အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,197
လွန်ခဲ့သော ၆ နှစ် က · ဒေးဒရဲ

EMရေကဘယ်လိုပုံစံလဲ ဘယ်မှာဝယ်ရမှာလဲ ဘယ်လိုအသုံးပြုရမလဲ အသေးစိတ်သိရင်ရှင်းပြပါလာစ

1

ဖြေကြားချက် ၁ ခု

80,046 လွန်ခဲ့သော ၆ နှစ် က

EM ဆိုသည်မှာ ========= EM ဆိုတာကတော့ အချည်ဖေါက်ထားတဲ့ ဇီဝဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။ နောက်တစ်နည်းပြောပြရရင် EM ဆိုတာ လက်တစ်အက်စစ်၊ တဆေး နဲ့ စိမ်းပြာရေညှိတွင်ပါဝင်တဲ့ (ဖို တို ထရော့ဖ် ဘက်တီးရီးယား) စတဲ့ဓါတ် ပစ္စည်းများ ကို သကာရည် ၊ တင်လဲရည်တွင် ဖျော်ထားခြင်းပင်ဖြစ်ပါတယ်။ ဒိန်ချည်ဟာအူလမ်း ကြောင်း အတွင်းရှိ အဖျက်ပိုးတွေကို သေစေပြီး အစာကြေလေဝမ်း မှန်စေကာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ကဇော်ဖေါက် တဲ့ တဆေးမှာလည်း ဗီတာမင်များ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ စိမ်းပြာရေညှိ မှာလည်း အစွမ်းထက်တဲ့ သြဇာ ဓါတ်တစ်မျိုး ဖြစ်ကြောင်း လူတိုင်းသိကြပါတယ် ။ အဲ့ဒီ ဓါတ်ပစ္စည်းများကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ လူကို ဥပါဒ် မဖြစ်စေတဲ့၊ ဓါတု ဆေးဝါးများအသုံးမပြုဘဲ သဘာဝနည်းစဉ် ဖြင့် ထွက်ပေါ်လာတဲ့ အစွမ်း ထက် ဇီဝဖျော်ရည် ရရှိပါတယ်။ EM ဖျော်ရည်ဟာ ဖျက်ပိုးများကို နှိမ်းနင်းပေးခြင်း၊ ဇီ၀ ပစ္စည်းများကို ဆွေးမြေ့အောင်လုပ်ပေးခြင်းနှင့် အကျိုးပြုသြဇာဓါတ်များ ထုတ်ပေးခြင်းစတဲ့ ဂုဏ်သတ္တိများရှိပါတယ်။ EM အသုံးပြုပုံများ ========== EM ကိုအဓိက အားဖြင့် စိုက်ပျိုးရေးတွင် မြေပြင်ချိန်မှ စ၍ ရိပ်သိမ်းပြီးချိန်ထိ EM ကို အမျိုးမျိုးသုံးနိုင်ပါတယ်။ EM အသုံးပြုခြင်းကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ အများကြီးပါဘဲ။ မြေချဉ်ငန်ဓါတ် သင့်တင်မျှတအောင် ထိန်းပေးခြင်း၊ အပင်အားကောင်းကာ အသီးအပွင့် လှစေခြင်း၊ အသီးအပွင့်အရွက်များ၌ ဗီတာမင်နှင့် အဟာရ ဓါတ်များ ကြွယ်ဝစေခြင်း၊ ပေါင်းရှင်းရသက်သာ စေခြင်း ၊ ရောဂါပိုး အကျနည်းစေခြင်း၊ ရိပ်သိမ်းပြီးချိန်၌ EM ဖြန်းပေးမယ်ဆိုရင် စွန့်ပစ်အရိုးအရွက်များ လျှင်မြန်စွာဆွေးမြေ့ကာ မြေသြဇာ ဖြစ်ပြီး မြေနှပ်ပြီးသွား ဖြစ်သွားစေခြင်းစတဲ့ အကျိုးကျေးဇူးများစွာရှိပါတယ်။ စိုက်ပျိုးရေးနှင့် ပက်သက်ပြီး EM ဘိုကာရှီးသဘာ၀ မြေသြဇာလုပ်ပြီး အတိုင်းအတာတစ်ခု အထိဖြည့်ဆည်း ပေးနိုင်ပါသည်။ EM သည် မြေဆီလွှာ ချဉ်ငံ့ဓါတ်ကို မျှတအောင်လုပ်နိုင်တဲ့ သတ္တိရှိတာမို့ ဆားငံ့ရေ ဝင်ထားသော လယ်မြေများအတွက် အကျိုးရှိနိုင်ပါတယ်။ EMကိုမွေးမြူရေးလုပ်ငန်းတွေမှာလဲ အသုံးပြုနိုင်ပါတယ်။ ကြက်ခြံများ၌ အောက်စပါးခွံတွင် EM ဖြန်းထားမယ်ဆိုရင် အနံဆိုးပျောက်စေပါတယ်။ ကြက်သောက်ရေ တွင် အနည်းငယ်ထည့်တိုက်ပါက ကြက်များရောဂါ ကင်းပြီး ဥနှုန်းကောင်းကာ ဥအရွယ် ပိုကြီးစေပါတယ်။ နွားစာ၊ ဝက်စာများတွင်လည်း EM ကိုအစာထဲထည့်ကျွေးလျှင် အသားတိုးကောင်း၊ ရောဂါကင်းစင်စေပါတယ်။ ဝက်ချေး၊ နွားချေးပုံများ၌ EM ကို ရော၍ ဖြန်းထားပါက အနံဆိုးပျောက်၍ မြေဆွေး ဖြစ်လွယ်ပါတယ်။ နောက်ပြီး EM ဖြန်းထားတဲ့ နွားချေးမြေဆွေးက ပို၍ မြေသြဇာကောင်းလှပါတယ်။ ငါးကန်၊ ပုဇွန်ကန်များတွင်လဲ EM ထည့်ပေးပါက ငါး ပုဇွန်များ ရောဂါကင်းပြီး အသားတိုးစေကာ အမိုနီးယား ဓါတ်ငွေ့ ထွက်ခြင်း လျှော့ပါးစေပါတယ်။ အမှိုက်ပုံများ အနံအသက် ကင်း စင်စေရန်၊ ယင်ကောင်များ မပေါက်ဖွားစေရန်၊ မိလ္လာရေဆိုး စနစ်များတွင် သန့်ရှင်းသော ရေသန့်များထွက်လာစေရန်၊ ညစ်ညမ်းသော စက်မှုသုံးရေများ အဆိပ်သင့် ဓါတုပစ္စည်းများ ရောနှောနေသော မြေကြီးများကို သန့်စင်ရန်၊ သဘာဝရေအိုင်ရေ ကန်များရှိ ရေညှိမှော်များသန့်ရှင်း စင်ကြယ်စေရန်စသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တွင်လဲ အသုံးပြုနိုင်ပါတယ်။ EM ဟာသန့်ရှင်းစေပြီး အနံဆိုး ပျောက်စေတာကြောင့် အိမ်သုံး ပစ္စည်း အဖြစ်ပါ တွင်တွင်ကျယ်ကျယ် သုံးလာ ကြပါပြီ။ ခြေအိတ်စွတ် ရှုးဖိနပ်စီးသူများ ခြေထောက်နံစော်ခြင်း ပျောက်စေရန် EM နဲ့ အမွှေးနံပေါင်း စပ်ထားသော ရေနွေးဖြင့် စိမ်ကာအသုံးပြုကြသလို အိမ်သာ ဆေးခြင်း၊ ပုဂံရေဆေးခြင်း၊ အမှိုက်ပုံးဆေးခြင်း ကြမ်းတိုက်ခြင်းမှ အစ မော်တော်ကား အနံအသက်ပျောက်ဆေး အထိ EM က နေရာယူလာပါပြီ။ ဟင်းသီးဟင်းရွက် အသားငါး စဉ်နီတုံး ဆေးကြောခြင်းမှ အစ EM ရော စပ်ထားသော ရေကိုသုံးလာပြီ ဖြစ်ပါတယ်။ အခုဆိုရင် အမြင်ကျယ်သူများက EM ကို လူတို့သောက်သုံးသည့် ကျန်းမာရေး အဟာရ ဖျော်ရည် အဖြစ် တီထွင်ထုတ်လုပ် နေကြပြီဖြစ်ပါတယ်။ တောင်အာဖရိကမှ သောက်သုံးသူများရဲ့ အဆိုအရ ၎င်း ဖျော်ရည်ဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကိုယ်တွင်းမှာရှိတဲ့ မကောင်းသော ပိုးများကို နှိမ်းနင်းပေးတဲ့အတွက် AIDS ရောဂါသည်များပင် အနာများပျောက်ကာ ကျန်းမာရေး ကောင်းလာသည်ဟု ဆိုကြပါတယ်။ အထူးသဖြင့် ဆီးချိုကြောင့် မပျောက်နိုင်သော အနာဆွေးများ၊ အစာချက်နည်း၍ ခေါင်းမူးခေါင်း ကိုက်ခြင်းများ၊ အစာမစားနိုင်၍ အားနည်းသော နာတာရှည် ရောဂါသည်များ နှင့် အထူးသင့်လျှော့သည် ဟုဆိုပါတယ်။ ရပ်ရွာများအတွင်းရှိ မိုးရေများကို လှောင်ထားသည့် သောက်သုံးရေကန်များကို သန့်ရှင်းအောင်လုပ်ရာတွင် အလွယ်ဆုံးနှင့် စရိတ်အနည်းဆုံးနည်းမှာ EM ဘဲဖြစ်ပါတယ်။ EM ကိုရေ အဆ ၁၀၀၀ လျှင် EM ၁ ဆနှုန်းထည့်ပေးပါကရေဟာ PH 7 အဆင့်မြင့်ပိုးသတ်ပြီး သားဖြစ်သွားမည့် အပြင် ကန်ထဲတွင်ကျနေသော အမှိုက်သရိုက်များ၊ အကောင်ပုတ် စသည့် တို့လည်း လျှင်မြန်စွာ ဆွေးမြေ့ပျောက်သွားမည် ဖြစ်ပါတယ်။ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါများမပြန့်ပွားရေးအတွက် အိမ်သာဟာ အဓိကဖြစ်တာမို့ အိမ်သာကျင်းအတွင်း EM ကို ရေနှင့် ၁း၁၀၀ ဖြင့်လောင်းထည့်ပါက ပိုးသတ်ပြီးဖြစ်ကာ ယင်များ မပေါက်ဖွားနိုင်တော့ပါဘူး။ ရွာအမှိုက်ပုံ များတွင်လည်း အလားတူ EM ဖြန်းထားပါက ယင်ပေါက်ပွားမှုကင်းပြီး သဘာ၀ မြေသြဇာ မြေဆွေးများ ရရှိနိုင်မည် ဖြစ်ပါတယ်။ ကဲဒီတော့ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးများစွာပြုပေးတဲ့ EMကို အကျိုးရှိရှိအသုံးချစေနိုင်ဖို့ အတွက် ကျွန်တော်တို့ RiTx Myanmar မှ စုစည်းတင်ပြပေးလိုက်ပါတယ်။ ဦးကိုကိုလှိုင် (သာကီနွယ် မြန်မာသတင်း ဝဘ်ဆိုဒ် ကျေး လက်ကဏ္ဍမှကောက်နှုတ်ဖော်ပြပါသည်)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။