ဖြေကြားချက် ၇ ခု
မိုးကြိုနှမ်းအနေနဲ့ မေ/ဇွန် လတွေမှာ မိုးဦးမိုးရေနဲ့စိုက်နိုင်ပါတယ်။ဆောင်းနှမ်းအနေနဲ့ဆိုရင် မိုးအကုန်ရွာသွန်းတဲ့မိုးရေကိုအားပြုပြီး စက်တင်ဘာလမှာစိုက်ကြပါတယ်။ကြည်တည့်မိုးရွာသွန်းပြီးနောက်ပိုင်းပေါ့။နွေနှမ်း(ရေသွင်းစိုက်)..မိုးကြိုနှမ်း(မိုးဦးမိုးရေ) နဲ့ဆောင်းနှမ်း(မိုးကုန်မိုးရေ)တို့အနက် ရေကိုလိုအပ်သလိုသွင်းပြီးစိုက်တဲ့နွေနှမ်းကအထွက်အကောင်းဆုံးပါ။မိုးကြိုနှမ်းနဲ့ဆောင်းနှမ်းကတော့မိုးရေကိုအားပြုစိုက်ရတာမို့ မိုးလေဝသအပေါ်မူတည်ပြီးအထွက်နှုန်းကပြောင်းလဲနိုင်ပါတယ်။
နေ့အပူချိန်မြင့်မားလာမှုနဲ့ရေအစိုဓာတ်လိုအပ်နေမှုတွေကြောင့်ဖြစ်နိုင်ပါတယ်နွေနှမ်းက သွင်းရေအားကိုးပြီးစိုက်ရတာပါ။နှမ်းပင်ကရေဝပ်တာမကြိုက်ပေမဲ့ရေတော့လိုအပ်ပါတယ်။အဓိကအားဖြင့် မြေပြင်ချိန်ရယ်,အပင် ၁လ သားရှိနေချိန်ရယ်,ပန်းပွင့်ချိန်ရယ်နဲ့သီးကင်းဝင်နေချိန်တို့မှာရေအထူးလိုအပ်ပါတယ်။နောက်တစ်ခုက နောက်ဆုံးကြားထွန်ဝင်ချိန်(၁လသားခန့်)မှာပုလဲကျွေးပေးရပါမယ်။မကျွေးဖြစ်ခဲ့ဘူးဆိုရင်သီးပွင့်ရွက်ဖျန်းအားဆေး(ဥပမာ..ပုလဲ+လက်ချားရွက်ဖျန်းဆေး)ကိုမဖြစ်မနေဖျန်းပေးပါ။သီးပွင့်တွေအားကောင်းလာပါလိမ့်မယ်။
ဆက်စပ်မေးခွန်းများ
နှမ်းပင်တွေကသီးပွင့်အားဆေးဖြန်ပီနောက်ပိုင်းအပွင့်အရမ်းကြွေနေတယ်ကြွေတဲ့အပွင့်ကလဲအဖူးသာသာပဲရှိသေးတယ်ဘာကြောင်ဆရာ...
ဖြေကြားချက် 6 ခု
အသီးမတင်ပဲအပွင့်တွေကြွေနေလို့ဘာအပ်လို့လည်းပြေားပြပေးပါဆရာသမားတို့
ဖြေကြားချက် 6 ခု
ဆရာသမားများဖြေကြားပေးပါအုံးဗျ အဖူးလေးတေကမပွင့်ပဲကြွေကျနေလို့ ဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 4 ခု
လုပ်ကြပါအုံးဆရာတို့အပွင့်တွေအရင်းကနေအကုန်ကြွေကြကုန်ပီဘာဖြစ်တာလဲအပွင့်ဆွဲခွာလိုက်ရင်အသီးလေးတွေပါသွားတယ်တခင်း...
ဖြေကြားချက် 3 ခု
နှမ်းမှာအရွက်အပင်ရဲ့စိမ်းရောင်တောက်ပမူ့ဘာမှပြောစရာမရှိပါဘူးအပွင့်တွေကကြွေလိုက်နေတယ်နောက်ပီအပွင်တွေမှာအမဲပြောက်...
ဖြေကြားချက် 1 ခု