ဘာဖြစ်တာလဲ
စုပ်စားပိုးကြောင့်ဗိုင်းရပ်ကျတာမျိုးမို့ သဘာဝပိုးသတ်ဆေးအနေနဲ့တော့ တမာပိုးသတ်ဆေး၊ ဓာတုဆေးအနေနဲ့ ပင်လုံးပြန့်၊ ထိသေ အာနိသင်ရှိတဲ့ ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ လူကြီးမင်းရဲ့ အခင်းမှာ အရမ်းမပြန့်ပွားသေးရင်တော့ သဘာဝပိုးသတ်ဆေးအသုံးပြုပါ။ ဖြစ်ပပွားမှုများနေရင်တော့ ဓာတုဆေးသုံးပါလို့အကြံပြုချင်ပါတယ်။ ညနေအခါတွေမှာလည်းစုပ်စားပိုးတွေကိုကင်းထောက်ပြီး ဖယ်ရှားပစ်ပေးပါ။ အဝါရောင်ကော်ထောင်ချောက်တွေလည်း အသုံးပြုနိုင်ပါတယ်။
အဝါရောင် မိုစိတ်ရောဂါလို့ ယူဆပါတယ်ရှင့် ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။စုပ်စားပိုးတွေက တစ်ဆင့်ကူးဆက်နိုင်တာမို့ စုပ်စားပိုးကို နိုင်အောင်လုပ်သင့်ပါတယ်အစ်ကို။တစ်ပင် ၂ နှစ်စဖြစ်ရင် တခြားအပင်ကို မကူခင် ဖယ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မီးရှို့ပစ်သင့်ပါတယ်ရှင့်။ စုပ်စားပိုးနိုင်တဲ့ သဘာဝဆေးတွေ ကြိုတင်ဖျန်းထားနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းပင်ဒီလိုဖြစ်နေလို့။ဘာကြောင့်ဒီလိုဖြစ်တာရယ်ဘယ်လိုလုပ်ရမလဲ အပင်တိုင်းတော့မဟုတ် ခြောက်ရာမှာသုံးလေးပင်လောက်ဘဲ...
ဖြေကြားချက် 2 ခု
ခရမ်းသီးအရွက်ဝါတာဘာဆေးဖျန့်ရမာလည့်ဗျ
ဖြေကြားချက် 3 ခု
ဝရံတာစိုက်ခင်းပါ။ ရုံးပတီ ခရမ်းသီးပင်တွေ အခုလို ဖြူဖြူ အဖတ်တွေကပ်ပီး လှီလာပီး သေကုန်ကြလို့ အဖတ်မတင်ပါ။ နည်း...
ဖြေကြားချက် 1 ခု
ဘယ်လိုစိုက်ရမလည်း
ဖြေကြားချက် 2 ခု
တဇောင်းလက်ပတ်
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။