အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ဇေယျာမိုးမြင့်
လွန်ခဲ့သော ၆ နှစ် က · ရေနံချောင်း

အရိပ်လည်း ရအောင် စည်းရိုးလည်း လုံအောင် ဝါးပင်လေးတွေ ဝယ်စိုက်ထားပါတယ် ရေလောင်းတာအပြင် ဘယ်လို ဂရုစိုက် စိုက်ပျိုးသင့်လဲ ဆိုတာကို ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ ?

စိုက်ပျိုးနည်း ဝါး
7

ဖြေကြားချက် ၇ ခု

မောင်ဇေယျာမိုးမြင့်
မောင်ဇေယျာမိုးမြင့် 464 လွန်ခဲ့သော ၆ နှစ် က

ကိုညီညီ ကျေးဇူးပါဗျာ ? အခုမှ နားလည်းသွားတော့တယ်

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ဝါးပင်ဟာ မျိုးစိတ်များတဲ့အပင်မျိုးပဲဖြစ်ပါတယ်။အပင်ကြီးမျိုးတွေဟာ အရိပ်ကိုဖြစ်စေပါတယ်။ သို့ပေမယ့် အရိပ်ခံအပင်အဖြစ်တော့ အိမ်ရဲ့အနီးမှာမစိုက်ကြပါဘူး။ဝါးရုံဟာရှုပ်ထွေးပြီး၊မြွေပါးကင်းပါးတို့ခိုအောင်းလွယ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။အပုတ်ထွက်လွယ်ခြင်းကြောင့် ဝါရုံကြီးလာတာနှင့်အမျှ တစ်ဖက်မြေကို အရိပ်လွမ်းခြင်း ဝါးမြက်များတိုးထွက်လာခြင်းကြောင့် ဝါးတစ်ပြန်စာနေရာအတွင်း အပင်စိုက်ပျိုးလျှင် ကြွေးသမျမြေဩဇာကို ထိုဝါးရုံအမြစ်တွေက တိုးဝင်စားသောက်ခြင်းကြောင့် တစ်ဖက်မြေရဲ့ ဖွဲ့စည်းပုံကို ထိပါးနှောက်ယှက်ပေးပါတယ်။ဝါးပုတ်ထွက်လာခြင်းကြောင့် နှစ်အနည်းငယ်ကြာလာသောအခါ အိမ်တစ်ဆောင်စာလောက် နေရာယူလာပါတယ်။ထိုအခါ ဝါးရုံအမှတ်သားကို စည်းရိုးယူကာ ဝါးရုံများကို တဖြည်းဖြည်းတိုးဝင်စိုက်ပျိုးလာခြင်းဖြင့် မြေနေရာကို ချဲ့ယူရာမှ တစ်ဖက်နှင့်တစ်ဖက် အငြင်းပွါးတရားစွဲဆိုကြရာမှ သစ်ပင်ကို သက်သေပြဆိုရန် အကြောင်းမလျော်သောကြောင့် မြေယာဥပဒေအရ အငြင်းပွါးဖွယ်ကို ဖြေရှင်းရန် ပြဌာန်းချက်များရှိလာခဲ့ရပါတယ်။

မောင်ဇေယျာမိုးမြင့်
မောင်ဇေယျာမိုးမြင့် 464 လွန်ခဲ့သော ၆ နှစ် က

ဝါးစိုက် မြေခိုး ဆိုရိုးစကားရယ်၊ တည်ဆဲ မြေယာဥပဒေအရ စိုက်ပျိုးသူ၏ အပြစ်သာဖြစ်ပါတယ် ဆိုတာရယ်ကို အခုမှ ကြားဖူးတာပါ အစ်ကိုရေ နည်းနည်းလောက် ထပ်ရှင်းပြလို့ရရင် ရှင်းပြပေစေချင်ပါတယ် အစ်ကို ☺

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က

ဖြည့်စွက် ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ခြံစည်းရိုးတန်းစိုက်တဲ့ဝါးပင်က အပင်သေးတဲ့ဝါးမျိုးစိတ်ပါ။ရှင်သန်လွယ်ပါတယ်။အပင်သိပ်သိပ်နီးနီးစိုက်ပျိုးရပါတယ်။အပင်စိုက်ပျိုးစဉ် ရှင်သန်စမှာ ပင်ရင်းကို နွားချီးမြေဆွေးထည်သွင်းပေးနိုင်ပါတယ်။လိုအပ်တဲ့အမြင့် အရိုးတစ်ရပ်လောက်မှာ အပင်ညှပ်ကပ်ကြေးဖြင့် တိညှပ်ပေးရပါမယ်။ခြံစည်းရိုးမှာ အပုတ်ဖြစ်မယ့် ဝါးပင်မျိုးစိတ်ကိုမစိုက်ပျိုးသင့်ပါဘူး။ဝါးစိုက်မြေခိုး ဆိုရိုးရှိခဲ့ပါတယ်။တည်ဆဲမြေယာဥပဒေအရတော့ စိုက်ပျိုးသူ၏ အပြစ်သာဖြစ်ပါတယ်။

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က
ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က

အခြားသီးနှံပင်တွေလောက် ပြုစုရတာ သိပ်မရှိပါဘူးခင်ဗျ။ ရာသီဥတုပေါ်မူတည်ပြီး တစ်နေ့ကို ရေ ၂ ကြိမ်မှ ၃ ကြိမ်လောင်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းနိုင်ဖို့အတွက်အပင်ခြေရင်းမှာ သစ်ရွက်ခြောက်၊ မြက်ခြောက်နဲ့ ကောက်ရိုးတို့ကို ဖုံးထားလို့ရပါတယ်။ ရေဝပ်ခြင်း မဖြစ်အောင်တော့ ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။