ဖြေကြားချက် ၁ ခု
ငပျောပင်ကို ပုံမှန်အချိန်မှန် အတက်ရှင်းပေးရပါတယ်။ရှင်ပြီးတဲ့အခါ ငပျောပင်အခေါင်းပေါ်နေတဲ့ အပင်ရင်းကို ပေါက်တူပေါက်ပြားဖြင့် မြေကြီးပစ်သွင်းပေးရပါတယ်။ငပျောရွက်နှင့် အပင်အကြင်းအကျန်တွေကို အပင်ရင်းမှာ စုပုံပေခြင်းကိုမပြုလုပ်သင့်ပါဘူး။အဘယ်ကြောင့်ဆိုသော် ငပျောပင်အခေါင်းကို ထွင်းဖောက်စားသော အခေါင်းဖောက်ပိုးတို့သည် ငပျောပင်အကြင်းအကျန် ငပျောရွက်အဆွေးမြေ့တိုကိုစားသောက်၍ အပင်ခြေမှန အသီးထွက်ရာ ငပျောအူတိုင်ကို ကူစက်ပြီ အပင်ညိုးခြောက်ခြင်း၊အသီးထွက်သောအခါ ခါးဆစ်မှ အလွယ်တကူကျိုးကျခြင်း၊အပင်တုတ်ခိုင်သန်မာမှုလျော့ပါကျဆင်းခြင်း၊ရာသီဥတုဒဏ်မခံနိုင်ခြင်း စသည်တို့ဖြစ်ပေါ်လာသည်။ငပျောပင်နှင့် ခပ်မလှမ်မကမ်းနေရာတွင် စင်းခုတ်စုပုံလျက်ခြောက်သွေ့စေရပါသည်။ ရောဂါပိုးမွှာကျရောက်သော အပင်အတွက် ကာကွယ်ပျောက်ကင်းစေသော ဆေးဝါးမရှိပါ။ အခြားအပင်များမကူးစက်စေရန် ထိုငပျောပုတ်ကို ခုတ်ထွင်းရှင်းလင်း၍ အခေါင်းကို တူးပစ်ပြီး ထိုမြေနေရာ၌ အရွက်ခြေက် အပင်ခြောက်များဖြင့် မီးရှို့ဖျက်ဆီးပြီး ပင်လုံးပျံ့မြေခံဆေးကို ပစ်ဖျူးဖျော်လောင်းခြင်းတို့ကို ပြုလုပ်၍ ထိုနေရာအနီးတွင် နောက်ထပ်ငပျောပင်ကို အသစ်ထည့်သွင်းစိုက်ပျိုးသင့်ပါသည်။ ငပျောအတက်ရှင်းလင်းခြင်းနှင့် ငပျောပင် အခေါင်းကို မြေဖြင့် လုံခြုံအောင်ဖုန်းအုပ်၍ ပိုတက် ဖော့စပိတ် တီစူပါ စသော မြေဩဇာထည့်ခြင်းနှင့် အတူ ရာသီမှန်အချိန်မှန်ပြုလုပ်ဆောင်ရွက်ခြင်းတို့သည် ပိုးမွှားရောဂါကင်းစင်ပြီ အောင်မြင်ဖြစ်ထွန်းစေပါသည်။ငပျောအခေါင်းပိုးဝင်ပြီး အပင်ညိုးလျင် သေခြာတာက ငပျောပုတ်ကို ရှင်းလင်းပြီး အသစ်ပြန်လည်စိုက်ခြင်း၊မီးရှို့ခြင်း မြေခံပိုးသတ်ဆေးချခြင်းတိုဖြင့် တခြားငပျောပင်ပိုးမကူးစက်အောင် ကာကွယ်သင့်ပါသည်။
ဆက်စပ်မေးခွန်းများ
သီးမွှေး ငှက်ပျောပင် စိုက်နည်းလေး သိချင်ပါတယ် အလင်းပြပေးပါ
ဖြေကြားချက် 3 ခု
ပိုးတေကြနေတာဘာဆေးသုံးရင်ကောင်းလဲဗျဖြေပေးပါလား
ဖြေကြားချက် 1 ခု
လေးပြောပေးကြပါအုံး
ဖြေကြားချက် 3 ခု
ပင်စည်ဖောက်ပိုးကိုဘယ်လိုနှိမ်နင်းရမလဲလို့ပါ
ဖြေကြားချက် 6 ခု
ငုက်ပျော အခိုင်ကျကောင်းအောင် ဘာတွေ လိုအပ်လဲ ဖြေပေးပါ နော်
ဖြေကြားချက် 2 ခု