ဖြေကြားချက် ၄ ခု
သဲမြေဆိုပေမယ့် အပေါယံမြေထုလွှာသည် ဆွေးမြေ့ဆဲရုပ်ကြွင်းများပေါင်းစပ်ပါဝင်နေပြီး၊အမြစ်တိုးဝင်နိုင်မှုအားကောင်းသော သဘာဝဖြစ်စဉ်ရှိပါတယ်။ရုပ်ဂုဏ်သတ္တိသဘောအရ ရေသည်လည် ရုပ်ဖြစ်တည်မှုကို အထောင်ပံ့ပြုခြင်းကြောင့် ရေနှင့်အတူတကွ ဓါတုဆွေးမြေပြိုကွဲခြင်းအလျှင်ရှိသော အီးအမ်က ဓါတုပြိုကွဲခြင်းကို အထောက်ပံ့ဖြစ်စေသည့်သဘောရှိခြင်းကြောင့် ရုပ်ဂုဏ်သတ္တိပြောင်းလွဲခြင်းဖြစ်စဉ်တွင် ဓါတ်အကူပစ္စည်းတစ်မျိုးဟုဆိုရပေမည်။မြေကြီး၏သဘာဝ၊မြေဩဇာ၏သဘာဝ၊အီးအမ်၏သဘာဝ၊ရှင်သန်ဖြစ်တည်နေတဲ့သစ်ပင်၏သဘာဝတိုသည် အကြောင်းပြုပုံမတူသော်လည်း အကျိုးလားရာကတော့ ရုပ်သစ်သို့ဓါတုပြောင်းလွဲခြင်းဆင့်ကဲဖြစ်စဉ်နှင့်ရုပ်ပောာင်းတို့၏ဆွေးမြေ့ခြင်းဓါတုဆင့်ကဲဖြစ်စဉ်သည် အတူတကွ သံသရာလည်နေခြင်းအလျင်ဖြစ်စဉ်ကို အကြောင်းအကျိုးပြုခြင်းဖြစ်သည်။
မေးခွန်းကအင်မတန်ကောင်းပါတယ်။ထည့်သွင်းပေးလိုက်တဲ့အဟာရဓာတ် (အပင်/ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း)တွေကိုအပင်က စားသုံးမှုဟာ လုပ်ငန်းအဆင့်များစွာရှိတာမို့ စာရှည်သွားမှာမို့ အသေးစိတ်မရှင်းပြတော့ဘဲ အကြမ်း ဖျင်းပြောပြပါမယ်။အပင်နဲ့တိရစ္ဆာန်အညစ်အကြေးဆိုရာမှာအပင်ဆိုတဲ့စကားလုံးအစား ပင်ကြွင်းပင်ကျန်(ရိတ်သိမ်းပြီးကျန်ရှိသောအပင်အစိတ်အပိုင်းများ) အသုံးပြုခြင်း နဲ့ အပင်၏ အစိတ်အပိုင်းအားလုံး ကိုမြေမြှုပ်ခြင်း(သစ်စိမ်းမြေသြဇာ) ဆိုမှပိုမှန်ပါလိမ့်မယ်။သစ်စိမ်း နဲ့ အညစ်အကြေးအစိုတွေကိုအပင်ကတိုက်ရိုက်အသုံးမပြုနိုင်ပါ။အချိန်အတိုင်းအတာတခုထိ အဆင့်ဆင့်ဓာတ်ပြုပြောင်းလဲပြီးချိန်မှအပင်က စားသုံးနိုင်တာပါ။ဥပမာ ပုလဲ(ယူရီးယား)ကိုအပင်စားသုံးနိုင်အောင်ကြာချိန်က ၁၀နာရီမှ၁၂နာရီထိကြာတတ်ပါတယ်။ဒါကြောင့်ဆွေးမြေ့သွားမှအမြစ်ကစုပ်ယူအသုံးနိုင်ခြင်းဖြစ်ပါတယ်။နောက်တစ်ခု EM။EMကအကျိုးပြုအဏုဇီဝပိုး(အရည်)ဖြစ်ပြီးသူက အသက်မရှိတော့တဲ့ အပင်အစိတ် အပိုင်းများနဲ့တိရစ္ဆာန်အညစ်အကြေးတွေကိုဘဲဆွေးမြေ့အောင်ပြုလုပ်ပေးပြီးအပင်စားသုံးနိုင်အောင်အဟာရအဖြစ်ပြောင်းပေးနိုင်တာပါ။ရှင်သန်နေ သောအပင်ကိုဆွေးမြေ့အောင်မလုပ်ပါ။ဒါကြောင့်သဲမြေမှာစိုက်ထားတဲ့အပင်ရဲ့အမြစ်ကိုမဆွေးမြေ့စေပါဘူး။ဒါကြောင့်သဲချောင်းမြေတွေမှာEM အသုံးပြုပြီးကြက်သွန်စိုက်ပျိုးဖြစ်ထွန်းနေခြင်းဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
hello. မင်္ဂလာပါ။ ကျနော်မေးချင်တာ တကယ်ကိုအရေးကြီးပါတယ်။ အခုမြန်မာနိုင်ငံမှာ လုံးဝ Organic ကိုမသွားနိုင်သေးပါ...
ဖြေကြားချက် 2 ခု
စာအုပ်စင်က စာအုပ်များကို ဘာ application နဲ့ဖတ်ရတာလဲဗျ
ဖြေကြားချက် 2 ခု
အပင်တွေအတွက် ရေပေးဖို့တကယ်လိုအပ်တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲခင်ဗျ? ကျွန်တော်ကဝါသနာပါလို့အိမ်မှာစိုက်ရုံပဲဆို...
ဖြေကြားချက် 4 ခု
အိမ်မှာဟင်းနုနွယ်မျိုးစေ့လေးရှိလို့ ပန်းအိုးလေးထဲမြေဆွေးလေးနဲ့သေချာစိုက်ထားပါတယ် မျိုးစေ့ကိုရေစွတ်၊ အိတ်အပါး...
ဖြေကြားချက် 1 ခု
ကျွန်တော်ကစိုက်ပျိုးရေးကို တကယ့်မြေပြင်မှာ ထဲထဲဝင်ဝင်လုပ်နေတဲ့သူ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်မကြာခဏကြားဖူးနေတာတ...
ဖြေကြားချက် 4 ခု