အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
KYAWYEAUNG
KYAWYEAUNG 1,684
လွန်ခဲ့သော ၆ နှစ် က · မုံရွာ

ကျွန်တောက မုံရွာမြို့နယ်တောင်ပုလူရွာကပါ gapဆိုတဲ့စိုက်ပျိုးနည်းကိုလေ့လာနေပါတယ်‌ လေ့လာနေဆဲပါဗျ။ကျွန်တော်တို့ဆီမှာ ကြက် သွန်တစ်မျိုးတည်းကိုပဲ အလေးထားစိုက်ကြပါတယ်။ဟိုအရင်ကတည်းက သမရိုးကျပြောရမှာပဲ ဓာတုဆေးများနဲ့သာအခုထိရွေ့လျားနေကြဆဲဖြစ်ပါတယ်။ဒီ ဓာတုကွန်ယက်အောက်ကနေ ရုံးထွက် ဖို့ကြိုးစားနေတာ (၂)နှစ်ရှိပါပြီဗျ အတက်နိုင်ဆုံးလည်းဓာတုဆေးတွေမသုံးစွဲပါ ပထမနှစ်ကတော့ ‌သီးနှံအထွက်အောင်မြင်မှုနည်းပေမယ့် လေ့လာအားအလျောက်ဒီနှစ်မှာတော့သီးနှံထွက်ကအစဉ် ပြေလာပါပြီ။ရွာမှာဒီလိုလုပ်ဒီလိုစိုက်တာကလည်းကျွန်‌‌ တော်တစ်ယောက်တည်းပဲဖြစ်နေတယ် gapဆိုတာဘာလည်း ?ဘယ်သူတွေနဲ့ဆက်သွယ်ရမလဲ? gapသီးနှံတွေကဘယ်လိုဈေးရှိလို့အကျိုးခံစားနိုင်မလဲ? ဆိုတာတွေ တစ်ယောက်တည်းမောမောပန်းပန်းဖြစ်ရပါတယ်ဗျ။ကျွန်တော့်ကိုတက်နိုင်သလောက်ကူညီကြပါအုံးဗျ နောက်မေးစရာတွေရှိပေမယ့်ပထမခြေလှမ်းလေးပါဗျ

စိုက်ပျိုး ဗဟုသုတ ကြက်သွန်နီ
Post image
13

ဖြေကြားချက် ၁၃ ခု

အမည်မသိ
အမည်မသိ 12,778 လွန်ခဲ့သော ၆ နှစ် က

GAP နဲ့ ဓာတုကင်းစင် (အော်ဂဲနစ်) နဲ့က မတူပါဘူးအကိုရေ။ GAP မှာ ဓာတုပစ္စည်းသုံးလို့ရတယ်။ ဒါပေမယ့် အနည်းဆုံးသုံးပေးရတာပါ။ အကိုစိုက်တဲ့သီးနှံကို GAP နည်းလမ်းနဲ့အညီစိုက်ထားတယ်ဆိုရင် လက်မှတ်လျှောက်ထားလို့ရပါတယ်။ လိုက်နာဆောင်ရွက်ရမယ့်နည်းလမ်းတွေတော့ရှိတာပေါ့။ သီးနှံအလိုက် GAP စိုက်ပျိုးနည်းလမ်းတွေကိုတော့ ညီမတို့ရဲ့ စာအုပ်စင်ကဏ္ဍမှာတင်ပေးထားပါတယ်။ စလုပ်မယ်ဆိုရင်တော့ ညီမအပေါ်မှာပြောပြထားသလိုပဲ မြို့နယ်စိုက်ပျိုးရေးရုံးတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ ငှားရမ်းမြေနဲ့ GAP လျှောက်လို့ရသလားဆိုရင် ညီမအထင်တော့ ရမယ်ထင်ပါတယ်။ အဲ့မေးခွန်းအတွက် သေချာသိနားလည်သူတွေကို မေးမြန်းပြီး သေချာလေးပြန်ဖြေပေးပါ့မယ်ရှင်။

