ဖြေကြားချက် ၈ ခု
ရေဖြန်ပေလိုက်ပါ
မြေကသဲနုံးစက်ဆိုရင်ရေသွင်းပေးတာကောင်းတယ်
နွေနှမ်းစိုက်ပျိုးမယ်ဆိုရင် ၁။ရေ...၂။စိုက်ချိန်..၃။မျိုး..၄။မြေသြဇာ ဂရုစိုက်ရပါတယ်။နွေနှမ်းဟာမိုးရေမရရှိနိုင်တာမို့သွင်းရေပေးနိုင်မှအဆင်ပြေမှာပါ။ဒါကြောင့်အဓိကရေလိုအပ်တဲ့အချိန်ရေသွင်းနိုင်မှကုန်ကျစရိတ်သက်သာပြီးအကျိုးရှိမှာပါ။မြေပြင်ချိန်,စိုက်ပြီး၁လသားရှိချိန်,ပန်းပွင့်ချိန် နဲ့ သီးကင်းဝင်ချိန်တို့မှာရေသွင်းပေးရပါမယ်။ပန်းပွင့်ချိန်နဲ့သီးကင်းဝင်ချိန်မှာရေသွင်းရင် အပင်သက်တမ်း ပိုကြီးပြီးအပင်ကြီးထွားနှုန်းမတူတာကြောင့်အပင်၂ထပ်ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ။သီးနှံအများစုဟာဒီအချိန်တွေမှာရေအဓိကလိုအပ်ပါတယ်။စိုက်ချိန်ကလည်းဖေဖော်ဝါရီလကုန်နောက်ဆုံးထားစိုက်ရပါမယ်။မေ/ဇွန်ဆိုမိုးဦးကျပြီမို့ ရိတ်ချိန်နဲ့မိုးလွတ်အောင် ချိန်ဆပြီးစိုက်စေချင်ပါတယ်။မျိုးဆိုရင်သက်တမ်းတိုတဲ့မျိုးတွေ (၇၅ရက်,ရက်၉၀မျိုး)စိုက်မှသာမိုးလွတ်လေလွတ်ဖြစ်မှာပါ။မြေသြဇာအနေနဲ့ဆိုရင်မြေခံမှာထည့်ရသလို ပန်းပွင့်ချိန်မှာပုလဲမြေသြဇာမဖြစ်မနေထည့်ရပါမယ်။အပင်ရဲ့လိုအပ်ချက်အရပါ။စစ်ကိုင်း,မန္တလေးနဲ့မကွေးအပူပိုင်းဇုံဒေသတွေမှာမြေတွေကိုဓာတ်ခွဲစစ်ဆေးချက်အရ အာဟာရဓာတ်တွေချို့တဲ့နေတာကိုတွေ့ရပါတယ်။ဒါကြောင့်အထွက်ကောင်းချင်တယ်ဆိုရင်သင့်လျော်တဲ့မြေဆီပမာဏကိုအပင်အတွက်ကျွေးပေးမှသာအဆင် ပြေနိုင်မှာပါ။မိုးကြိုနှမ်းကိုတော့ မေ/ဇွန် လမှာ မိုးဦးမိုးနဲ့အတူစိုက်သင့်ပါတယ်။အညာဒေသက ဇူလိုင်လမှာ တစ်လလုံးနီးပါးမိုခေါင်တတ်ပြီးသြဂုတ်လဆန်းမှာမိုးရွာလေ့ရှိပါတယ်။ကိုယ့်ဒေသရဲ့မိုးလေဝသအနေအထားနဲ့ချိန်ဆပြီးစိုက်ပျိုးရေးကိုအဆက်ပြေအောက်လုပ်ဆောင်သင့်ပါတယ်။
မစိုက်ခင်စိုက်ခင်းကိုရေသွင်းဖြစ်သေးလား။နွေနှမ်းရဲ့အသက်ဟာ စိုက်ချိန်, ရေ နဲ့ အဟာရဓာတ်ပါဘဲ။နွေနှမ်းကဖေဖော်ဝါရီလကုန်နောက်ဆုံးစိုက်သင့်ပါတယ်။ရိတ်သိမ်းချိန်မှာမိုးမမိအောင်ဖေဖော်ဝါရီလထက်နောက်မကျဘဲစိုက်စေချင်ပါတယ်။စိုက်ချိန်မှာအစိုဓာတ်ရှိတယ်ဆိုရင်မျိုးမကောင်းလို့အပင်ပေါက်ညံ့တာပါ။နောက်၅ရက်မှမပေါက်ဘူးဆိုရင်သေချာပါတယ်..မျိုးကြောင့်ပါ။အကယ်၍စိုက်ချိန်မှာအစိုဓာတ်လုံလောက်စွာမရှိခဲ့ဘူးဆိုရင်မြောင်းထဲရေသွင်းပေးကြည့်ပါ။
ြဲကဲတာ ၅ ရက်ရှိပီ အပင်မပေါက်သေးလို့ မြှောင်းထဲ ရေသွင်းပေးရ ကောင်းမလား? အပေါ်ကနေ ရေပါးပါးဖြန်းပေးရကောင်းမလား? အကြံပေးပါဦး ဆရာတို့...
