အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
u. maung. aye
u. maung. aye 232
လွန်ခဲ့သော ၆ နှစ် က · တောင်သာ

နွား ချီတိုင်ကို လျှာရပ်တာ ဘာလို့လဲ နည်းလမ်းပေးပါ

ကျန်းမာရေး နွား
2

ဖြေကြားချက် ၂ ခု

ဟန်စိန်
ဟန်စိန် 5,111 လွန်ခဲ့သော ၅ နှစ် က

လျှာမှာပိုးရှိရင်လဲ ရက်တတ်တယ်

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

နွားတွေဟာ သဘာဝအရ ဆားဓါတ်ကို သွေးသားဆန္ဒက တောင်းဆိုပြီး ချဉ်ချင်းဖြစ်တယ်လို့ဆိုရမှာပါ။နွားတို့ရဲ့ မူလဗီဇဖြစ်တဲ့ မျိုးရိုင်းကာလက အစာကို စမြုံ့ပြန်တဲ့အခါ မြေငန်ဓါတ်ရှိတဲ့ပုံကျဉ်းတွေရှိရာအရပ်ကို မှတ်သားထားလေ့ရှိပါတယ်။ထိုပုံကျဉ်းကိုသွားပြီး လျှာဖြင့်လျှက်ကာ အငန်ဓါတ်ကို ရယူစားသောက်လေ့ရှိသော အလေ့အကျင့်ဗီဇရှိခြင်းကြောင့် ဆားဓါတ်ကိုလိုလားတောင်းတသောအခါများတွင် လူတို့နေ့စဉ်ကိုင်တွယ်လေ့ရှိသော ချည်တိုင်တို့တွင် လူ၏ချွေးမှဖြစ်သော အငံဓါတ်တို့သည် စွန်းပေလျက်ရှိခြင်းကြောင့် ဆားရနံ့ကိုရရှိနေသည်။ထိုအခါ နွားသည် ချည်တိုင်ကိုလျှာဖြင့် လျှက်ပါသည်။ဆားသည် နွားမွေးမြူသူတို့အတွက် နည်းပရိရယ်ကြွယ်ဝစွာ အသုံးပြုရသော အရာမျိုးဖြစ်သည်။ ရှေးက နွားမွေးသူတို့သည် အရိုင်းစိတ်ကိန်းနေသောနွားတို့ကို လူနှင့်ရင်းနှီးပြီး တင်းကုတ်ကို အချိန်မှန်ပြန်လာတတ်ရန် တချို့သောနွားမျိုးစိတ်တို့ကို ဆားဖြင့် ယဉ်ပါးစေခဲ့သည်။ ထိုအခါတွင် ဆားစားပြီး မွှေ့လျော်မှုပြုသောနွားမျိုးစိတ်တို့သည် ဆားကိုဆာလောင်တောင်းတကြသည်။အခြားသော နွားမွေးမြူသူတို့သည် နွားကို ပုံသွင်းလေ့ကျင့်ခြင်းကိုမသိ၊ အချိန်အခါနှင့်သွေးသားဆန္ဒတို့ကိုမသိကြပါ။သို့သော်လည် ခေတ်အဆက်ဆက်နွားနှင့်‌ေမွးမြူသူတို့ကြားတွင် ဆားသည် အကြောင်းကျိုးပြုရာ ဓါတုပစ္စည်းတစ်ခုအနေဖြင့် နွားတို့၏ဗီဇကို သွတ်သွင်းသလိုဖြစ်‌ေစခဲ့သည်။ထိုကြောင့် နွားတို့သည် ဆားကိုဆာလောင်တောင်းတကာ ချည်တိုင်ကို လျှာဖြင့်လျက်သည်။ပါးနပ်သော ခိုင်းနွားမွေးမြူသူသည် နွားကိုဆားကြွေးသည့်အခါ မိမိ၏လက်‌ဖဝါးပေါ်၌သာ ဆားကိုထား၍ လျှာဖြင့်လျှက်စေသော အလေ့ကိုပြုကြ၏။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

နွား မသား စပ်ပြီး တာ ၂လ​ပြည့်ပြီးခါစမှာ မ​ငြိမ်ပဲဖြစ်နေတယ် ဇီးမရတာလား ရလို့သားမြူးတာလားမခွဲခြားတတ်လို့ ဖြေကြား...

ဖြေကြားချက် 2 ခု

မွန်ဘာစားမြတိစိုက်ပျိုးပုံနှင့်် ဘယ်လိုမြေအမျိုးအစားမှာစိုက်လိုက်လို့ရလည်းသိချင်ပါတယ်

ဖြေကြားချက် 1 ခု

နွားမွေးမြူရေးလုပ့်ငန်းအကြောင်းသိချင်ပါတယ် မွေးမြူရေးလုပ့်တဲ့သက်တမ်းနဲ့မွေးမြူရေးလုပ့်ကိုင်ရတဲ့ရည်ရွယ်ချက်လေး...

ဖြေကြားချက် 4 ခု

နွားစာ ချဉ်ဘက်လုပ်ရင်ဘယ်တွေလိုမလဲ ဘယ်လောက်ထိထားခံလဲဗျ

ဖြေကြားချက် 4 ခု

ကျတော့် နွား လည်ပင်းမှာ ကျက်ပေါက်နေတာကြာပြီမပျောက်ဘဲဖြစ်နေလို့နည်းလမ်းလေးပြောပါဦးဗျာ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။