အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
234
လွန်ခဲ့သော ၆ နှစ် က · မုံရွာ

ကြက်သွန် နီမှာ ကျရောက်တက်သော မှိုရောဂါများနှင့် ရောဂါကျရောက်လျှင် သုသနိုင်သော ဆေးများကို မှိုရောဂါအလိုက် ပြော...

ကြက်သွန် နီမှာ ကျရောက်တက်သော မှိုရောဂါများနှင့် ရောဂါကျရောက်လျှင် သုသနိုင်သော ဆေးများကို မှိုရောဂါအလိုက် ပြောပြပေးပါ

ပိုးမွှားရောဂါ ကြက်သွန်နီ ကြက်သွန်နီတွင်ကျရောက်တတ်သောရောဂါများ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နောက်ထပ်ရောဂါတွေကတော့...ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါ(ဆေး....မန်ကိုဇက်,ကော့ပါးဟိုက်ဒြောက်ဆိုက်)။ ကြက်သွန်နီဥထိပ်ပုပ်ရောဂါ(ဆေး...ကာဘင်ဒါဇင်,သိုင်အိုဖီနိတ်မီသိုင်း)။ပင်ခြေပုပ်ရောဂါ (ဆေး...ကာဘင်ဒါဇင်,သိုင်အိုဖီနိတ်မီသိုင်း)။ကြက်သွန်မှိုရောဂါအတွက် ကော့ပါးပါတဲ့ဆေးတွေသုံးနိုင်ပါတယ်။ဘောဒိုးဆေးကိုကြိုတင်၍ ကာကွယ်ဆေးအနေနဲ့ဖျန်းပေးပါ။

80,046 လွန်ခဲ့သော ၆ နှစ် က

ကြက်သွန်တောက်တဲ့မြီး ရောဂါ ကြက်သွန်အရွက် အဖူးတံ အပေါ်တို့မှာ ရောဂါ အကွက်များ အပြောက်များ ပေါ်လာခြင်းကြောင့် တောက်တဲ့အမြီးနှင့် တူသဖြင့် တောက်တဲ့မြီးရောဂါဟူ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆိုးဝါးစွာ ထိခိုက်မှု ကြုံတတ်၍ စီးပွားရေး ထိခိုက်တတ်သဖြင့် တောင်သူအကြောက်ဆုံးရောဂါ ဖြစ်သည်။ ပြောင်းရွေ့စိုက်ပြီးစ တစ်လသားခန့်တွင် ရောဂါ ဝင်ရောက်တတ်သည်။ အရွက်များပေါ်တွင် အလျားရှည်သော မရမ်းရောင် အပြောက်အစက်များ စတင်ပေါ်လာသည်။ အကွက်အပြောင်၏ အနားရစ်မှာ အဝါရောင်ဖြစ်သည်။ (Yellow helo) သိုလှောင်စဥ် ကာလ၌ပင် ကျရောက်တတ်သည် ဆိုသည်။ အပြောက်နေရာမှ စတင်၍ ခြောက်သွေ့ပြီး အရွက်များ ကျိုးကျကာ တစ်ခင်းလုံး ပျက်စီးမှု ကြုံရလေ့ ရှိသည်။ ခေတ်မီ မှိုသတ်ဆေးများဖြင့် ထိရောက်စွာ သုံးစွဲရန် လိုသည်။ ရှေးကမူ ပါရာနောက်ဆေး (Perenox) နှင့် ဘောဒိုးဖျော်ရည် (bordeoux mixture) များဖြင့် ကာကွယ်ခဲ့ကြသည်။ အခြား ကြက်သွန်မျိုး အားလုံးတွင်လည်း ကျရောက်တတ်သည် ဟု သိရသည်။ စိုက်ခင်းမြေက အလှည့်အပြောင်းပြု၍ (Rotation) စိုက်သင့်သည်။ ကြက်သွန်အူပုပ်ရောဂါ မြန်မာနိုင်ငံ၌ အမြဲတမ်း ကျရောက်မှုမျိုး မတွေ့ရသေးသော်လည်း သိုလှောင်စဥ် ကာလ၌ ကျရောက်ပါက ထက်ဝက်အလေးချိန် ဆုံးရှုံးနိုင်သည့် ရောဂါဖြစ်၍ အထူးဂရုပြုရမည့်ရောဂါ ဖြစ်သည်။ မြေတွင် မှိုမှ ကူးစက်သည်။ အဖူးတံချိုးယူရာမှလည်း ဝင်လာနိုင်သည်။ မှို ဝင်လာပါက ကြက်သွန်အူတိုင် ပုပ်ရိလာသည်။ အဖျားပိုင်းတွင် ညိုရောင်သမ်း၍ ပုပ်ကာ အောက်ဘက်သို့ ဆင်းသွားတတ်သည်။ ဥတစ်ဥမှ တစ်ဥသို့ ကူးစက်မှု နည်းပါးသော်လည်း ဥပုပ်မှ အစိုဓါတ်က အခြားသော ရောဂါပိုးများကို ဖိတ်ခေါ်သလို ဖြစ်တတ်သည်။ ရောဂါဖြစ်တတ်သော မြေကို မီးရှိုု့၍ မှိုများကို သေကျေစေခြင်း၊ မြေအတွင်းထိရောက်သော ဆေးဝါးများ သုံးစွဲခြင်း၊ စိုက်ခင်းနေရာ ပြောင်းလဲ စိုက်ပျိုးခြင်းတို့ဖြင့် ကာကွယ် ဟန့်တားနိုင်သည်။ မည်သည့် ရောဂါမဆို ပိုးမွှား/ အပင်ရောဂါတို့နှင့် ပတ်သက်လာပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ပညာရှင်များ၏ အကူအညီကို ယူ၍ အချိန်နှင့် တပြေးညီ ကာကွယ်ရန် သတိပြုစေလိုပါသည်။ Source: ကြက်သွန်နီ အကြောင်း သိကောင်းစုံလင် စိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ-ဂုဏ်ထုး)

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။