အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Myo Htet Zaw
Myo Htet Zaw 524
လွန်ခဲ့သော ၆ နှစ် က · ဝက်လက်

2လသားပါး လိုအပ်ချက်လေးပြောပေးပါအုံးး ကုန်ချိန်အထွက်တိုးအောင်လမ်းညွှန်ပေးကြပါ

အပင်အာဟာရ ရုံးပတီ
Post image
Post image
Post image
3

ဖြေကြားချက် ၃ ခု

bojo
bojo 349 လွန်ခဲ့သော ၆ နှစ် က

ဆက်သွယ်လို့ရမဲ့ phလေးပေးပါလား

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ကျနော့်အမြင်ပြောရရင် နွေစိုက်ပျိုးပုံက အပင်ရင်းအရိပ်ရအောင်စိုက်တာ ပိုမို‌ကောင်းမွန်တဲ့ရလဒ်ကိုဖြစ်စေပါတယ်။ကျဉ်း‌မြောင်းဖော်တာ ကျဲလွန်းပြီး ရေသွင်းစနစ်ကို ဒီထက်ပင်ရေပိုမိုဝင်ဆန့်ပြီး၊‌မြေသြဇာကို အရည်စနစ်ကျင့်သုံးပြီး ရေသွင်းစနစ်နှင့်အတူ ထည့်သွင်းအသုံးပြုဖို့ဆိုလျင် ဒီထက်နိမ့်တဲ့ကျဉ်းစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါတယ်။အလျားလိုက်‌မြောင်းကိုဆက်သွယ်‌ရေသွင်း‌သောစနစ်ကို ဒေါင်လိုက်ပုံသဏ္ဌန်မြောင်းဖြင့် အပင်ကြားတွင်ခြားပြီး ‌တစ်ကျဉ်းကို သုံးတွင်းတစ်တန်းပြောင်းလွဲ၍စိုက်ပျိုးသင့်ပြီး၊ တစ်တန်းနှင့်တစ်တန်းအကွာဝေးကို ရေတစ်သွင်းအစာ‌မြေသြဇာ ကြိမ်ရေနှင့်တွက်ချက်ပြီးမှ‌ ‌ပေါက်ပြားနှင့်တွက်ချက်တိုင်းထွာ ချန်လှပ်သင့်ပါတယ်။မျိုးစေ့ကို ရေစိမ်ဖောက်၍ အပင်ပေါက်နုန်းကို သေခြာစစ်ဆေးပြီးမှ ရေကြိုသွင်းထားသော မြေပေါ်စိုက်သင့်ပြီး။‌မြေကြီးကို ပက်ကြားအက်တဲ့အထိရေမပြတ်သင့်‌သောကြောင့် ကြိမ်ရေများများမြန်မြန်စနစ်ကို ကျင့်သုံးသင့်ပါတယ်။ပင်ရေပိုမိုဝင်ဆန့်ခြင်း မြေနေရာနှံ့အောင်ရေကြိမ်ရေပိုသွင်းခြင်းနှင့် ရေနှင့်အတူ‌သြဇာဓါတ်ထည့်သွင်းနိုင်ခြင်းတို့‌ကြောင့် ပိုမိုထွက်နုန်းကောင်းလာစေပြီး၊ပိုမွှားရောဂါတို့အတွက် ကြိုတင်စနစ်ချထားရိြှခင်းကြောင့် ယခုထက်ပိုသော အောင်မြင်ဖြစ်ထွန်းမှုမျိုးကို ရရှိနိုင်မှာပါ။

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ဖြုတ် ယင်ဖြူ မွှားပင့်ကူ ဂရုစိုက်ပါ မြေဆီနဲ့ရေ ရက်ပတ်မှန်ပါစေ စုတ်စားပိုး ဒဏ် ခံနိုင်ရည်ရှိသော မျိုးကို အသုံးပြုပါ ကုန်ချိန်အထွက်တိုးအောင် p,k ca ,b များတဲ့ ဆေးတွေတိုးကျွေးပါ အထဲမှာ အစေ့များများပါသော အတွင်းသား အနှစ်ပြည့်သော မျိုးများကို အသုံးပြုပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။