အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Naw Rain
Naw Rain 464
လွန်ခဲ့သော ၆ နှစ် က · လားရှိုး

နှင်းဆီပန်းအပွင့်မပွင့်လို့ဘယ်လိုလုပ်ရမလဲ.....စိုက်ထားတာကြာပြီဗျ...

စိုက်ပျိုး ရေ အာလူး
3

ဖြေကြားချက် ၃ ခု

Naw Rain
Naw Rain 464 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ...

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၆ နှစ် က

နှင်းဆီစိုက်ပြီး အပွင့်ဘူးဖြစ်နေပြီလား။ ဒီအောက်က အချက်အလက်တွေက အဖြေပေးမှာပါ။ ရောဂါကြောင့် Botrytis blight လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးက စိုထိုင်းဆမြင့်တဲ့အချိန်မှာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါကျနေပြီဆိုရင် နှင်းဆီဖူးတွေက မပွင့်နိုင်တော့တာ ဖြစ်နိုင်ပါတယ်။ နှင်းဆီပင်ကို လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးပြီး မှိုဆေးဖျန်းပေးနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ဗိုင်းရပ်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်ထပ်တစ်မျိုးက မြေကြီးထဲမှာရှိနေတဲ့ မြစ်ဖုနီမတုတ်လို့ခေါ်တဲ့ သံကောင်နဲ့တူတဲ့ ရောဂါပိုးပါ။ နှင်းဆီရဲ့ အမြစ်တွေမှာ ပုံမှန်မဟုတ်တော့ဘဲ အလုံးလေးတွေ ကပ်နေသလိုဖြစ်နေပါတယ်။ မြစ်ဖုနီမတုတ်က နှင်းဆီပင်ရဲ့ အမြစ်ထဲကိုဝင်ပြီး တိုက်ခိုက်ပါတယ်။ အပင်က အစာနဲ့ ရေစုပ်ယူနိုင်စွမ်းကျလာပြီး အပွင့်မပွင့်နိုင်လောက်အောင် အားနည်းသွားတာဖြစ်ပါတယ်။ ပိုးကြောင့် နှင်းဆီမှာ ဆိုးရွားတာက လှေးပိုးတွေ ဖြစ်ပါတယ်။ လှေးပိုးတွေက စုပ်စားပိုးတစ်မျိုးဖြစ်ပြီး အရွက်၊ အဖူးနဲ့ အပွင့်တွေထဲက ပင်ရည်တွေကို စုပ်ယူစားသောက်ပါတယ်။ လှေးပိုးကြောင့် နှင်းဆီအပင်ကို ကြီးကြီးမားမားထိခိုက်နိုင်ပါတယ်။ နောက်တစ်မျိုးက အဖူးထိုးပိုးပါ။ အဖူးထိုးပိုးကျပြီဆိုရင် မပွင့်တော့တာ၊ ပွင့်လာရင်လည်း အပွင့်မလှတော့တာတွေ ဖြစ်နိုင်ပါတယ်။ အဟာရ အမျှတတာ အပင်တွေမှာ လိုအပ်တဲ့အဟာရကို မျှမျှတတကျွေးပေးဖို့လိုပါတယ်။ အပင်ပိုင်းကို ကြီးထွားစေတဲ့ နိုင်ထရိုဂျင်မြေသြဇာ (ပုလဲ)ကိုပဲ ကျွေးနေမယ်ဆိုရင် အပင်က ရွက်တွေပဲ ထွက်နေပြီး အပွင့်မပွင့်တာ၊ အပွင့်ပွင့်ဖို့ကြာနေတာမျိုး ဖြစ်တတ်ပါတယ်။ ဖော့စဖောရပ်ဓာတ် (တီစူပါ) က အပွင့်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဖော့စဖော်ရပ်ကို မကျွေးတာ၊ မလုံလောက်တာကြောင့်လည်း အပွင့်ပွင့်ဖို့ ကြာနေတာတွေ ဖြစ်တတ်ပါတယ်။ အဟာရမျှမျှတတမကျွေးတာဖြစ်ဖြစ်၊ အဟာရဓာတ်မလုံလောက်တာဖြစ်ဖြစ် အပွင့်ပွင့်ဖို့ ကြာတတ်တာကြောင့် အနည်းဆုံး သဘာဝမြေသြဇာ လုံလုံလောက်လောက်ကျွေးပေးစေချင်ပါတယ်။ ပတ်ဝန်းကျင်မကောင်းတာ နှင်းဆီစိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရပါမယ်။ အဖူးမထွက်တော့ဘဲ နှင်းဆီကန်းတယ်လို့ ခေါ်လို့ရမယ့် အနေအထားတစ်ခုရှိပါတယ်။ အဲဒီအခြေအနေကတော့ လုံးဝ အရိပ်များတဲ့နေရာမှာ စိုက်မိရင် ဖြစ်ပါတယ်။ နှင်းဆီအဖူးထွက်ဖို့အတွက် နေရောင်ခြည်က မဖြစ်မနေလိုအပ်ပါတယ်။ ပွင့်မှ အရိပ်ထဲမှာ ပြန်ရွေ့ထားချင်ထားပေါ့။ ရေငတ်တာနဲ့ အရမ်းအပူကဲတဲ့ နေရာများကိုလည်း ရှောင်ရှားသင့်ပါတယ်။ ကိုင်းဖြတ်ပေးဖို့ကလည်း မရှိမဖြစ်ပါ နှင်းဆီစိုက်တဲ့သူတွေအနေနဲ့ ကိုင်းဖြတ်ပေးရဖို့က မဖြစ်မနေအလုပ်ပါ။ ကိုင်းမဖြတ်ဘဲထားရင် အပင်က ရှုပ်လာပြီး အပွင့်နည်းလာပါမယ်။ ကိုင်းဖြတ်ပေးမှ ပွင့်ဖို့ အညွန့်သစ်တွေ ထွက်လာပြီး အပွင့်များများပွင့်မှာပါ။ ဒါပေမယ့် ကိုင်းကို အလွန်အကျွံမဖြတ်ဖို့လည်း ဂရုစိုက်ပါဦးနော်။

အောင်အောင်
အောင်အောင် 290 လွန်ခဲ့သော ၆ နှစ် က

အချိန်မတန်သေးလိုပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။