အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Moe Myint Sandar
Moe Myint Sandar 7,435
လွန်ခဲ့သော ၆ နှစ် က · ချမ်းမြသာစည်

သရက်ပင် ပိုးကျပြီး ကျိုးကျလို့ပါရှင့် သဘာဝ organic ဆေးသုံးချင်ပါတယ် ဘယ်ဆေးသုံးရမလဲ ပညာရှင်များနှင့် တောင်သူမိတ်ဆွေများရှင့်

ပိုးမွှားရောဂါ သရက်
Post image
Post image
4

ဖြေကြားချက် ၄ ခု

မောင်ကျော်
မောင်ကျော် 813 လွန်ခဲ့သော ၆ နှစ် က

ဆေးရွက်ကြီး၊ပရုတ်ခဲ၊ရေနံဆီ အမှုန့်ထောင်းနယ်ပီး အပေါက်ထဲ ၀င်အောင် ထဲ့ပေးလိုက်ပါ။ ပရုတ်ခဲက ပရဆေးဆိုင်မှာ ရပါတယ်။(အ၀တ်တွေထဲ ထဲ့သော ပရုတ်လုံး မဟုတ်ပါ)

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

မျိုးစေ့စိုက်စဉ်ကတည်းက အစေ့တွင်းမှာ ပိုးကပါခဲ့ပုံပါ။ပိုးကျပင်တွေက ပြုပြင်ဖို့မလွယ်ဘူး။ကိုင်းကူးကိုင်းဆစ်မျိုးတွေဝယ်စိုက်ပါ။သုံးနှစ်ဆိုရင် အသီးသီးပါပြီ။

Moe Myint Sandar
Moe Myint Sandar 7,435 လွန်ခဲ့သော ၆ နှစ် က

သရက်ပင် အကြီးလဲ မရှိဘူးရှင့် ကြားညှပ်စိုက်ခြင်းလဲ မရှိဘဲ ဖြစ်လို့ပါ အခု ဆေးရွက်ကြီး ပိုးသတ်ဆေးတော့ ဖြန်းပေးနေပါတယ် တခြားအကြံညံတွေလဲ ထပ်ပေးပါဦးရှင့်

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

မျိုးစေ့မသန့်ရင် မသီးခင်ပိုးကျတတ်ပါတယ်။ပိုကျလွယ်တဲ့ အခြားအပင်မျိုးများရှိတဲ့နေရာ အပင်တွေကြပ်ညှပ်စိုက်ထားတဲ့လောင်ရိပ်ကျရာနေရာ၊ ပိုးကျသရက်ပင်ကြီးတွေရှိတဲ့နေရာတွေမှာ သရက်ပင် ပိုးကျတဲ့ရောဂါဖြစ်လွယ်ပါတယ်။အသစ်ပြန်စိုက်ခြင်း၊ အခက်သင်း၍ ပင်စည်ကို လွန်ဖြင့်ဖောက်၍ ပရုပ်လုံးများထည့်သွင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။