အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ye  htut  oo
Ye htut oo 3,444
လွန်ခဲ့သော ၆ နှစ် က · ဓနုဖြူ

ကျွန်တော့်သခွားတွေပုံထဲကပုံစံတွေဖြစ်နေလို့ဖြေပေးကြပါဦးဆရာတို့ရေ

စိုက်ပျိုး ဗဟုသုတ သခွား
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ရွက်ကြောစိမ်းပြီး အရွက်ဝါသွားတဲ့အပင်တွေ တပင်စ နှစ်ပင်စ သိပ်မများဘူးဆို နှုတ်ပစ်လိုက်ပါ ကျနော့်အထင်တော့ စုပ်စားပိုးကြောင့်လို့ပဲ ထင်တယ် ဆေးဖျန်းလို့ အဆင်ပြေရင် ဆေးဖျန်းပါ Thiamethoxam ၁ဇွန်းခွဲ အနည်းလိုအဟာရ ၁ဇွန်း ထည့်ဖျန်းပါ နောက် ၃ရက်ကြာ နောက်တကြိမ် ထပ်ဖျန်းပါ ပြီးရင် မက်ကိုဇက်မှိုဆေး ၁ကြိမ်ဖျန်းပါ (20%လောက်ပဲဖြစ်သေးရင် လုပ်လို့ပါသေးတယ် လို့ယူဆတယ်)

Ye  htut  oo
Ye htut oo 3,444 လွန်ခဲ့သော ၆ နှစ် က

ဆေး(လုံးဝ)မဖြန်းရသေးပါဘူး မျိုးက နှင်းဆီ 3040 မျိုးပါ မျိုးပင် 100% 20% ပဲဖြစ်တာပါ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အခြားပင်တွေလည်း ဒီလိုပဲ ဖြစ်ပါသလား။

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ဆေးမှားပြီးတစ်ခုခုဖြန်းသလား ဘာမျိုးစိုက်တာလဲဗျ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးကျတာများလို့ virus ဝင်သွားတဲ့ပုံစံပဲ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။