ဖြေကြားချက် ၂ ခု
ကျေးဇူတင်ပါတယ်ဆရာ
အရေးကြီးဆုံးအာဟာရကိုဘဲပြောမယ်နော်။တီစူပါဖော့စ်ဖိတ်(P)ကို စိုက်သမန်းပြင်ချိန်မှာ အိတ်ဝက်ထည့်ရပါမယ်။ပိုတက်ရှ်(K)ကို ၂ခါခွဲကျွေးရပါမယ်။ပထမတစ်ကြိမ်ကို စိုက်သမန်းပြင်ချိန်မှာ တစ်အိတ်ရဲ့လေးပုံတစ်ပုံကျွေးရမယ်။ ဒုတိယအကြိမ်ကိုသက်လျင်ဆိုရင်(၄၈ မှ ၅၂ရက်အတွင်း), သက်လတ်(၆၈ မှ ၇၂ရက်အတွင်း), သက်ကြီး(၈၃ မှ ၈၇ရက်အတွင်း) ကျွေးပေးရပါမယ် (တစ်အိတ်ရဲ့လေးပုံတစ်ပုဲပါဘဲ)။စုစုပေါင်း ပိုတက်ရှ်အိတ်ဝက်ပေါ့။ယူရီးယား(ပုလဲ)ကို ၃ကြိမ်ခွဲပြီးကျွေးရပါမယ်။ပထမအကြိမ်.. ကောက်စိုက်ပြီး ၂ပါတ်(၁၄ရက်)မှာ ၃ချိုး၁ချိုး,ဒုတိယအကြိမ်..သက်လျင်(၆၂ရက်သား),သက်လတ်(၈၂ ရက်သား),သက်ကြီး(၉၇ရက်သား)တွေမှာ ၃ချိုး၁ချိုး,တတိယအ ကြိမ် ..သက်လျင်(၇၅ရက်သား), သက်လတ်(၉၅ရက်သား), သက်ကြီး(၁၁၀ရက်သား) တွေမှာ ၃ချိုးတစ်ချိုးနှုန်းကျွေးရပါမယ်။ပုလဲက မိုးစပါးဆိုရင် ၁ဧက..၁အိတ်နှုန်း,နွေစပါးဆိုရင်၂အိတ်နှုန်းအသုံးပြုသင့်ပါတယ်။သီးနှံကိုမြေဆီကျွေးရာမှာ သတိပြုရမှာက လိုအပ်တဲ့အာဟာရကို အပင်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ပမာဏကိုကျွေးမှသာ အကျိုးရှိစေမှာဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပုလဲကြဲပြီးဘယ်နှစ်ရက်နေမှစပါးစားသုံးနိူင်လဲအာနိသင်ဘယ်လောက်ခံလဲ။
ဖြေကြားချက် 3 ခု
စပါးပင် အရွက်တွေက နီပြီးတော့အရွက်စောက်တယ် အရွက်အဖျားတွေခြောက်နေလို့ ဘယ်လိုဖြစ်တာလဲခဗျာ ဘာဆေးတွေသုံးရမလဲ လမ်း...
ဖြေကြားချက် 6 ခု
သက်တမ်းက105ရက်ပိုတက်ဘယ်ချိန်လောက်ကျွေးရမလဲ
ဖြေကြားချက် 2 ခု
စပါးမှာ ပေါင်းသတ်ဆေးဖျန်းပြီး ဓာတ်မြေဩဇာသုံးသင့်လား၊ဘယ်လောက်ကြာမှသုံးသင့်လဲ၊ဘာအတွက်ကြောင့်မသုံးသင့်သလဲ၊သုံးရင်...
ဖြေကြားချက် 1 ခု
ပုလဲကျွေးပြီးဘယ်လောက်ကြာမှရေပြန်တင်ရမလဲ
ဖြေကြားချက် 0 ခု