အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၅ ခု

872 လွန်ခဲ့သော ၆ နှစ် က

ဈေး ကြတော့ ဘယ်ဈေးလောက် ရလဲ အကို ထွက်နှုန်းရော

1,104 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲပါ

1,104 လွန်ခဲ့သော ၆ နှစ် က

ကျနော်ကတော့မျိုးကိုနေပြည်တော်မှာမှာတာဗျ

872 လွန်ခဲ့သော ၆ နှစ် က

အကို ဆင်းရတနာ မျိုးက ဘယ်လို လဲ ဗျ မျိုးကွဲတွေလား မျိုးစေ့ရော လွယ်လွယ်ရလား စိတ်ဝင်စားလို့ပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နောက်စိုက်ပျိုးရာသီမှာ အပင်မှုန်းတာကောင်းကောင်းလုပ်ပေးပါလား။အပင်တွေတအားကျပ်နေတာကြောင့် ကိုင်းဖြာမှုလည်းနည်း..သီးတောင့်လည်းနည်းနေတာတွေ့ရတယ်။မြေအနေအထားကနှမ်းဖြစ်မဲ့မြေမျိုးပါ။တန်ကြား၁၅လက္မနဲ့အပင်မှုန်းတဲ့အခါတစ်မြုံကိုအသန်ဆုံး၂ပင်/၃ပင်ဘဲထားပေးပါ။တစ်ပေကို၃မြုံနှုန်းပေါ့။အစိုဓာတ်လည်းဖြည့်ပေးနိုင်မယ်ဆိုရင် ၁၀တင်းမှ၁၅တင်းအနည်းဆုံးထွက်နိုင်ပါတယ်။ဆင်းရတနာ၁၄ကအညာဒေသအတွက်အကောင်းဆုံးပါ။အခင်းကတော့ သီးရှင်းစိတ်ပါတယ်။ကောင်းပါတယ်။၇တင်းနဲ့၁၀တင်ကြားထွက်နိုင်ပါတယ်။ရိတ်သိမ်းခြွေလှေ့ပြီးရင်နှမ်းရိုးတွေကိုနွားစာစဥ်းစက်နဲ့ပိုင်းဖြတ်ပြီး စိုက်ခင်းထဲပြန်ထည့်ပေးပါ။ပိုတက်ရ်ှဓာတ်တွေ စိုက်ခင်းအတွက်လုံလောက်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အကြံလေးပေးကြပါအုံးဆရာတိုနှမ်းပင်တွေညှိုးကြနေတယ်ဘာကြောင့်လဲ မေး1ရက်နေကအားဆေးဖျန်းထားတယ်မေ3ရက်နေမိုးရွာတယ်ယနေမေ5...

ဖြေကြားချက် 3 ခု

နမ်းစိုက်ပျိုးလို့ဈေးကွက်ကောင်းကောင်းရှိနိုင်ပါသလားခင်ဗျာ ဘယ်နမ်းမျိုးကဈေးကောင်းရနိုင်ပါသလဲ

ဖြေကြားချက် 3 ခု

နှမ်းကို စိုက်ကြောင် ထဲထည့်မယ်လို့ အဆင်ပြေမလာ မြေကြီအခြောက်ထဲမှ မြေခံ ၁၅ ပတ်လည် ထည့်လို့ရမလာ

ဖြေကြားချက် 6 ခု

နှမ်းထွက်တိုးကောင်းအောင် ဘာတွေသုံးဆွဲးရမယ်ဆိုသာအကြံပြုကြပါအုန်

ဖြေကြားချက် 1 ခု

အပွင့်တွေခြောက်​နေလို့အသီးလဲအတင်နည်းနေတယ်ဘာလုပ်သင့်လဲလမ်းညွန့်ပေးကြပါအုန်းဆရာတို့

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။