KYAWYEAUNG
KYAWYEAUNG 1,684 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော့်တိုရွာမှာ ကျွန်တော်တစ်ယောက်တည်း ဓာတုကင်းစင်လုပ်နေတာ အဖွဲ့အစီး တွေတော့မဖြစ်နိုင်ဘူး အဲဒါ gapအဆင့်ဖြစ်သလားဗျ

KYAWYEAUNG
KYAWYEAUNG 1,684 လွန်ခဲ့သော ၆ နှစ် က

ငှားရမ်းမြေများကို gap စနစ်gapလက်မှတ်ရနိုင်ပါသလား

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၆ နှစ် က

အစိမ်းရောင်လမ်းကပါရှင့်။ အကိုသိချင်တာရှိရင် မေးလို့ရပါတယ်။ ညီမတို့ဘက်က အတတ်နိုင်ဆုံး ကူညီ ဖြေကြားပေးသွားပါ့မယ်။

KYAWYEAUNG
KYAWYEAUNG 1,684 လွန်ခဲ့သော ၆ နှစ် က

အမက ဘယ်မှာထမ်းစောင်တာလဲ

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၆ နှစ် က

စပါးအတွက် GAP ရှိပါတယ် ကိုအောင်အောင်ရေ။ လက်မှတ်ရသူတွလည်းရှိနေကြပါပီ။ အကို့အနေနဲ့ gap နဲ့စိုက်ချင်တာဖြစ်ဖြစ် လေ့လာချင်တာဖြစ်ဖြစ် မြို့နယ်စိုက်ပျိုးရေးရုံးနဲ့ ဆွေးနွေးတိုင်ပင် အကြံတောင်းနိုင်ပါတယ်။

aungaung
aungaung 3,541 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

KYAWYEAUNG
KYAWYEAUNG 1,684 လွန်ခဲ့သော ၆ နှစ် က

ကိုအောင်အောင် သိချင်တာမေးပါဘယ်ဝေါထဲကနေနေ သိသူတွေဝန်းရံကြမှာပါ။နားစွန်နားဖျားကြားဖူးတယ် ရတယ်ထင်တယ်ဗျ

KYAWYEAUNG
KYAWYEAUNG 1,684 လွန်ခဲ့သော ၆ နှစ် က

အားရှိလာပါတယ်အကိုတို့ မနှစ်က( ၄)ဧက ဓာတုကင်းစင်စိုက်ပါတယ် ဒီနှစ် တော့(၃)ဧကတည်းပါကိုယ်ပိုင် ယာလေး ဆွဲလိုက်တော့ငွေနည်းနည်း မောသွားလို့။လာမည့်နှစ်။ ၈။ဧကလောက်စိတ်ကူးပါတယ်ဗျ။သင်တန်းတွေပြုလုပ်ဖို့လည်းချိတ်ဆက်ထားပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်က စိတ်ပါဝင်စားမှုမရှိလည်းဒီစနစ်လုပ်လို့ရပါသလားဗျ?။စောစောက ဈေးကွပ်ဆိုတာလည်း မျော်လင့်နေပါတယ် ကုန်ကျစရိတ်သက်သာတယ်ဆိုတာရယ် ကျန်းမာရေးအရနဲ့ကိုက်ညီတယ် အသိနဲ့ ဆက်လက်လုပ်နေရပါတယ်။ အခုလိုအားပေးတာအားရှိပါတယ်။နောင်လာမျိုးဆက်တွေသူငယ်ချင်းတွေ စီးရုံးတယ် ခဗျ စိတ်မဝင်စားကြ ဘူးဗျာ သူတို့ကပြောတယ် မင်းကြက်သွန်လည်းငါ့ကြက်သွန်ဈေးလိုပဲ ဘာပိုလို့လဲမေးလာတယ်။ကျွန်တော့်ဘက်က ပြောအားမရှိဘူးပေါ့ဗျာ။

