အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်နောင်စိုး
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

အပင်ပေါက်စိုက်နည်းလေးသိချင်လို့ပါ အပင်ဝါနေရင်ဘာလုပ်ပေးရလည်းသိချင်လို့ပါ

စိုက်ပျိုးနည်း ဒန့်သလွန်
3

ဖြေကြားချက် ၃ ခု

ရန်နောင်စိုး
ရန်နောင်စိုး 2,032 လွန်ခဲ့သော ၆ နှစ် က

၆ပတ်ထက်ပိုpစောစိုက်ရင်ဖြစ်ထွန်းပါသလား

ရန်နောင်စိုး
ရန်နောင်စိုး 2,032 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

ဒန့်ဒလွန်မှာက ကိုင်းကိုစိုက်တာရယ် အစေ့မြေချစိုက်တာရယ် ၂မျိုးရှိပါတယ်။ ဒန့်ဒလွန်စေ့ကမျိုးစေ့ချပြီး ၁ပတ်၂ပတ်အတွင်းမှာ အပင်ပေါက်ပါတယ်။ မျိုးစေ့ကို ဝယ်လို့ရသလို ကိုယ်တိုင်မျိုးစေ့ခံလည်းရပါတယ်။ ပျိုးပြီးစိုက်နိုင်သလို တိုက်ရိုက်ချပြီးလည်းစိုက်နိုင်ပါတယ်။ ပျိုးစိုက်မယ်ဆိုရင် ၆ပတ်အတွင်းမှာ စိုက်ကွင်းကိုပြောင်းစိုက်ရပါမယ်။ ပျိုးပင်တွေကို မိုးပေါက်ရိုက်တဲ့ဒဏ်ကနေလွတ်အောင် ထားရပါမယ်။ ပျိုးအိတ်မှာဆိုရင်တော့ မြေဆွေးနဲ့ မြေကြီးကို ဆတူရောပြီး မျိုးစေ့ကို လက်မဝက်ခန့်ထည့်မြှုပ်ပြီး စိုက်နိုင်ပါတယ်ရှင့်။ မြေချစိုက်တော့မယ်ဆိုရင် မိုးဒဏ်မမိဖို့လိုတယ်။ ဒါကြောင့်မိုးမရွာသေးတဲ့ဧပြီလောက်မှာ ချစိုက်သင့်ပါတယ်။ ဒါမှအပင်သန်မာကြီးထွားနေတဲ့အချိန်မှာ မိုးဒဏ်ကို ခံနိုင်ရည်ရှိနိုင်မှာဖြစ်ပါတယ်ရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။