အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,558
လွန်ခဲ့သော ၆ နှစ် က · တံတားဦး

မြေ ချဥ်ငံကိန်းမှာ ချဥ်နေပြီး စိမ့်မြေလဲဖြစ်နေပါတယ် ဘယ်လိုပြုပြင်လို့ ရလဲ နည်းလမ်းလေး မျှဝေပေးကြပါနော်

ပိုးမွှားရောဂါ ငရုတ်သီး မြေချဉ်ငန်ဓာတ် (pH)

ဖြေကြားချက် ၄ ခု

2,558 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ် အခုလိုရှင်းပြပေးလို့

270,769 လွန်ခဲ့သော ၆ နှစ် က

စိုက်ထားတာဆိုတော့ ထုံးထည့်တယ်ဆိုရင်လည်း မြေမလှန်ရတော့ နှံ့မှာတော့မဟုတ်ဘူးပေါ့။ မြေချဉ်/ငန် ပြင်ရင်တော့ ၁ နှစ် ၂ နှစ်နဲ့တော့ရမှာမဟုတ်ပါဘူးရှင့်။ ဆရာကြီးဦးအေးနိုင်ညွှန်းတဲ့အတိုင်းညွှန်းပေးချင်ပါတယ် သစ်စိမ်းမြေသြဇာနဲ့မြေပြင်တာကတော့ အကောင်းဆုံးပါပဲ။ သီးနှံမစိုက်ခင် တစ်လအလိုမှာ သစ်စိမ်းမြေသြဇာအပင်တွေဖြစ်တဲ့ ပဲမျိုးရင်းဝင်အပင်တွေကို စိုက်ထားပြီး တစ်လကြာ ထယ်မှောက်ပြီးဆွေးအောင်နှပ်ထားလိုက်ပါ။ နောက် ၁၀လောက်ကြာရင် ကိုယ်စိုက်ချင်တဲ့သီးနှံစိုက်ပျိုးနိုင်ပါပြီ။ လိုအပ်တဲ့မြေ pH မရ မချင်း ထုံး/ပိုတက်ဆီယမ် မြေသြဇာထည့်ပြီး ပြင်ပေးပါ။ သစ်စိမ်းမြေသြဇာမှာတော့ ပိုက်ဆံလျှော်က အကောင်းဆုံးလို့ သိရပါတယ်ရှင့်။

2,558 လွန်ခဲ့သော ၆ နှစ် က

စိုက်ခင်းထဲ ထုံးထည့်ပြီးပြုပြင်လို ရလား ငရုပ် စိုက်ထားလို့ပါ

111,325 လွန်ခဲ့သော ၆ နှစ် က

ထုံးထည့်မြေလှန်ပါတယ်။စိမ့်မြေတွေက နွေစိုက်ကွက်ဖော်ကြတာများပါတယ်။မိုးတွင်းဆိုရင်တော့ လယ်စိုက်လို့ရတဲ့မြေရှိတယ်။စိုက်လို့မဖြစ်ထွန်းတဲ့မြေရှိတယ်။မြေအမျိုးစားကို မူတည်ပြီးစနစ်ချရပါတယ်။အဓိကကျတဲ့ ပြင်ဆင်မှုအနေနှင့်ပြောရရင်တော့ မြေအမျိုးစားကို ရွံ့ သဲ နုန်မြေစေး သဲဆန်သောနုန်းမြေ စသည်ဖြင့် ခွဲခြားစိပ်ဖြာကြည့်ရပါ့မယ်။ပြီးမှ အကောင်းဆုံးစိုက်ကွက်ဖြစ်စေရန် ဂေဟရေဆင်းကိုစနစ်ပြုပြင်ရပါတယ်။မိုးရွာလျင် ရေတင်သောအနေထားမျိုးမဖြစ်စေရန် ရေထုတ်မြောင်းများကို ပုံဖော်ရပါတယ်။ရေထုပ်လို့ရနိုင်သော စိမ့်မြေများက ရာသီစော၍ ဆောင်းနှင့်နွေသီးနှံများစိုက်ပျိုးနိုင်ပြီး၊မိုးရာသီတွင်လည်း ရေထုတ်လို့နိုင်ရပါက ကြံ စပါး စသော သီးနှံတို့ကိုစိုက်လို့ရနိုင်ပါသည်။ရေထုတ်ရန် အတော်အသင့်သာ အဆင်ပြေသော စိမ့်မြေများတွင် ရေကဇွန်းများကို စိုက်ပျိုးတတ်ကြပါသည်။သီနှံအမျိုးစားအလိုက် အကောင်းဆုံးအနေထားကို ပြင်ဆင်အကွက်ချရပါမည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။