အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမည်မသိ
လွန်ခဲ့သော ၆ နှစ် က · မော်လမြိုင်ကျွန်း

မှိုယောဂါဖြစ်နေပါတယ်ဘာလုပ်ရမလဲ ဘာဆေးဖျန်းရမလဲ ဝူတန်ဗိုင်ရပ်လိုကူဆက်မြန်နေပါတယ် ကူညီကြပါအုံးခင်ဗျာ

ပိုးမွှားရောဂါ စပါး စပါးရွက်ညိုပြောက်ရောဂါ
Post image
Post image
Post image
Post image
16

ဖြေကြားချက် ၁၆ ခု

aungaung
aungaung 3,544 လွန်ခဲ့သော ၆ နှစ် က

ဂုတ်ကျိုးရောဂါပါ ရောဂါကိုဆိုင်မှာပြောပီးဝယ်ဖျန်းပါမြန်မြန်ဖျန်းစေချင်ပါတယ် ပုလဲကိုလုံးဝမကြွေးပါနဲ့ဆေးဖျန်းပီးတစ်ပတ်နေမှကြွေးပါ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

အကို့ရောဂါနဲ့ က ဗာလီဆိုဒ်ထက် ဟက်ဆာဂွန်က ပိုပြီးသင့်တော်ပါတယ်

အမည်မသိ
အမည်မသိ 1,508 လွန်ခဲ့သော ၆ နှစ် က

ဘာလီဆိုက်မှိုရောဂါပျောက်ရဲလာ ဈေကြီးပေမဲ့ရောဂါပျောက်ဖိုပဲလိုတယ် တွေရမြင်ရတာစိတ်ညစ်နေပြီဗျာ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

ကောင်းပါတယ်

အမည်မသိ
အမည်မသိ 1,508 လွန်ခဲ့သော ၆ နှစ် က

ပေါ်တက်နဲပုလဲပက်မယ်မှိုသတ်ဆေဖြန်မယ် ကောင်ပမလား

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

ပြန်လဲလို့ရရင် ပြန်လဲလိုက်ပါ ဗာလီဆိုက်က စျေးကြီးတယ် ဟက်ဆာဂွန်က စျေးနည်းတယ်

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

Awba ဆေးဆို ဟေဗင် ၊ ပရိုဝမ်း သုံးပါ ဘယ်ဆိုင်ဝယ်ဝယ်ရှိပါတယ်

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

ဗာလီဆိုက်က ဘက်တီးရီးယားဆို ပိုကောင်းတယ် အကို့မှာဖြစ်နေတဲ့ ရွက်ညိုပျောက်ကျတော့ ဒိုင်ဇီ တို့ ဟက်ဆာဂွန်တို့က ပိုအဆင်ပြေတယ်

အမည်မသိ
အမည်မသိ 1,508 လွန်ခဲ့သော ၆ နှစ် က

ဒီဆေဘဲရတယ်အဆင်ပြေပါ့မလာ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

ဘယ်မှာဆိုင်ဝယ်ဝယ်ရှိပါတယ်

အမည်မသိ
အမည်မသိ 1,508 လွန်ခဲ့သော ၆ နှစ် က

အခုပြောတဲဆေးဘယ်ဆိုင်မှဝယ်လို့မရပါ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ပါတယ်။မှိုရောဂါပါ။ပရိုပီကိုနာဇိုး,ကလိုရိုသာလိုနေး,ကာဗင်ဒါဇင် ဆေးတစ်မျိုးမျိုး မေးမြန်းဝယ်ယူပြီးဖျန်းပေးပါ။

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

မြေဆီကျွေးရင် ပုလဲတမျိုးတည်း မကျွေးပါနဲ့ ပိုတက်နဲ့ရောကျွေးပါ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

ရွက်ညိုပျောက်ရောဂါပါ Hexaconazole (ဟေဗင်, ဟက်ဆာဂွန်) ဖျန်းလို့ရတယ်

TZO
TZO 116 လွန်ခဲ့သော ၆ နှစ် က

မှိုလား ပိုးလားသိချင်ပါတယ်ပညာရှင်တို့

zuly phyo
zuly phyo 986 လွန်ခဲ့သော ၆ နှစ် က

ဟေဗင် ဖျန်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။