ကြက်သွန်ဖြူအရွက်ခွပ်ခြင်းများအခင်းတိုင်းလိုလိုဖြစ်ပေါ်နေပါ၍၊အကြံပြုပေးပါအုံးဗျ။
ကျေးဇူးအကို၊နောက် မေးမြန်းတာလေးရှိရင် ပြန်လည်ဖြေကြားပေးပါအုံးဗျ။
အမြစ်မှိုရောဂါပါ။ကောက်ရိုးတွေဆွေးမြေ့စပြုနေပါပြီ။မှိုဆေးဖြန်းပေးဖို့လိုပါတယ်။မိုးလည်းရွာခဲ့တယ်ထင်ပါတယ်။မှိုသတ်ဆေးဖြန်းတဲ့အခါ နှစ်ကြိမ်သုံးကြိမ် တစ်ရက်ပြီးတစ်ရက်ဖြန်းပေးပါမှ ထိရောက်မှုရှိမှာဖြစ်ပါတယ်။မှိုဆေးက ကြိုတင်ဖြန်းပေနိုင်ရင်ပိုအဆင်ပြေပါတယ်။ရာသီဥတုကြောင့်လို့ ဆိုလိုစေလိုတယ်ထင်ပါတယ်။ကျနော်ရာသီရဲ့သဘောကို နှစ်အတော်ကြာ လေ့လာခဲ့ဖူးပါတယ်။ကြက်သွန်ပေါ်ချိန်မှာဖြစ်တတ်တဲ့ ဝိဝါဒသဘောထားတွေကိုလည်း လေ့လာခဲ့တာနှစ်တွေကြာခဲ့ပါပြီ။
ခရမ်းချည်မှာပဲ ဗိုင်းရပ်ကျတာ ကြုံဖူးလို့ပါ၊ကြက်သွန်ဗိုင်းရပ်ဆိုတာ ခုမှကြားဖူးလို့ပါဗျ။ကျေးဇူးဗျ
လှေး ယင်ဖြူတွေက စုပ်စားပိုးတေပါ သူတို့တွေက ဗိုင်းရပ်စ်တွေကိုသယ်ဆောင်ပေးတာပါ။ သူတို့ကျရောက်ရင် ဖျက်စီးထားတဲ့ပုံကလည်းဆင်တူယိုးမှားရှိပါတယ်။ ယင်ဖြူတွေတွေ့တဲ့အခါ လက်နဲ့ကောက်ပြီးဖယ်ရှားပေးနိုင်ရင်ကောင်းပါတယ်၊ ညအခါမှာမီးထောင်ချောက်တွေ ထားပေးပါ။ အခုဖြစ်နေတာက ယင်ဖြူကြောင့်ဗိုင်းရပ်စ်ကျနေတာပါ။ အချုပ်ပြောရရင် ပိုးမွှားကြောင့်ပေါ့။
လှေးပိုးတစ်ကောင်မှ မရှိပါဆရာ၊ပြန်သုံးသပ်ပေးပါအုံး။ကျေးဇူးပါ
လှေးပိုးတစ်ကောင်မှမရှိပါခင်ဗျာ၊ညအချိန်တော့ ယင်ဖြူတွေတွေ့တတ်ပါတယ်။ဖြေပေးလို့ကျေးဇူးပါဗျ။ဖြစ်နိုင်ရင် ဖြစ်တဲ့ကြောင်းရင်းလေးသိချင်ပါတယ်။အာဟာရကြောင့်လား ဘာအာဟာရချို့တဲ့ရင်ဖြစ်တတ်လဲ၊ပိုးမွှားရောဂါလား ဘာရောဂါဖြစ်နိုင်လဲ။ကျေးဇူးဗျ။
စိုက်ခင်းက လှေတွေလဲ ဆိုးဆိုးဝါးဝါး ကျနေပါတယ်
Difeconozole + Azoxystrobin. အရောကို acetamephric နဲ့ ရောပြီး အရင်ဖြန်းပါ နောရက်ကျရင် အနဲလိုအဟာရ ( trace elements ) လေးလိုက်ပေးပါ
အစိမ်းရောင်လမ်းဘက်ကနေ အမေးအဖြေကို အားလုံးချိတ်ဆက်မိအောင်ထည့်ထားတာပါရှင်။ အစိမ်းရောင်လမ်းနဲ့တင်မကပဲ အသုံးပြုနေသူအားလုံး ပညာရှင်၊ တောင်သူ၊ အရောင်းဆိုင် အားလုံးချိတ်ဆက်ဖြစ်ပြီး တောင်သူတွေဆိုရင်လည်း ကိုယ့်အခင်းအတွေ့အကြုံနဲ့ ကြုံတဲ့အခါမျိုး ဖြေပေးနိုင်စေရန်၊ ပညာရှင်တွေရဲ့အကြုံပြုချက်တွေကိုလည်း တိုက်ရိုက်ရစေရန် ရည်ရွယ်ချက်နဲ့ကြောင့် ဖြစ်ပါတယ်။ အပင်တွေမှာက အခြေအနေအမျိုးမျိုးကြောင့် ပုံသဏ္ဍန်မမှန်တာတွေဖြစ်နိုင်ပါတယ်။ သေချာတဲ့အဖြေရဖို့ဆို စီစစ်ရပါတယ်ရှင်။ တသတ်မတ်တည်းသတ်မှတ်ထားတာမျိုးမဟုတ်ပဲ ဖြေပေးနေတဲ့သူများမှလည်း မေးခွန်းကိုမမြင်သေးတာတို့၊ တိကျစွာဖြေပေးနိုင်ရန် လုပ်ဆောင်နေတဲ့ အခြေအနေတွေ ရှိနိုင်တာကြောင့်နားလည်ပေးပါရှင်။ အဖြေနှောင့်နှေးသွားရလို့လည်း စိတ်မကောင်းပါဘူးရှင်။ ကြိုးစားလျက်ရှိနေပါမယ်။
မဖြေပေးပဲ အမေးအဖြေဆိုတာထည့်မနေပါနဲ့၊တောင်သူကအခက်ခဲဖစ်နေလို့မေးနေတာ၊ဖြေချင်မှဖြေမယ် မဖြေချင်မဖြေဘူးဆိုရင်တော့ နောက်မမေးဘူး Green way
ဆက်စပ်မေးခွန်းများ
ကြက်သွန်ဖြူ အရွက်မှာသေးသေးလေးအဝါနဲ့ဘာပိုးလဲသဘာဝပိုးသတ်ဆေးဆိုဘယ်လိုစပ်၇မလဲ
ဖြေကြားချက် 2 ခု
ကြက်သွန်ဘေးအလက်တေ ပျော့ခွေကျနေလို့ ပိုးကျနေတာလားဗျ ဘာဆေးသုံးရမလဲ ဆရာများခင်ဗျ
ဖြေကြားချက် 1 ခု
ကြက်သွန်လှေးပိုးဘာဆေးနဲကုရမာလည်းဗျ
ဖြေကြားချက် 1 ခု
မင်္ဂလာပါခင်ဗျ...... ကျွန်တော်ကြက်သွန်ဖြူက အရွက်ထိပ်ကဝါပြီး ခြောက်နေတယ်ဗျ. ဘာရောဂါဖြစ်တာလည်းခင်ဗျ..... ဘယ်လို...
ဖြေကြားချက် 2 ခု
အပင် ဖြားမှားအရွက်ဝါနေလု့ိပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။