အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,097
လွန်ခဲ့သော ၆ နှစ် က · တောင်တွင်းကြီး

ညအခါမှာ မီးရှို့ခြင်းဟူသော မီးထောင်ချောက် ၏ အကျ ု ိးအပြစ်ကို သိလိုပါတယ် မိတ်ဆွေ တို့ခင်ဗျာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
4

ဖြေကြားချက် ၄ ခု

6,097 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါပဲ ကိုညီညီခင်ဗျာ ကျွန်တော်လည်း ဆက်လက်ပြီး စမ်းသပ်ကြိုးစားကြည့်ပါအုံးမည် လေးစားလျှက်ပါ မိတ်ဆွေ ခင်ဗျာ

111,325 လွန်ခဲ့သော ၆ နှစ် က

မီးထောင်ချောက်ဆိုတာထက် နေဝင်ရီတယောအချိန်ဟာ ‌လေဟာငြိမ်သက်ပြီး အအေးဖက်ကိုကူးပြောင်းလာတဲ့အခါ လေပြင်းတွေငြိမ်ပြီးလေနုလေအေးလေးတွေ ညင်ညင်လေးတိုက်ခတ်တတ်လို့ ညှင်းလေသွေးတယ်လို့ဆိုကြပါတယ်။အဲဒီညှင်းလေသွေးခိုက်ကာလတွေဟာ တစ်ရာသီနှင့်တစ်ရာသီ မတူကွဲပြားကြပါတယ်။ထိုခိုက်တန့်ကာလမှာ မီးကိုမြေနှင့်အုံးပြီး မီးခိုးကို စိုက်ခင်းရဲ့လေတင်အရပ်ကနေပြီး တငွေ့ငွေ့လောင်ကျွမ်စေတဲ့အခါ ပိုးမွှာရောဂါကို မောင်းပေးပါတယ်။နံနက် နေလုံးကြီးတက်လို့ လေ‌စတင်တိုက်ခတ်တဲ့အခါမှာလည်း ဥတုရာသီအလိုက်အတိမ်းအစောင်းတွေရှိပါတယ်။နံနက်အခါလေကိုတော့ လေပြေဉီးလို့ဆိုကြပါတယ်။ထိုအချိန်ကာလဟာလည်း လေပြင်းတွေမတိုကခတ်ပါဘူး။မိုးရာသီအချိန်ခါမှလွဲပြီး ကျန်ရာသီတွေမှာတော့ လေပြေတွေပဲတိုက် ခတ်ကြပါတယ် လေရဲ့သဘောတရားလေ့လာသူ ဓမ္မပညာကျင့်သူတွေကတော့ ရာသီဥတုနှင့်သက်ဆိုင်တဲ့လေကိုအနုအရင့်အပြင်းအပျော့ သရုပ်ခွဲကြပေမဲ့ စိုက်ပျိုးသူရုက်က္ခဝေဒနိဿရပြုသူတွေကတော့ မီးကိုလေတင်ကနေ ငွေ့ငွေ့လောင်စေကာ မီးခိုးကို ဖြစ်စေပါတယ်။သစ်ပင်တို့ကို မီးခိုးစတဲ့ ကာဗွန်အငွေ့သက်နှင့် လန်းလန်းစွင့်စွင့်အစာချက်စေပါတယ်။ပိုးမွားကင်းစင်စေတတ်သော မီးရနံ့ကိုဖြစ်စေပါတယ်။အပင်တွေလှပစိမ်းမြခြင်းနှင့်အတူ ပိုးမွှားကင်းစင်ခြင်း စိုက်ပျိုးသူကို စိတ်နှလုံးနိုးကြားစေခြင်း နေတည်းဟူသော အချိန်ကိုမှီ၍ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တတ်ခြင်းနှင့် တခြားမမြင်ရသော ဉာဏ်နှင့်သာသိမြင်ပိုင်းခြားသော သဘောသဘာဝများကိုသိမြင်စေပါတယ်။ပိုးကောင်အင်းဆစ်‌လေးတွေ ဘယ်ချိန်အိပ်ရာဝင် အိပ်ရာထသလဲဆိုတာမျိုးတွေပေါ့။

6,097 လွန်ခဲ့သော ၆ နှစ် က

ပဲတောင့်ရှည်နှင့်ခရမ်းချဉ်အတွက် အဓိက သုံးခြင်းးပါခင်ဗျာ ပဲဈောင်းလျှား သခွါး ရုံးပတီ စတဲ့ အခြားသီးနှံတွေလဲ စိုက်ထားပါတယ် ဒါကြောင့်မို့ သီးနှံ အားလုံးအတွက် မီးထောင်ချောက်၏ အကျ ု ိး အပြစ်ကို သိလိုခြင်းပါ ခင်ဗျာ

111,325 လွန်ခဲ့သော ၆ နှစ် က

မီးထောင်ချောက်ဆိုတာထက် မီးကြိုက်တဲ့ အင်းဆစ်တွေထဲမှာ အပင် အသီးနှင့် အရွက်စားပိုးမွှာတွေလည်ပါဝင်နေတတ်တဲ့အတွက် မီးထောင်ချောက်ကို ဘာအတွက်သုံးတာလဲခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။