ဖြေကြားချက် ၁ ခု
guava wilt အပင်ညှိုးသေ ရောဂါပါ မှိုရောဂါဖြစ်ပြီး မိုးများလွန်းလို့ အပင်ရေဝပ်ချိန် ကြာတဲ့အခါ အပူချိန် အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကွာ ခြားမှု ၂၃ - ၃၂ ံC ဖြစ်ရင်စိုထိုင်းဆ ၇၆ % ဆိုရင် ဖြစ်ပါတယ် ထိပ်အဖျား က အရွက်တွေ ဝါလိပ်ခြောက်လာပြီး တပင်လုံး တဖြည်းဖြည်းနဲ့ ခြောက် သေသွားတာပါ အခေါက်တွေ အလွယ်တကူ ခွါလို့ရမယ် ပြီးတော့ အသီးသီးတဲ့ အပင်ကြီးတွေမှာ ပိုပြီး ဖြစ်မယ်ဆိုရင် guava wilt ပါ ရောဂါဖြစ်စေတဲ့သက်ရှိက စိုထိုင်းဆများပြီး ရေဝပ်သောမြေမှာ ပေါက် လာတဲ့ မြေဆောင် မှိုရောဂါဖြစ်ပြီး အပင်ရဲ့အမြစ်တွေမှာ ခိုအောင်းတွယ်ကပ်ရှင်သန်ပါတယ် တစ်ပင်လုံး ရောဂါကျသေသောအပင် အမြစ်ကအစ မီးရှို့ဖျက်ဆီးပါ လက်ရှိဝါပြီး ညှိုးကျနေသောကိုင်းများ ဖြတ်တောက်ဖျက်ဆီးပါ ရေမဝပ်အောင်ဂရုစိုက်ပါ အပင်ခြေ ထုံးသုတ်ပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သရက်စိုက်ပျိုးနည်း သိချင်တယ် ခုမှစစိုက်မလို့ပါ
ဖြေကြားချက် 1 ခု
ကွန်ပေါင်းဖြေသြဇာကို ကိုဘာသာ လုပ်ခြင်လို့ နည်းလမ်းပေးကြပါဗျ
ဖြေကြားချက် 1 ခု
အကို မင်္ဂလာပါ မော်လမြိုင်ကပါ ကျွဲကောသီးပင် အကြောင်းလေး သိချင်လို့ပါ အသေးစိတ်တင်ပေးပါလား
ဖြေကြားချက် 1 ခု
သရက်အပင်ပေါက်ပျိုးပို့ဘယ်လ်ုမြေနဲ့စိုက်ရမှာလည်းဆရာတို့
ဖြေကြားချက် 1 ခု
သရက်ပျိုးပင်ကိုဘယ်လိုမြေမျိုနဲ့ပျိုးရမလည်း
ဖြေကြားချက် 0 ခု