အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,245
လွန်ခဲ့သော ၆ နှစ် က · ကျောက်တံခါး

သဲဆန်တဲ့မြေတွေအများစုမှာအချည်ဓာက်များနေတယ်ဆိုတာဟုတ်ပါသလားမြေရလက္ခဏာကိုကြည့်ပီးခန့်မှန်းနိုင်လား အချည်ဓာက်များ...

သဲဆန်တဲ့မြေတွေအများစုမှာအချည်ဓာက်များနေတယ်ဆိုတာဟုတ်ပါသလားမြေရလက္ခဏာကိုကြည့်ပီးခန့်မှန်းနိုင်လား အချည်ဓာက်များရင်ဘာသုံးပေးရမလဲဖြေကြားပေးပါ

မြေဆီလွှာ ပဲတီစိမ်း မြေချဉ်ငန်ဓာတ် (pH)
3

ဖြေကြားချက် ၃ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

ထိုသို့ ဆုပ်ကိုင်ထားသင့်သော နိယာမသဘောသဘာဝမျိုးမဟုတ်ပါ။မြေလွှာတို့၏ ဖြစ်တည်မှုသည် တခြားသောဓါတုသဘာဝများနှင့်ဆက်နွယ်လျှက် ကမ္ဘာ့မြေထုပြောင်းလွဲခြင်းသည် မြေ၌သက်ရောက်နေသော အကြောင်းအချက်လက်များ၏ လက္ခဏာများအနေဖြင့် ရှုမြင်ရပါမည်။ဆားဓါတ်ပါသောမြေလွှာကြောများ၏ အတိမ်အနက်ကိုလိုက်၍ မြေချဉ်မြေငံကွဲပြားမတူညီမှုများဖြစ်ပေါ်လာစေသည်။‌ေပျာ်ဝင်သတ္တိရှိ‌ေသာရေ‌၏နိယာမသဘောသည် ဥတုရာသီနှင့်ယှဉ်တွဲ၍ရှုမြင်ကြည့်လျှင် ထိုသဘောကို သိနိုင်သည်။မိုးအခါတွင် မြေတွင်ငွေ့ပျံမှုနှင့် နွေအခါမြေတွင်းရေငွေ့ပျံမှုသည် အပိုင်းအခြားအားဖြင်မတူညီကြပါ။ရေစိမ့်ဝင်မှုများသောသဲမြေသည် နွေအခါတွင် မြေတွင်းရေငွေ့ပျံမှု မြင့်မားသည်။မြေတွင်းဓါတုရောထွေးမှုဖြစ်စဉ်သည် ရေငွေ့နှင့်အတူ ဓါတုပျော်ဝင်သတ္တိကိုအကြောင်းပြုပြီး အရောင်အသွေး အချဉ်အငံနှင့် ကယ်လ်စီယမ်စသော ဓါတုပျော်ဝင်မှုများကိုလိုက်ပြီး အနုအရင့်အနိမ့်အမြင့်ကွဲပြားပါသည် မြေတွင်းဓါတုကို ပြောင်းလွဲနိုင်သောအပူစွမ်းအင်က ရေနှင့်ဓါတ်ပြုခြင်းကြောင့် ထုံးကျောက်မှုန့်နှင့် ထုံးသည်မတူညီသောသဘောရှိပါသည်။ကျောက်မှုန့်က ရေနှင့်ဓါတုဓါတ်ကို မြေ၌စုစည်းပေးပြီ။ထုံးဖြစ်သွာသော ထုံးမှုန့်ကတော့ မြေ၌ရှိသောဓါတုဓါတ်ကို ရေနှင့်ဓါတ်ပြုပြီး မစုစည်းပေးပဲ ဆင့်ကဲပြောင်းလွဲမှုကို မြင့်တင်ပေးသည်။ထိုအခါ မြေ၏ဓါတုစုစည်းခြင်းပြောင်းလွဲခြင်းကို လိုက်ပြီး စီစစ်အသုံးပြုသင့်ပါသည်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကုန်းစောင်း​မြေ,မိုးများတဲ့ဒေသကမြေနဲ့ရေအမြဲတန်းဝပ်နေ/ ရှိနေတဲ့မြေတွေဟာအချဥ်ဓာတ်ကဲပါတယ်(မြန်မာပြည်အောက်ပိုင်းမိုးများတဲ့ဒေသ/ မြေစေးမြေများ)။ကိုင်းပင်.ဘိစပ်ပင်.ရေညှိပင်တွေတွေ့ရင်အဲဒီမြေဟာချဥ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ပူပြင်းခြောက်သွေ့ပြီးမိုးနည်းတဲ့မြန်မာပြည်အထက်ပိုင်းဒေသရှိမြေတွေဟာအငန်ဓာတ်ကဲပါတယ်(ရေမထိန်းနိုင်တဲ့သဲဆန်တဲ့မြေများဖြစ်ပါတယ်)။မြေချဥ်တာကိုချက်ခြင်းပြင်လို့မရပါဘူး။နှစ်စဥ်ထုံးထည့်ပေးရပြီးတစ်နှစ်ကိုထုံးတစ်တန်ခန့်နဲ့ ၃နှစ်အနည်း ဆုံးထည့်ပေးရပါတယ်။(မြေချဥ်ကိန်းပေါ်မူတည်ပြီးအချိန်ကာလနဲ့ပမာဏကွာခြားနိုင်ပါတယ်)။

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

အချဉ်ဓာတ်များ ရင်တော့ ထုံးထည့်ရပါတယ် ဒါပေမဲ့ မျက်စိနဲ့ ကြည့်ပြီး တော့တော့ဆုံးဖြတ်နိုင်ဖို့ခက်ပါတယ် တစ်ယောက် တစ်သောင်းလောက်စုပြီး ၈ ယောက်လောက်စုရင် PH meter ဝယ်လို့ရပါတယ် အဲ့လိုလေးဝယ်ပြီး တိုင်းကြည့်ပါလား☺

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။