ကျွန်တော့်ပဲခင်းမှာ တောင့်နဲပိုးတွေ တအားကျနေတာ ဆေးတွေလည်း ပက်နေတာပဲ မရဘူးဖြစ်နေတယ်ဗျာ
ပိုးလောက်ကောင်တွေကို လက်နဲ့ကောက်ယူဖယ်ရှားပေးပါ။ မီးထောင်ချောက်တွေထားပါ။ အခင်းမှာ ပင်ကြွင်းပင်ကျန် ဖျက်ဆီးခံထားရတဲ့ အပင်တွေကိုဖျက်ဆီးပစ်ပါ။ ထိသေ၊ စားသေပိုးသတ်ဆေးတွေသုံးလို့ရပါတယ်။ ပိုးသတ်ဆေးဖျန်းများရင်လည်း ဆေးကိုခံနိုင်ရည်ရှိသွားနိုင်တဲ့အတွက် ဆေးရွက်ကြီးဖျော်ရည်နဲ့ ဆပ်ပြာရည်တွေကိုတစ်လှည့်စီဖျန်းပေးပါ။ နောက်ရာသီတွေစိုက်မယ်ဆိုရင်တော့ ပြောင်းဖူးကိုထောင်ချောက်သီးနှံအနေနဲ့စိုက်ပျိုးတာတွေ၊ ထယ်ထွန်ဝင်ပေးတာတွေပြုလုပ်ပေးပါ။
ဆက်စပ်မေးခွန်းများ
❀ဖော်ကျွန်း❀ပေါင်းသတ်ဆေးသုံးမလို့ဗျ အဆင်ပြေပါမည်လား မိတ်ဆွေတို့ ခင်ဗျာ ပဲတန်းကြားမှာ ခရမ်းချဉ် တွဲစိုက်ထားသေး...
ဖြေကြားချက် 3 ခု
မှု ိသတ်ဆေးနဲ့ပိုးသတ်ဆေး တွဲပြီးသုံးလို့ ရပါသလား ခင်ဗျာ
ဖြေကြားချက် 9 ခု
အရွပေါ်မှာ အဖြူ အပြောက်တွေ တွေ့နေရတယ်ဗျ ရောဂါလား ပိုးမွှါးလား သီးနှံအတွက် အန္တရာယ်ရှိနိုင်ပါသလားခင်ဗျာ မည်သို့...
ဖြေကြားချက် 7 ခု
စိုက်ဘောင်ပြင်ချိန် ထုံးထည့်ပေးခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်ပါသလဲခင်မျာ
ဖြေကြားချက် 8 ခု
အဲ့ဆေးနည်းက ရုံးပတီတို့ပဲရှည်တို့ဖျန်းရလားဗျ တစ်စိတ်လောက်ပြေါပြပေးပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။