လနဲ့မှတ်ထားပါတိကြပါစေ၁၀ရက်နောကကြရင်နောက်ကြတဲ့လိုက်ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့
ကျွန်တော့အမြင်ကတော့မြေသြဇာမြေဆီနဲ့မဆိုင်ဘူးဗျရေသွင်းစိုက်မယ်ဆိုရင်မိုးလနဲ့မနီးစေချင်ဘူးသီးနှံတိုင်းကအဖူးပွင့်လာခါနီးမှမိုးရွှာခဲ့မယ်ဆိုရင်အပင်ရဲ့သက်တန်းကပိုကြာမယ်အပင်တွေကြီးထွားလာမယ်အပင်ကြီးလာတဲ့အတွက်ကြောင့်အရင်ကြီးတဲ့အပင်ကကြီးသထက်ကြီးပီးနောက်ကြတဲ့အပင်ကညက်သွားမယ်အဲ့တော့နှစ်ထက်ဖြစ်သွားမယ်ညက်တဲ့ပင်ကသက်တန်းတိုပီးလှတဲ့ပင်ကသက်ကြီးသွားမယ်အဲ့တော့နှစ်ထက်ဖြစ်သွားတာပေါ့တစ်ညီတည်းမဟုပ်တော့ထင်သလောက်ဖြစ်လာဘူးအခုချိုန်ကဇဃချိုန်ဖြစ်နေပီကျွန်တော်ကတော့မစိုက်စေချင်သေးဘူးနောက်ထက်၁၅ရက်လောက်စောင့်စေချင်တယ်ဆေးဖိုးရေးဖိုးပိုကုန်မှာဆိုးလို့ပါအဆိုဓါတ်ရှော့ချိုန်မှာအပင်ရဲ့သက်တန်းတစ်လခွဲသားဆိုအနေတော်ပဲမိုးလကိုသိဖို့လိုတယ်သင်ကေတထားပါလေ့လာပါကိုယ်ကိုတိုင်သိမှပိုပီးအဆင်ပြေမယ်အမြဲတန်းလေ့လာပါစန်းသက်မှု့လုပ်ပါအချိုန်ကာလတွေအဓိကထားလေ့လာပါအဂးၤလိပ်
မြေပြင်ချိန််မှာ ပုလဲ၂၈ပေါင်,တီဆူပါ၅၆ပေါင်,ပိုတက်ရ်ှ၂၈ပေါင်ထည့်သင့်ပါတယ်။နွားချေးရှိရင်လှည်း၅စီးတိုက်ထည့်ပါ။ပန်းပွင့်ချိန်မှာပုလဲ၂၈ပေါင်ထပ်ထည့်ပါ။
ဆက်စပ်မေးခွန်းများ
နှမ်းကို ခုချိန်စိုက်လို့ရလားခဗျာ ကုလားပဲရိတ်ပြီး မြေကိုဘယ်လိုပြင်ရမလဲခင်ဗျာ အဓိကရေပေးစနစ်လေးသိပါရစေ
ဖြေကြားချက် 3 ခု
နွေနှမ်းစိုက်ရန် မြေ စေ ဒေသခေါ်မြေမ စိုက်ရန် ဘယ်လိုထည်ရေလုပ်ရမလဲ ထည်ထိုးပြီးရေထည့်ရင်တော်တော်နဲ့မခြောက်လို့ စ...
ဖြေကြားချက် 4 ခု
စပါးရိတ်သိမ်းပြီးနှမ်းပြန်စိုက်မလို့ပါဘယ်လိုစိုက်စနစ်နဲ့လှပ်ရမလဲအကြံပြုပေးပါခင်ဗျာကျေးဇူးတင်တယ်
ဖြေကြားချက် 3 ခု
ကျနော်တို့မြေကြီကသန်တယ်ဆိုတော့ တန်ကြား ၁၅ လက်မ မရဘူနှစ်ပေလောက်မှနှမ်းသိမ်းရတာ အဲဒါကြောင့်တန်ကြားတစ်ပေခွဲ ဆွဲနေ...
ဖြေကြားချက် 2 ခု
နှမ်းစိုက်မလို့ပါ အဲဒါကို မြေအောက်မြေဆီလွှာခံဆေး ဘာသုံးရမလဲဗျ ပြောပြပါ
ဖြေကြားချက် 2 ခု