ဖြေကြားချက် ၃ ခု
အပင်တွေမှာ ရောဂါတစ်ခုဖြစ်ဖို့ အခြေအနေ ၃ ရပ်လိုပါတယ်ရှင့်။ အဲတာကတော့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေရယ်၊ အပင်ရယ်၊ ရောဂါဖြစ်စေတဲ့သက်ရှိရယ်ပါ။ ဒီ အခြေအနေ ၃ ရပ်လုံးအားကောင်းနေမှ ရောဂါဖြစ်တာပါ။ တစ်ခုတည်းအားသာနေရင် မဖြစ်နိုင်ပါဘူး။ ဒီတော့ အစ်ကိုပြောတဲ့မှိုဆိုတဲ့ ရောဂါဖြစ်စေတဲ့ သက်ရှိလေးတွေက လေထဲမှာရော မြေထဲမှာရော နေတတ်ပါတယ်။ လယ်ယာသုံးကိရိယာတွေကနေတစ်ဆင့် အပင်ကို ကူးဆက်ပါတယ်၊ ဥပမာ ကတ်ကြေးတို့ ပေါက်ပြားတို့ပေါ့။ ပတ်ဝန်းကျင်အခြေအနေက စိုထိုင်းစများနေတဲ့အခါမျိုးတွေမှာ ဒီသက်ရှိတွေက အသက်ဝင်လာတတ်ပါတယ်။ ဒါဆို ရောဂါဖြစ်နိုင်ချေ ၂ မျိုးက အားသာသွားပါပြီ။ ဒီအချိန်မှာ အပင်အရွက်ပေါ်က စတိုမာအပေါက်လေးတွေ ဟ နေချိန်နဲ့တိုးရင် ရောဂါဝင်သွားတတ်တာမျိုးပါ။ ရေကြိုက်တာ ရေမကြိုက်တာကတော့ ပတ်ဝန်းကျင်အခြေအနေ ကိုပြောခြင်းဖြစ်ပါလိမ့်မယ်၊ တစ်ခါတစ်လေမှာ မှိုမျိုးစေ့လေးတွေကို ရေကသယ်ဆောင်ပါတယ်။ဒီလိုအခြေအနေတွေမှာ ရောဂါပျံ့နှံ့မှုက မြန်သွားပါလိမ့်မယ်။ ခြောက်သွေ့တဲ့အချိန်ကတော့ စတိုမာတွေ ပွင့်နေတဲ့အချိန်မျိုးကို ဆိုလိုခြင်းဖြစ်ပါလိမ့်မယ်ရှင့်။
ဆက်စပ်မေးခွန်းများ
လှေးပိုးသတ်ဆေးဘယ်လိုဆေးကောင်းလဲ
ဖြေကြားချက် 3 ခု
ကြက်သွန်နီးခင်ထဲက ကြိတ်မာန်နဲ့ဝမ်ဘဲစာပေါင်းတွေကို ဘာဆေးအသုံးပြုရင်အဆင်ပြေနိင်မှာလဲဗျာ အကြံပြုပေးကြပါအုံးး
ဖြေကြားချက် 5 ခု
နောက်ပိုင်းကြက်သွန်ဥချနည်းလေးသိချင်ပါတယ်ဗျအလင်ပြပေပါ
ဖြေကြားချက် 1 ခု
ဥချနည်လေးသိချင်လိုပါ
ဖြေကြားချက် 6 ခု
အဖူးတန် ေတွအထွက်များေနလို့ ဘယ်လို လုက်သင့်ပါလဲ
ဖြေကြားချက် 5 ခု