အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,180
လွန်ခဲ့သော ၆ နှစ် က · နောင်ချို

ပြောင်းစီပီတဧကကိုတထုပ်နုန်းဝန်းကျင်စိုက်ပြီးကုန်ချိန်ပိဿာအနည်းဆုံးနှစ်ထောင်လောက်ထွက်ချင်တယ် ပြောင်းဈေးမကောင်း...

ပြောင်းစီပီတဧကကိုတထုပ်နုန်းဝန်းကျင်စိုက်ပြီးကုန်ချိန်ပိဿာအနည်းဆုံးနှစ်ထောင်လောက်ထွက်ချင်တယ် ပြောင်းဈေးမကောင်းလည်းထွက်ကုန်များရင်တွက်ခြေကိုက်အောင်လို့ပါ နည်းပညာလေးတွေတတ်သိသူဆရာများကူညီကြပါဗျာ

စိုက်ပျိုး ဗဟုသုတ ပြောင်း ပြောင်းစိုက်ပျိုးနည်း
Post image
2

ဖြေကြားချက် ၂ ခု

1,180 လွန်ခဲ့သော ၆ နှစ် က

ပြောင်းနဲ့ပဲတမျိ ဦးမျိုး ုးကိုသီးထပ်သီးညပ်အနေနဲ့စိုက်ပြီးပြောင်းရတဲ့အချိန်မှာချိ ုးယူပြီးမှထယ်မှောက်ပြီးသစ်စိမ်းမြေသြဇာလုပ်ရင်လည်းပြေလည်မူရနိုင်ပါသလားဗျာ

15,048 လွန်ခဲ့သော ၆ နှစ် က

cp ပြောင်းကိုပဲ နှစ်တိုင်းစိုက်နေကျလားရှင့် ။ CP ပြောင်းတွေရဲ့ သဘာဝအရ တစ်နှစ်ထက်တစ်နှစ် မြေဩဇာလိုအပ်ချက်က ပိုပိုများလာလိမ့်မယ်ရှင့် ပြောင်းပဲနှစ်တိုက်းစိုက်တဲ့မြေက အားကုန်နေပြီး အထွက်တိုးဖို့ဆို သွင်းအားစုတွေကို အများအပြားသုံးစွဲရတာကြောင့် တွက်ခြေကိုက်ဖို့ ခက်လှပါတယ်။ ဒီသံသရာထဲကနေထွက်ချင်ရင်တော့ တခြားဈေးကွက်ရသီးနှံကို နဲနဲစီခွဲစိုက်ပါ ပြောင်းစိုက်မယ့်နေရာမှာ ပဲတစ်မျိုးမျိုးအရင်စိုက် ပန်းပွင့်ချိန်လေးမှာ ထယ်မှောက်ပြီး သစ်စိမ်းမြေဩဇာလုပ်ပါ ဒါဆိုရင်တော့ သွင်းအားစုစရိတ်နဲနဲလျော့သွားပြီး တွက်ခြေကိုက်နိုင်ပါတယ် အထွက်များမှတွက်ခြေကိုက်မယ့်နည်းမဟုတ်ဘဲ ကုန်ကျစရိတ်လျော့ချပြီး ရတဲ့အထွက်နဲ့တွက်ခြေကိုက်မယ့်နည်းလမ်း‌ေတွရွေးချယ်နိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။