အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
638
လွန်ခဲ့သော ၆ နှစ် က · အမရပူရ

စပါးခင်းအထွက်တိုးရန်ဓာတ်မြေသြဇာ အနက်ဘယ်အမျိုးစားသုံးရမလဲသိချင်လို့ပါ

စိုက်ပျိုး ဗဟုသုတ စပါး စပါးမြေသြဇာကျွေးနည်း
5

ဖြေကြားချက် ၅ ခု

638 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဖြစ်နိုင်ရင်စိုက်မဲ့မြေကိုဓာတ်ခွဲစစ်ဆေးပြီးမှလိုအပ်တဲ့မြေသြဇာကိုထည့်သွင်းပေးသင့်ပါတယ်။မြေနမူနာစစ်ဆေးခြင်းကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ဆက်သွယ်ပြီးဆောင်ရွက်နိုင်ပါပြီ။ပုံမှန်အားဖြင့်..ပုလဲ(ယူရီးယား)ကို မိုးစပါးဆိုရင်တစ်အိတ်(ကီလို၅၀အိတ်),နွေစပါးဆိုရင်၂အိတ်ထည့်ပေးသင့်ပါတယ်။သတိပြုရမှာက ပုလဲကိုမြေခံမှာမထည့်သင့်ပါဘူး။ကောက်ပင်လှန်ချိန်,အလံရွက်ထွက်စအချိန် နဲ့ အနှံမထွက်မီ၅ရက်အလို...အဲဒီ၃ချိန်မှာခွဲပြီးကျွေးသင့်ပါတယ်။ဖော့စ်ဖိတ်ကအိတ်ဝက်လိုအပ်ပြီး မြေပြင်ချိန်မှာအကုန်လုံးထည့်ပေးရပါမယ်။ပိုတက်ကလည်းအိတ်ဝက်လိုအပ်ပြီးသူကတော့၂ကြိမ်ခွဲပြီးထည့်ရပါမယ်။မြေပြင်ချိန်နဲ့အနှံလောင်းဖြစ်တည်ချိန်ဝန်းကျင်မှာခွဲပြီးကျွေးသင့်ပါတယ်။ကုမ္ပဏီကတော့ကြော်ငြာသလိုဖြစ်မှာစိုးလို့မပြောတော့ပါဘူး။ဒေသတစ်ခုနဲ့တစ်ခုအကြိုက်ချင်းမတူကြတာမို့ကြိုက်နှစ်သက်ရာသုံးစွဲနိုင်ပါတယ်။

638 လွန်ခဲ့သော ၆ နှစ် က

ကုမ္ပဏီ လည်းသိချင်ပါတယ်

638 လွန်ခဲ့သော ၆ နှစ် က

အချိုးအစားကို

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ထုတ်လုပ်တဲ့ကုမ္ပဏီကိုပြောတာလား..ထည့်သွင်းရမဲ့အချိုးအစားကိုသိချင်တာလား။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မဂ်လာပါဗျာ ကျနော်တို့ပြည်မြို့နယ်ဘက်မှာစပါးအခြောက်ကြဲခင်းများနဲ့စပါးကိုစိုက်ပျိုးနေပါတယ် စပါးပင်ရဲ့သက်တမ်းတ...

ဖြေကြားချက် 0 ခု

ရက် ၉၀ နွေစပါးစိုက်ထားပါသည် ခမျာ ဘာ မြေဩဇာ သုံးသင့်ပါသလဲ ဘယ်အချိန်ကစ ဘယ်အချိန်ထိ သုံးသင့်ပါသလဲ

ဖြေကြားချက် 4 ခု

နွေသီးထပ် စပါး မှာ ရင့်မဲ့ချိန်မှာ ဘာကြောင့် မှဲ့စွန်းဖြစ်ရတာလဲဗျာ။{၁ ဧက•ပိုတက် ၁အိတ်• ပုလဲ ၃အိတ် •တီစူပါ ၁...

ဖြေကြားချက် 3 ခု

စပါးအပင်စဖြစ်ချိန်က​နေ ဘယ်အချိန်မှာဘာ​မြေဆီမျိုသုံရမယ် ဘယ်အချိန်မှာ ဘယ်လို​မြေဆီသုံးရမယ်ဆိုတာ ရိပ်သိမ်းချိန်ထီ...

ဖြေကြားချက် 3 ခု

green wayမှစိုက်ပျိုးရေးပညာရှင်များခဗျာ ကျွန်တော်တို့မိုးရာသီစပါးခင်းတွေမှ ာ အချိနိအလိုက်အသုံးပြုသင့်သောလိုအပ်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။