်။ အဓိက လိုအပ်တဲ့ အာဟာရဓာတ် ၃ မျိုးကတော့ နိုက်ထရိုဂျင် ၊ဖော့စဖော့ရပ်၊ ပိုတက်စီယမ် ပေါ့နော်။ ကွန်ပေါင်းဆိုပြီးအသုံးပြုကြပါတယ်။ အရွက်ယူမယ့်သီးနှံမျိုးဆိုရင်တော့ နိုက်ထရိုဂျင်ဓာတ်ကို နဲနဲလေးပိုအလေးပေးထည့်ပေးရတာမျိုးပေါ့။ဥယျာဉ်ခြံသီးနှံလို အသီးချိုဖို့လိုတယ်ဆိုရင်တော့ တခြား အနည်းလိုအာဟာရတွေထည့်ပေးရတာမျိုးပါရှင့်။ အသေးစိတ်ကို အစိမ်းရောင်လမ်းက ဆောင်းပါးတွေနဲ့ ဖော်ပြပေးပါလိမ့်မယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။