အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thet Htoo Aung
Thet Htoo Aung 1,222
လွန်ခဲ့သော ၆ နှစ် က · မအူပင်

ပူပြင်တဲ့ ဒီလိုရာသီမှာ သခွားစိုက်လို့ရနိူင်မရနိူင်သိချင်လို့ပါ။အပူချိန်လျော့ချတဲ့အနေနဲ့တစ်နေ့ ရေ ၄ ကြိမ်းလောက်လောင်းပြီစိုက်ပျိုးရင်ရနိူင်ပါသလား။ သိတဲ့အစ်ကိုအစ်မများပြောဆိုကူညီကြပါအုံး

စိုက်ပျိုး ရေ သခွား
8

ဖြေကြားချက် ၈ ခု

Thant Zin Oo
Thant Zin Oo 1,048 လွန်ခဲ့သော ၆ နှစ် က

ဘာမျိုးတွေလဲအကို့

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အပိုင်းနှင့်သခွါးစိုက်တာ မိုးရာသီက ပိုကောင်းမယ်ထင်ပါတယ်။သခွါးက အဲဒီထက် ပင်ရေပိုမိုဝင်ဆန့်တဲ့စနစ်နှင့်ရိုးရိုးမြောင်းဆွဲစိုက်လို့ရပါတယ်။

pyae phyo
pyae phyo 2,330 လွန်ခဲ့သော ၆ နှစ် က

လက်ရှိဒီပုံစံနဲ့စိုက်နေပါတယ်။ရေလိုအပ်ချက်မြင့်မားလို့ အစက်ချ စနစ်နဲ့စိုက်ရင် ရနိုင်မလား အကို

pyae phyo
pyae phyo 2,330 လွန်ခဲ့သော ၆ နှစ် က
ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

မြေပြင်စဉ်ကတည်း ရေသွင်းလို့ရတဲ့ မြေယာအခင်းအကျင်းပြုလုပ်ထားပါတယ်။ရေသွင်းလိုကောင်းအောင် မြောင်းဆွဲစနစ်မျိုးပါ။ဆောင်းနှင့်နွေ မှာ ပုံပါစနစ်ကကောင်းပါတယ်။ပိုက်ကွက်နှင့်စိုက်တာလား။ပုံထဲမှာ အတိုင်းဆိုရင်တော့ အသီးအရောင်စိမ်းရင့်တဲ့မျိုးစေ့မျိုးဆိုရင် စိုက်ပျော်ပါတယ်။

pyae phyo
pyae phyo 2,330 လွန်ခဲ့သော ၆ နှစ် က

ရေသွင်းစနစ်က ဘောင်ကြားထဲပဲ ရေသွင်းရတာလား အကို

aung
aung 1,104 လွန်ခဲ့သော ၆ နှစ် က

ရပါတယ် မျိုးစေ့ရွှေးပါမိတ်ဆွေ နွေစိုက်သခွါးရှိပါတယ်

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ရေတစ်နေ့ နှစ်ကြိမ်ပေးနိုင်ဖို့လိုပါတယ်။စိုက်လို့ရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။