aungaung
aungaung 3,541 လွန်ခဲ့သော ၆ နှစ် က

စပါးကော gap လက်မှတ်ရလားခင်ဗျ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့..ဝမ်းသာပါတယ်ဗျာ။ကိုကျော်ရဲအောင်လိုတောင်သူတွေများများရှိလာစေချင်တယ်။အခုနောက် ပိုင်းဆိုရင် အာဆီယမ်လွတ်လပ်စွာကုန်သွယ်ရေးမူဝါဒအရ တစ်နိုင်ငံနဲ့တစ်နိုင်ငံရောင်းဝယ်ဖောက်ကားရာမှာ အခွန်ကောက်ခံမှုမရှိတော့မှာဖြစ်တဲ့အတွက် သီးနှံရဲဲ့အရည်အသွေးကစကားပြောလာပါပြီ။သတ်မှတ်ထားတဲ့အရည်အသွေးနဲ့ကိုက်ညီမှသာဝယ်ယူသူသဘောကြိုက်ပြီးစျေးနှုန်းလည်းမြင့်မားစွာရရှိနိုင်မှာဖြစ်ပါတယ်။လောလောဆယ်မှာတော့ GAPကြက်သွန်နီစျေးကွက်မကြားမိသေးဘူး။ငရုတ်တော့GAPလက်မှတ်လျှောက်လို့ရနေပါပြီ။မကြာမီလာမည်ပေါ့။အခုကတည်းကြိုတင်ပြင်ဆင်ထားတာကောင်းတာပေါ့ဗျာ။

KYAWYEAUNG
KYAWYEAUNG 1,684 လွန်ခဲ့သော ၆ နှစ် က

ဟုက်ကဲ့ကျေးဇူးတင်တယ်ဗျာဒီနွေရာသီအားလပ်ချိန်မှာ အများကြီးလေ့လာပါမယ်ဗျ အဓိက ကတော့ ကျွန်တော့်အနေနဲ့ အနည်းငယ်ဖြည့်စည်းလိုက်ရင် gapအဆင့်တန်းဝင် မယ်လို့ယူဆမိပါတယ် ။တစ်ခုလောက်သိချင်ပါသေးဗျ လက်ရှိမှာတော့ ကျွန်တော်တို့ကြက်သွန်သီနှံက gapဈေးကွပ်ရယ်လို့ရှိသလားဗျ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

GAP(Good Agriculture Practices)ဆိုတာ ကောင်းမွန်သောစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများပေါ့ဗျာ။အဓိကအခြေခံအချက်ကြီး၄ချက်ရှိပါတယ်။(၁)သီးနှံအရည်အသွေးကောင်းရမယ်(၂)စားသုံးသူဘေးအန္တရာယ်ကင်းစေရမယ်(၃)သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်ရမယ်(၄)စိုက်ပျိုးထုတ်လုပ်သူ တောင်သူ/လုပ်သားများကို ကျန်းမာရေးထိခိုက်မှုအနည်းဆုံးဖြစ်ရမယ်။လိုက်နာလုပ်ဆောင်ရမဲ့အချက်တွေကတော့များပါတယ်။နောက်ကြောင်းပြန်စစ်ဆေးမှုရှိပါတယ်။ဥပမာ...မြေ..မျိုး..မြေသြဇာသုံးစွဲမှု တွေရဲ့..ရာဇဝင်တွေကိုစစ်ဆေးပါတယ်။စိုက်ပျိုးမှုမှတ်တမ်းထားရပါတယ်။စိုက်ပျိုးမှုကာလတလျှောက် သက်ဆိုင်ရာမှကြီးကြပ်စစ်ဆေးမှုတွေရှိပါမယ်။စိုက်ပျိုးရေးဌာနမှာGAP သင်တန်းတက်ထားရပါမယ်။ဒါကြောင့်GAPနဲ့စိုက်ပျိုးထုတ်လုပ်ချင်တယ်ဆိုရင် မြို့နယ်စိုက်ပျိုးရေးဌာနနဲ့ဆက်သွယ်ပြီးဆောင်ရွက်ရပါမယ်။စားသုံးသူလည်းဘေးကင်းပြီးစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူလည်းအကျိုးရှိတာGAPပါ။ဒါကြောင့်GAPနဲ့စိုက်ပျိုးလာကြပါပြီ။နောက်ပိုင်းမှာလည်းပြည်တွင်းပြည်ပမှဝယ်ယူမည့်ကုန်သည်/ပွဲစားများကလည်း GAPနဲ့စိုက်တဲ့ သီးနှံများကိုစျေးကောင်းပေးပြီးဝယ်ကြတော့မှာပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။