အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Soe Hla
U Soe Hla 1,510
လွန်ခဲ့သော ၆ နှစ် က · ကျောက်တန်း

ကွမ်းပင်များအား ငါးအမိုင်နိုအက်ဆစ် 14.3.2020 နေ့တွင်တစ်ကြိမ်ဖျန်းပြီးသွားပါပြီ အရွက်အခြေအနေကောင်းပါသည် နောက်ထပ်ဘယ်နှစ်ရက်လောက်တစ်ကြိမ်ထပ်ဖျန်းသင့်ပါသလဲခင်ဗျာ ဖြေကြားပေးစေလိုပါသည်။

အပင်အာဟာရ ကွမ်း

ဖြေကြားချက် ၆ ခု

ကိုဟန်ဝင်း
ကိုဟန်ဝင်း 1,163 လွန်ခဲ့သော ၆ နှစ် က

၇ ရက်တစ်ကြိမ်ဖြန်းပါ

U Soe Hla
U Soe Hla 1,510 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးအထူးပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့အဲ့နှုန်းထားအဆင်ပြေပါတယ်

U Soe Hla
U Soe Hla 1,510 လွန်ခဲ့သော ၆ နှစ် က

၅ဂါလံဝင်ဆေးဖြန်ပုံးတစ်ပုံးကို ငါးအမိုင်နိုအစ်ဆစ် လဘ္ဘရည်အကြမ်းပုဂံလုံး၁ လုံး ကို၁၅၀၀ ခြံမှာဖျန်းထားတာပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ။ ကွမ်းကအရွက်ယူတာဆိုတော့ ဆေးတွေသိပ်မသုံးကြဘူးပေါ့နော်။ ငါးအမိုင်နိုက ပင်ပိုင်းကိုအားပေးတာပါရှင်။ အာ့ကြောင့် အခုကလည်းအခြေအနေကောင်းနေတာဆိုတော့ နှစ်ပတ်တစ်ကြိမ်လောက်ဖျန်းပေးရင်ကောင်းပါတယ်။ အရွက်ယူခါနီးတို့ဆိုရင်မသုံးတော့ပါနဲ့။ သုံးတဲ့အခါမှာလည်းအလွန်အကျွံမဖြစ်ပါစေနဲ့ရှင့်။ ဆေးလောင်တာမျိုးဖြစ်မှာစိုးလို့ပါ။ ၁၄ ရက်နေ့ကဖျန်းတာဘယ်နှုန်းထားနဲ့ဖျန်းထားလဲရှင့်။

U Soe Hla
U Soe Hla 1,510 လွန်ခဲ့သော ၆ နှစ် က

မကျော့်နဒ္ဒါစိုးခင်ဗျာ ကျေးဇူးအထူးတင်ပါသည်ခင်ဗျား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။